BBC
၂၈ နိုဝင်ဘာ ၂၀၂၄
၇၉ ကြိမ်မြောက် ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စတိုးမြှင့်လုပ်ဆောင်ရေးအတွက် ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့နဲ့ အတူ စက်တင်ဘာ ၂၆ ရက်မှာ ဆွေးနွေးပွဲ ပြုလုပ်နေတဲ့ ဦးအောင်ကျော်မိုး
မြန်မာစစ်တပ်ကို ရိုဟင်ဂျာအရေးကနေ ပိတ်ဆို့ဒဏ်ခတ် အရေးယူနိုင်မယ်ဆိုရင် ဒါက တစ်နိုင်ငံလုံးရဲ့ အောင်ပွဲဖြစ်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဘီဘီစီကို ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တရားသူကြီးတွေကို ICC ရှေ့နေက တောင်းဆိုခဲ့တာပါ။
“ ICC ရှေ့နေအဖွဲ့နဲ့ ခုံရုံးရဲ့ လတ်တလော ကမ္ဘာ့အရေးတွေမှာ လူသားမျိုးနွယ်ကို ပစ်မှတ်ထား ကျူး လွန်တဲ့ ရာဇဝတ်မှုတွေအတွက် ခုံရုံးရဲ့ အခွင့်အာဏာနဲ့အညီ လက်သံပြောင်ပြောင် ကိုင်တွယ်နေတာတွေ ရှိနေတော့ စစ်ခေါင်းဆောင် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ဖို့ ဆိုတာကလည်း ဖြစ်လာနိုင်တဲ့ အနေ အထားလို့ ပြောလို့ရတယ်” လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
ရိုဟင်ဂျာပေါင်းများစွာရဲ့ အသက်၊ သွေးချွေး ဥစ္စာပစ္စည်းတွေအပြင် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာပြည်သူတွေ နိုင်ငံတွင်းကနေ ထွက်ပြေးတိမ်ရှောင်ခဲ့ရပြီးမှ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ကမ္ဘာက ခြေရာခံမိတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
မြန်မာစစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတိုင်းကို တာဝန်ခံခိုင်းဖို့နဲ့ ကျူးလွန်ခံရသူတိုင်းအတွက် တရားမျှတမှုရဖို့ လုပ်ကိုင်နေတာဖြစ်လို့ မြန်မာစစ်တပ်အနေနဲ့ အရင်ကလို အရေးယူအပြစ်ပေးခံရမှုကနေ ကင်းလွတ်နေသလို ဖြစ်နေမှာ မဟုတ်ဘူးလို့ ဦးအောင်ကျော်မိုးက ဘီဘီစီကို ပြောပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ် စွဲချက်တွေ၊ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရတာတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ ICC အမှုလိုက်ရှေ့နေရုံးက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment