" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 9, 2020

Frontier Myanmar က သတင်းသမားနှစ်ဦးFrontier Myanmar လူ့အခွင့်အရေး စာနယ်ဇင်းထူးချွန်ဆု ချီးမြှင့်ခံရ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 ေမ၊ 2020  
မြန်မာနိုင်ငံအခြေစိုက် Frontier Myanmar သတင်းအယ်ဒီတာချုပ် Thomas Kean နဲ့ သတင်းဓာတ်ပုံဆရာ ခွန်လတ်တို့ဟာ ၂၀၂၀ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ စာနယ်ဇင်းထူးချွန်ဆုတွေ ချီးမြှင့်ခံရပါတယ်။

အာရှတလွှားက လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ သတင်းရေးသားပေးပို့ချက်တွေကို အခြေခံပြီး ဒီဆုကို ရွေးချယ် ချီးမြှင့်တာပါ။ Frontier Myanmar သတင်းအယ်ဒီတာချုပ် Thomas Kean ကပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ဝေခဲ့တဲ့ Frontier မဂ္ဂဇင်းထဲမှာ Born Illegal: Detained Rohingya children are victims, not criminals ဆိုတဲ့ ခေါင်းစဉ်နဲ့ အယ်ဒီတာ့အာဘော်ဆောင်းပါးအတွက် ဆုချီးမြှင့်ခံရတာဖြစ်ပါတယ်။

ဓာတ်ပုံဆရာ ခွန်လတ်ကတော့ Jade Crisis လို့ နာမည်ပေးထားတဲ့ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းတွေနဲ့ ပတ်သက်ပြီး သူရိုက်ထားတဲ့ သတင်းဓာတ်ပုံအတွက် ဆုချီးမြှင့်ခံရတာပါ။

ဒီဆုကို ဟောင်ကောင်က နိုင်ငံခြားသတင်းထောက်များအသင်း၊ Amnesty International လို့ခေါ်တဲ့နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့၊ ဟောင်ကောင်အဖွဲ့ခွဲနဲ့ ဟောင်ကောင်သတင်းထောက်များအဖွဲ့က ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

လူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ပိုပြီးတော့ လေးစား လိုက်နာလာဖို့နဲ့ လူတွေရဲ့ လွတ်လပ်ခွင့်တွေကို ခြိမ်း ခြောက်လာနေတဲ့ အရာတွေကို အာရုံစိုက်လာစေဖို့အတွက် ရည်ရွယ်ပြီး ဒီဆုကို ချီးမြှင့်လာခဲ့တာဟာ အခုဆိုရင် ၂၄ ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */