VOA
ဗွီအိုအေ (မြန်မာဌာန)
ဝင်းမင်း
14 ဇန္နဝါရီ၊ 2021
NLD ပါတီရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသည့် ထောက်ခံသူများ။ (၉ နိုဝင်ဘာ ၂၀၂၀)
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကိုဖိနှိပ်တဲ့ဥပဒေတွေကို ပြင်ဆင်၊ဖျက်သိမ်းဖို့နဲ့ လက်တွေ့ ချိုးဖောက်မူတွေ ဆက်မဖြစ်စေဖို့ လုပ်စရာ အများကြီးကျန်နေသေးတယ်လို့လည်း HRW က ပြောပါတယ်။
အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှုး Phil Robertson ကို မနေ့က ထုတ်ပြန်တဲ့ဒီအဖွဲ့အစီရင်ခံစာနဲ့ဆက်စပ်ပြိး၊ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒုညွှန်မူးRobertson က အခုနှစ်ကုန်အစီရင်ခံစာပြင်ဆင်ခဲ့ရမှာ၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မူ ပြင်းပြင်းထန်ထန် ဆက်ရှိနေတာတွေ့ခဲ့ရကြောင်းထောက်ပြပြီး အခုလိုစရှင်းပြပါတယ်။
“မြန်မာနိုင်ငံမှာ အဓိက ကျွန်တော်တို့ စိုးရိမ်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၁၅ ခုနှစ်မှာ အာ ဏာစရလာပြီးကထဲက လူ့အခွင့်အရေးပြဿနာတွေအပေါ် လျစ်လျူရှုလာ ခဲ့ပါတယ်။ အခုပြီးခဲ့တဲ့နှစ် နို ဝင်ဘာကပဲ ရွေးကောက်ပွဲ ထပ်အနိုင်ရလိုက်ပြန်တော့ ဒီအတွက် အသစ်ပြန်စဖို့အခွင်အလမ်းရှိလာချိန်မှာ၊ လူ့အခွင့်အရေးကိစ္စတွေ တကယ်ကိုအလေးပေးပြီး၊ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေကျင့်သုံးနေ သူတွေ၊ ဒီလွတ်လပ်စွာထုတ်ဖော်နေသူတွေ၊ လွတ်လပ်စွာစုဝေးနေသူတွေ၊ အင်တာနက်မှာဖွင့်ဟနေ သူတွေ ကို အရေး ယူအပြစ်ပေးတာတွေရပ်တန့်သင့်ပါပြီ။”
ဒါ့အပြင် Robertson က ဆက်ပြီး အခုလွှတ်တော်သစ်မှာ ဒီကြီးကြီးမားမား ရွေးကောက်ခံအခွင့်အလမ်းသစ်ကို စသုံးသင့်ပြီလို့ အကြံပြုပါတယ်။
“သိသာစွာပဲ လွှတ်တော်အသစ်လဲစတော့မှာဆိုတော့၊ NLD အစိုးရအနေနဲ့ အများစုလွှတ်တော်နေရာ ကြီးကြီး မားမားရထားတာကို အသုံးပြုပြီး၊ အရင် နဝတ၊ နအဖ စစ်အုပ်ချုပ်မူကတည်းက ရှိလာတဲ့၊ ဒီ လူ့အခွင့်အရေး ချိုးနှိမ်တဲ့ဥပဒေတွေတချိုကို ရုပ်သိမ်းဖို့ အခွင့်အလမ်းသစ်လဲပေါ်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင် လည်း အခုလို ဥပဒေအပြောင်းအလဲတွေအတွက် အစိုးရကို တောင်းဆိုခဲ့ပါတယ်၊ ဒီဥပဒေတွေ ပြန်သုံးသပ်ပြီး၊ ရုပ်သိမ်းပယ်ဖျက်တာတွေလုပ်ပေးလိုက်ရင်၊ ရှေ.မှာ ဆက်ဖိနှိပ်ဖို့ သုံးစရာ ဥပဒေတွေ မရှိနိုင်တော့ဘူးလေ။”
ဒီနေရာမှာ လက်ရှိဖိနှိပ်ဖို့အသုံးများနေတဲ့ ဆက်သွယ်ရေးဥပဒေတွေ၊ မတရားအသင်း ဆက်သွယ်မူ ဥပဒေနဲ့ အကြည်အညိုပျက်မူဆိုင်ရာဥပဒေတွေကို ပြန်သုံးသပ်ပြင်ဆင်ပယ်ဖျက်တာတွေ အမြန်လုပ်သင့်တယ်လို့ သူ က ဆက်အကြံပြုပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မလုပ်ပေးနိုင်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်း ပပေးဖို့လည်း၊ အခုလွှတ်တော်သစ်မှာ ပြင်ဆင်မူတွေလုပ်သင့်တယ်လို့ ခုလိုရှင်းပြပါတယ်။
“ကျွန်တော်တို့ တကယ့်ကို မျှော်လင့်နေပါတယ်၊ နိုဝင်ဘာ ၈ ရက်တုန်းက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ နေ ရာဒေသတွေမှာ ရွေးကောက်ပွဲ မကြာခင်အမြန်ဆုံး ပြန်ကျင်းပပေးဖို့ မျှော်လင့်နေပါတယ်။ ဒီဒေသတွေ အများ ကြီးမှာ လူတွေအများကြီး မဲပေးခွင့်ဆုံးသွားတာမို့ အများကြီး စိုးရိမ်မူတွေရှိနေတယ်လို့ ထင်ပါတယ်။ တကယ် က လူတိုင်းမှာ ဒီရွေးကောက်ပွဲကတဆင့် ကိုယ်စားပြုမယ့်သူနဲ့ အစိုးရကို ရွေးချယ်ပိုင်ခွင့်၊ ကိုယ်တိုင် လည်းရွေး ချယ်ခံပိုင်ခွင့်၊ သူတို့အမြင်တွေကို သူတို့ရွေးချယ်ထားသူတွေက တဆင့်နဲ့ ကိုယ်စားမဲခွဲပြသခွင်ေ့တွ ရှိသင့်ပါ တယ်။”
ဒီနေရာမှာ မဲပေးခွင့်နဲ့ ရွေးချယ်ခံပိုင်ခွင့်၊ ရွေးကောက်ပွဲကပ်ပြီးမှ ဆုံးရှုံးခဲ့တဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း အတွက် လည်း ပြန်စဉ်းစားပေးသင့်တယ်လို့ Robertson က ထောက်ပြခဲ့ပါတယ်။ ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်မခံထားပါဘူး။
ဒါအပြင် ပြီးခဲ့တဲကာလအတွင်း အကျဉ်းသားလွှတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူတွေကို ဖမ်း ဆီး တာတွေ များလာတာခဲ့တာအတွက်လည်း Robertson က
“ကျွန်တော်တို့အနေနဲ့ တက်ကြွလှုပ်ရှားသူအားလုံး သူတို့အခွင့်အရေးကိုသုံးပြီး၊ သူတို့အမြင်တွေကို ငြိမ်းငြိမ်း ချမ်းချမ်း ဖော်ထုတ်တာကနေ အဖမ်းခံနေရတာတွေအတွက် စိုးရိမ်မူရှိပါတယ်။ ဒီနေရာမှာ လက်ရှိအရေး ယူခံ ထားရတဲ့ ရခိုင်က တက်ကြွလှုပ်ရှားသူတွေလည်းပါပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆိုတာကြောင့် အခုအရေးယူခံထားရတဲ့ ဘကသ ကျောင်းသားတွေလည်း ပါပါတယ်။”
တချိန်ထဲမှာ မငြိမ်းချမ်းနိုင်သေးတဲ့ တိုင်းရင်းသားနယ်မြေက စစ်ပွဲတွေအတွင်း၊ အပစ်မဲ့အရပ်သားတွေ ထိခိုက် ဖမ်းဆီးခံရမူတွေအတွက်လည်း Robertson ကဆက်ပြီး
“တပ်မတော်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဥပမာ ရခိုင်တပ်နဲ့ဖြစ်တဲ့စစ်ပွဲတွေမှာ အထိန်းအကွပ်လုံးဝ မရှိ ဘူးဖြစ်နေပါတယ်။ မြန်မာတပ်မတော်က ဥပဒေအပေါ်မှာလိုမျိုး ပြုမူနေပါတယ်။ ဒါက လက်ခံပေးလို့မရပါ ဘူး။ မြန်မာတပ်မတော်အနေနဲ့ ဒီဒေသတွေမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့လိုပါတယ်။ နောက် ဒီလူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကိုလည်း အရေးယူအပြစ်ပေးဖို့လိုပါတယ်။”
Robertson က ဆက်ပြီး အခုလို တပ်မတော်ဖက်က တာဝန်ယူတာဝန်ခံမူရှိလာဖို့ အရပ်သားအစိုးရအနေနဲ့ လက်ရှိကြီးကြီးမားမားရလိုက်တဲ့ ရွေးကောက်ပွဲရလဒ်အားနဲ့ ကြိုးပမ်းထိန်းကွပ်ပေးသွားသင့်တယ်လို့ အကြံ ပြုခဲ့ပါတယ်။
Link : Here

No comments:
Post a Comment