" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 24, 2023

လိုင်လင်းပီမြို့စစ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ သိမ်းပိုက် လိုင်လင်းပီစခန်းသိမ်းတိုက်ပွဲတွင် သိမ်းယူနိုင်ခဲ့ သော လက်နက်ခဲယမ်းများ

မဇ္ဈိမ
24 November 2023

လိုင်လင်းပီစခန်းသိမ်းတိုက်ပွဲတွင် သိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ

မြန်မာ -အိန္ဒိယနယ်စပ်ရှိ မတူပီမြို့နယ် လိုင်လင်းပီမြို့စစ်စခန်းကို ယနေ့နိုဝင်ဘာ၂၄ရက်နေ့ နံနက် ၃ နာရီ ခန့်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ် များထံမှ သိရသည်။

လိုင်လင်းပီမြို့အခြေစိုက်စစ်စခန်းကို ချင်းအမျိုးသားတပ်မတော် ( CNA) ၊ CDF-Mara၊ CDF-Matupi၊ CDF-Lautu၊ CDF-Zophei တို့ကနိုဝင်ဘာလ ၁၉ရက်နေ့တွင်စတင်တိုက်ခိုက်ခဲ့ပြီးယနေ့  သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။အဆိုပါ စစ်စခန်းသည် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၃၀၄) လက်အောက်ခံစခန်းဖြစ်သည်။

‘’သေနတ်တောင်မပစ်ကြဘူး။မနက်အစောပိုင်းမှာပဲ စခန်းမှာရှိတဲ့စစ်ကောင်စီတပ်တွေက အလံဖြူ ထောင် ပြီး စက်လှေတွေနဲ့ထွက်ပြေးသွားကြတယ်။သေနတ်တွေတော့ယူသွားကြတယ်။ဒါပေမယ့် ပူးပေါင်းအဖွဲ့တွေကတော့ကျည်ဆံနဲ့ လက်နက်ခဲယမ်းတွေတော်တော်လေးရလိုက်တယ်’’ဟု ယနေ့ နံနက် အခြေအနေကို မြေပြင်ရှိသတင်းရင်းမြစ်တဦးက ပြောသည်။

လိုင်လင်းပီစခန်းစတင်တိုက်ခိုက်ခံရသည့် နေ့မှစတင်ပြီး စစ်ကောင်စီက လေကြောင်းမှ နေ့စဉ် လာ ရောက်တိုက်ခိုက်သဖြင့် အရပ်သား လေးဦးသေဆုံးပြီး၊နေအိမ်များ၊ဘုရားကျောင်း၊ အဆောင်များ ထိ ခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ဒုတိယလပတ်မှ စ၍စစ်ကောင်စီစခန်းများကိုချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အရှိန်မြှင့်တိုက်ခိုက်ခဲ့သည်။လက်ရှိအချိန်တွင် CNA နှင့်ဒေသခံကာကွယ်ရေး တပ် များ သည် ရိဒ်ခေါဒါရ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခု၊ ဖလမ်းမြို့ရှိ သီးဘွာလ်စစ်ကောင်စီ စခန်း၊ကလေး-ဖလမ်း ကားလမ်မပေါ်ရှိ ဗါရ်းစစ်ကောင်စီတပ်စခန်း၊တီးတိန်မြို့နယ်ရှိကနေဒီစစ်စ ခန်း နှင့်ယခုလိုင်လင်းပီစခန်းတို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။

စာတည်း - အေးချမ်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */