" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 29, 2022

ရိုဟင်ဂျာ ဒုက္ခသည်တွေ ယာယီ ခိုလှုံရေး စီစဉ်ပေးဖို့ အာချေး အစိုးရကို တောင်းဆို

VOA
ဗွီအိုအေမြန်မာပိုင်း
၂၉ နိုဝင်ဘာ၊ ၂၀၂၂

Indonesia Rohingya Refugees
 

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေး ဒေသကို မကြာခင်ရက်ပိုင်း အတွင်း ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ယာယီခိုလှုံရေး နေရာတခု စီစဉ်ပေးဖို့ ဗဟို နဲ့ ပြည်နယ်အစိုးရ တို့ကို ဒေသဆိုင်ရာ အကူ အညီပေးရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ Lhoksukon မြို့ အစိုးရရုံးရဲ့ရှေ့မှာ ဒုက္ခသည် ၁၁၁ ဦး ဟာ ကြာသပတေးနေ့ကတည်းက နေထိုင်နေကြပါတယ်။


သူတို့ဟာ Aceh ပြည်နယ် မြောက်ပိုင်းကမ်းခြေကို ဒီလ နိုဝင်ဘာ ၁၅ ရက်နေ့က စက်လှေနဲ့ ရောက်ရှိလာကြပါ တယ်။ ဒုက္ခသည်တွေ အရေး တုံ့ပြန်ကိုင်တွယ်ရေးမှာ ဗဟိုနဲ့ ဒေသဆိုင်ရာ အစိုးရတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒုက္ခသည် အခွင့်အရေး ကာကွယ်ရေး အဖွဲ့ အကြီးအကဲ Atika Yuanita Paraswaty က တိုက်တွန်းပါတယ်။ အခုအချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ အစိုးရက တာဝန်မယူဘဲ ရှောင်လွှဲနေပါတယ်လို့ သူမက ဗွီအိုအေကို ပြောပါတယ်။

ကျေးရွာ အကြီးအကဲ က ဒုက္ခသည်တွေကို ဘာသာရေး အဆောက်အအုံ တခုမှာ ကနဦး အနေနဲ့ ယာယီ နေရာ ချထားပေးခဲ့တာပါ။ ဒါပေမဲ့လည်း ရွာခံတွေက ဒုက္ခသည်တွေကို အစိုးရက တာဝန်ယူဖို့ တောင်းဆိုခဲ့ကြပြီး သူတို့ ကို မြောက်ပိုင်း အာချေး ဒေသ အုပ်ချုပ်ရေးရုံးတွေဆီ ခေါ်သွားခဲ့ကြပြီး ဒုက္ခသည်တွေ အဲဒီမှာ တည အိပ်ခဲ့ရပါ တယ်။

နောက်ပိုင်းမှာတော့ မြောက်ပိုင်း အာချေး ဒေသဆိုင်ရာ ဘေးဒုက္ခ တုံ့ပြန်ဆောင်ရွက်ရေး ရုံးရှေ့ကို ရောက်သွား ကြ ပါတယ်။ မြောက်ပိုင်း အာချေး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေး ဌာန အကြီးကအဲ Hamdani က ဒုက္ခသည်တွေ အနေနဲ့ Lhokseumawe မြို့က လူဝင်မှုကြီးကြပ်ရေး ရုံးဟောင်းမှာ ယာယီ နေထိုင်ခွင့် ပြုထား ကြောင်း ပြောပေမဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တနလာၤနေ့ထိ ဒုက္ခသည်တွေဟာ အုပ်ချုပ်ရေး ရုံးဝန်းထဲကနေ မရွှေ့ပြောင်းရသေးပါဘူး။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */