Monday, December 4, 2023

မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်

DVB
December 4, 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ အာဏာသိမ်းကောင်စီတပ်စခန်းအားလုံးအား KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ ၃၊ မူး (မုန်း)မြို့ပေါ်ရှိ စစ်ကောင်စီ ခမရ ၅၉၉၊ ခမရ ၅၉၀၊ မုန်းမြို့မ ရဲစခန်းနဲ့ တံတားထိပ်ဂိတ်စခန်း တို့အား သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါစခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ် ရင်း တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီ မိနစ် ၄၀ လောက် က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက် ဒီနေ့ ညနေ ၅ နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၁၅၀၀ လောက်က နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

အဆိုစခန်းတွေရှိ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုအား ပစ်မှတ်ထား ပြီး ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီး တွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့လည်း အခက်အခဲကြုံ နေကြရတာကြောင့် KNIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် ချေမှုန်းရတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အဆင့်အပါ အ ဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */