RFA
RFA Burmese
2024.12.27
သီရိလင်္ကာရေတပ်က ကယ်တင်ထားတဲ့ မြန်မာပြည်က ရိုဟင်ဂျာ ဒုက္ခသည် ၁ဝ၃ ဦးကို လေတပ်စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကလေး ၄၅ ဦးနဲ့ အမျိုးသမီး ၂၄ ဦးအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၁ဝ၃ ဦးကို သီရိလင်္ကာရေတပ်က ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ကယ်တင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က သူတို့ကို မီရီဟာနာ ထိန်းသိမ်းရေးစခန်းကို ပို့ဖို့ တရားရုံးက အမိန့်ချခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
မီရီဟာနာ ထိန်းသိမ်းရေးစခန်းမှာ နေရာလွတ်မရှိတာကြောင့် သီရိလင်္ကာနိုင်ငံ အရှေ့မြောက်ပိုင်းက Mullaitivu မှာရှိတဲ့ လေတပ်စခန်းမှာ ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ပင်လယ်ပြင်မှာ မျောနေတဲ့ လှေတစ်စီးကို ဒေသခံငါးဖမ်းသမားတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး သီရိလင်္ကာရေတပ်က ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ကယ်တင်ခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကို စက်လှေတွေနဲ့ သွားဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
သီရိလင်္ကာရေတပ်ဟာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလကတည်း ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်ရာကျော်ကို ကယ်ဆယ်ခဲ့ပါတယ်။
ဆက်နွယ်သောသတင်းများ
- နေရပ်ပြန်ရေး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြ
- တန်းတူညီမျှမှုအတွက် AA ကို ရိုဟင်ဂျာအဖွဲ့တွေ တောင်းဆို
- နှစ်လအတွင်း ရိုဟင်ဂျာ ခြောက်သောင်းနီးပါး ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေး
- ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ ဘယ်လ်ဂျီယံနိုင်ငံပါဝင်လာ
- တရားမျှတမှုနဲ့ နေရပ်ပြန်ရေး တူရကီသံအမတ်ကို ရိုဟင်ဂျာတွေ တောင်းဆို
No comments:
Post a Comment