" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

ရခိုင် ပထမရက်တိုက်ပွဲအတွင်း စခန်းတချို့သိမ်းပိုက်ရရှိ ထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားဟု AA အတည်ပြု

Narinjara News
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ပထမရက် ရခိုင်စစ်ပွဲ အတွင်း စစ်ကောင်စီတပ်စခန်း တချို့ ကို သိမ်းပိုက် ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားသည်ဟုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ် တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ ထုတ်ဖော်ပြောဆိုသည်။
"ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်နေတာတော့ ရှိတယ်ဗျ။ စခန်းတချို့ သိမ်းပိုက်ရရှိထားတာလည်းရှိတယ်။ တချို့ နေရာတွေမှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ ရှိတယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာလည်း ရှိတယ်လို့တော့ သိရတယ်။ အခြေအနေအသေးစိတ်တွေကို ညနေဘက်လောက်မှ အချက်အလက် တွေ အကုန်ရပြီးတော့မှ ထုတ်ပြန်သွားဖို့ရှိပါတယ်" ဟုပြောသည်။

စခန်းသိမ်းပိုက်ရရှိမှု နှင့် အရာရှိဘယ်နှစ်ဦး ဖမ်းဆီးမိထားသည်တို့ကိုမူ အသေးစိတ်ဖြေကြားခြင်း မရှိခဲ့ပါ။

ယနေ့ နံနက် ၅ နာရီအချိန်ခန့်က ရသေ့တောင် နယ်ခြားစောင့်စခန်းများ ဖြစ်သည့် ချိန်ခါလီ စခန်းနှင့် ဒုံးပိုက် စခန်း ၂ခုကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ယခု အေအေက သိမ်းပိုက်သွားသည့် စခန်းနှစ်ခုသည် ရသေ့တောင်မြို့နယ်တောင်ပိုင်း အငူမော်- မောင်တော ကားလမ်းပေါ်တွင် တည်ရှိသည်။

ယင်းအပြင်မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီး ရှိပြည်ထောင်စုကားလမ်းမကြီးတွင် သွားလာနေ သည့် စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ လိုက်လံတိုက်ခိုက်ရာမှနှစ်ဘက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားနှစ်စီး မီးလောင်သွားကာ တပ်ဖွဲ့ဝင်တချို့ အဖမ်းခံ ခဲ့ရသည်ဟု သိရသည်။

မြောက်ဦးမြို့တွင်လည်း သေနတ်ပစ်ခတ်မှု ဖြစ်ပွါးပြီး သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။ သို့သော် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

လက်ရှိမှာ တိုက်ပွဲအခြေအနေများကြောင့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရ သေ့တောင် စသည့်မြို့နယ်များတွင် စျေး နှင့် ကျောင်းများကို ပိတ်ထားရပြီး စစ်တပ်ကလည် ရခိုင်ပြည် နယ်အတွင်းမှ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားသည့်အတွက် ခရီးသွားတချို့ ပိတ်မိနေကြောင်း သိရသည်။ (NN-7)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */