" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 29, 2023

အရေးပါတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်၊ ခလရ ၁၂၅ တရင်းလုံးလက်နက်ချလို့ MNDAA ပြော

VOA
ဇော်ဝင်းလှိုင်
၂၉ နိုဝင်ဘာ၊ ၂၀၂၃ 

ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင် လက်နက်များသိမ်းဆည်းမိခဲ့ကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာလ ၂၇၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကုန်ကြမ်းမြို့နယ်ထဲကအရေးပါတဲ့တပ် စခန်းတခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းယူလိုက်ပြီး ဒီဒေသမှာ အခြေစိုက်တဲ့ ခလရ ၁၂၅ တပ် ရင်း ကလည်း လက်နက်ချခဲ့ကြောင်း MNDAA က သတင်း ထုတ်ပြန်ထားပါတယ်။ 

လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲပြင်းထန်တာမရှိဘဲ ကြိုးကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အ ခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၃၄ ရက်ကြာမြင့်လာချိန်အထိ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။ လတ်တလောမှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေ သ ကုန်းကြမ်းနဲ့ လောက်ကိုင်မြို့နယ်၊ မူဆယ်မြို့နယ် ၁၀၅မိုင်၊ ကွတ်ခိုင်မြို့နယ် မုံးစီ၊ နမ့်ခမ်း၊ကျောက် မဲ စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဒီလ ၂၇ ရက်နေ့ညနေပိုင်းမှာတော့ ကိုးကန့် ရှင်းဝမ့်ဒေသ ကုန်းကြမ်း ရှင်းကိုင်းနေရာက တပ်စခန်းတ ခု ကို သိမ်းပိုက်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဒီ ရှင်းကိုင်းတပ်စခန်းဟာ နှစ်ပေါင်း ၃၀ကျော် အခိုင်အ မာ ရပ်တည်ခဲ့တဲ့စခန်းဖြစ်ပြီး ကွမ်းလုံလို သမိုင်းဝင်အောင်မြင်မှုတခုဖြစ်ကြောင်း VOA ကို အခုလို ပြောပါတယ်။

“ကုန်းကြမ်းကတော့ ကွမ်းလုံကဲ့သို့ သမိုင်းဝင်အောင်မြင်မှု နောက်တခု ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့ နော်။ ၁၉၆၀ ကျော်တည်းက သူတို့က ကုန်းကြမ်းဘက်ကို ထိုးဖောက်လာတာရှိတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်မှာ ကုန်ကြမ်းတောင်ကုန်းမှာ စခန်းခိုင်ခိုင်မာမာတည်ဆောက်ခဲ့တယ်။ ၁၉၉၂ နောက်ပိုင်း ဒီကိုး ကန့်ဒေသမှာ ဒီတိုက်ပွဲတွေ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ရှိခဲ့ပါစေ။ ကုန်းကြမ်းကိုတော့ သူတို့က ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်တဲ့အနေအထားတော့ ရှိခဲ့တယ်ပေါ့နော။ သူ့ရဲ့ စခန်းကုန်းက ဒီ ကွမ်း လုံ လိုမျိုးခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ စခန်းကုန်းဖြစ်တယ်။” 

ကိုးကန့်ဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုကို ထပ်သိမ်းလိုက်ကြောင် MNDAA က အသိပေး။ (ဓာတ်ပုံ-The Kokang)

ရှင်းဝမ့်ဒေသဟာ ကုန်းကြမ်းမြို့နယ်ဘက်ကိုဆိုလိုတာဖြစ်ပြီး ရှင်းကိုင်းကတော့ ဈေးသစ်လို့ အဓိပ္ပါယ် ရရှိတာ ဖြစ်ပါတယ်။ ဒီလ ၂၈ ရက်နေ့မှာတော့ ကုန်းကြမ်းမြို့နယ်မှာရှိတဲ့ ခလရ ၁၂၅တပ်ရင်းကလက် နက်ချခဲ့ပြီး သတင်း အသေးစိတ်ကိုတော့ စိစစ်နေဆဲဖြစ်ကြောင်းနဲ့ လောက်ကိုင်ဘက်မှာ တိုက်ပွဲတွေ ကြိုးကြားရှိနေဆဲဖြစ်ကြောင်း လီကျာဝင်းက ဆက်ပြောပါတယ်။

“ခလရ ၁၂၅ အလင်းဝင်လာတဲ့ လူဦးရေတို့၊ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေတို့ကအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးဗျနော။ ကျနော်တို့ စာရင်းပြုစုပြီးရင်တော့ သတင်းအနေနဲ့ ထုတ် ပြန်သွားမှာပါ။ လောက်ကိုင်ဘက်မှာတော့ အခုလောလောဆည် တိုက်ပွဲ ပြင်းပြင်းထန်ထန်တော့ မရှိ ဘူး။ ဒီတိုင်း နှစ်ဘက် ကြိုးကြား ကြိုးကြား ပစ်ခတ်မှုတွေတော့ ရှိပါတယ်ဗျနော။”

ဒီရက်ပိုင်းမှာတော့ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ပြည်သူ ၃သောင်းလောက်ဟာ ချင်းရွှေဟော်ကနေ နမ့်တစ်နဲ့ လားရှိုးဘက်ကို ထွက်ခွာနေကြပါတယ်။

MNDAA ရဲ့ လူမှုကွန်ရက်သတင်းစာမျက်နှာမှာတော့ လောက်ကိုင်မြို့နယ် တာရွှေထန်ဒေသမှာဒုဗိုလ် မှုး ကြီးအဆင့် ခလရ ၆၉က တပ်ရင်းမှုးကို ဖမ်းဆီးမိကြောင်းနဲ့ ကျောက်မဲမြို့နယ်တိုက်ပွဲမှာ ခမရ ၅၇၉ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး တဦး ကျဆုံးကြောင်း သတင်းဖော်ပြတာတွေ ရှိပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းမြောက်ဒေသ ကုန်းကြမ်း ဘက် မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်းနဲ့ MNDAA က လောက်ကိုင်မြို့ကို ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း ဒီလ ၂၈ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။


ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နောက် အောက်တိုဘာလ ၃၀ရက်နေ့က ခလရ ၁၄၃ က ဒုတပ်ရင်းမှုးဦးဆောင်ပြီး လူ ၄၃ ဦးလက်နက်ချခဲ့ကြောင်းနဲ့ နိုဝင်ဘာလ ၁၂ရက်နေ့မှာ ခမရ ၁၂၉ က တပ်ရင်းမှုးဦးဆောင်ပြီး စစ်သည် ၁၂၁ ဦးလက်နက်ချခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့ ပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ သူတို့တပ်အကြား နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီလ ၂၈ရက်နေ့ ညနေပိုင်းက TNLA သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သတင်းထပ်မံ ထုတ်ပြန်တာမရှိသလို TNLA ပြန်ကြားရေး တာဝန်ရှိသူတွေကို ဆက် သွယ်ရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */