" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 9, 2023

ပလက်ဝမြို့နယ် နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် အေအေက သိမ်းပိုက်

DVB
December 8, 2023
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်း မှာ ရက္ခိုင်တပ်တော် (အေအေ)က သိမ်းပိုင်ရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါ တယ်။

နှုံးဘူးဗျူဟာကုန်းကို အေအေက ဒီဇင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်မှာ သိမ်းပိုက် ထား လိုက်တာလို့ အေအေနဲ့ နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး အရေအတွက် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်ဘက်က ရက်ပေါင်း ၂၀ ကျော် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စစ် ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်ခုခံခဲ့တဲ့ကြားက သိမ်း ပိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။

ပလက်ဝမြို့နယ် တရွန်အိုင်ဗျူဟာကုန်းကိုလည်း ဒီဇင်ဘာ ၄ ရက်နေ့မှာ ရက္ခိုင်တပ်တော် (အေအေ) က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်း ပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ အေအေက ထုတ်ပြန်ထားပါတယ်။ 
 
Link : Here

 


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */