Thursday, September 10, 2020

အာချေးကမ်းခြေရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ ခန့် ထဲက တဦးသေ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
10 စက်တင်ဘာ၊ 2020  
Ujong Blang ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ထဲက သေဆုံးသူကို မြေမြှပ်သဂြုႋဟ်နေစဉ် 
 အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Ujong Blang ကမ်းခြေကို စက်လှေတစီးနဲ့ စက်တင်ဘာလ (၇)ရက် တနင်္လာနေ့ အစောပိုင်းမှာ ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ နီးပါးထဲက အမျိုးသမီးတဦးဟာ စက်တင်ဘာ ၈ ရက် အင်္ဂါနေ့က ဆေးရုံကို ရောက်ပြီးနောက် ကွယ်လွန် သွားပါတယ်။
လှေစီးပြေး ဒုက္ခသည်တွေဟာ ပင်လယ်ပြင်ထဲမှာ ၇ လနီးပါးကြာ မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေကို ဖြတ်သန်းခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေး ဒေသကို ရောက်လာသူတွေဖြစ်ပါတယ်။

သူတို့အားလုံးကို အင်ဒိုနီးရှားနိုင်ငံက COVID-19 စစ်ဆေးဖို့ အင်္ဂါနေ့ နေ့လည်ပိုင်းမှာ ဒေသခံအာဏာပိုင်တွေ စ တင်ဆောင်ရွက်ခဲ့ကြောင်း Lhokseumawe မြို့တော်ဝန်ကောင်စီရဲ့ ကျန်းမာရေးဌာနအကြီးအကဲ လည်းဖြစ် ရိုဟင်ဂျာဒုက္ခသည်တွေအရေး တာဝန်ယူဆောင်ရွက်နေရသူ Marzuki က ဗွီအိုအေကို ပြောပါ တယ်။ သူတို့ထဲက ရိုဟင်ဂျာအမျိုးသမီးတဦး အသက်ရှုမဝပဲ အပြင်းဖျားနာ နေတာကြောင့် မြို့နယ်ဆေးရုံ ကို ပို့ပြီး စစ်ဆေးကုသပေမဲ့ အင်္ဂါနေ့မှာတင် သေဆုံးသွားခဲ့ပါတယ်။

အင်ဒိုနီးရှားကို လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ရာဂဏန်းထဲ လူအယောက် ၃၀ ကျော်လောက် လမ်းခရီးမှာ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြောင်း UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး က အင်္ဂါနေ့ က ပြောပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */