Friday, May 31, 2024

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ RSO က လူသစ်စုဆောင်းနေ

BBC
30 May 2024

 

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ RSO က လူသစ်စုဆောင်းရာက မနာခံသူတွေကို ပစ်ခတ်သတ်ဖြတ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတစ်ခုမှာ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ ရိုဟင်ဂျာ ကျောင်းသားတစ်ဦးနဲ့ ကျောင်းဆရာတစ်ဦး သေဆုံး သွားပါတယ်။


ရခိုင်ထဲက စစ်ပွဲထဲမှာ စစ်ကောင်စီတပ်ဘက်က ဝင်တိုက်ပေးဖို့ သေနတ်သမားတွေက လူသစ် စု ဆောင်းရာကနေ ငြင်းဆန်သူတွေကို သတ်ဖြတ်ခဲ့တာ ဆိုပြီး သိထားရပါတယ်။ တခြား ဒဏ်ရာရသူ ၃ ယောက်လည်း ရှိပါတယ်။

သေဆုံးသူတွေဟာ နူရ်ဖိုင်ဇယ်နဲ့ နူရ်အက်ဘ်ဆာ ဆိုသူတို့ဖြစ်ပါတယ်။ သူတို့ သေဆုံးတဲ့ အတွက် ဝမ်းနည်းကြောင်း ကုလသမဂ္ဂ အေဂျင်စီ တစ်ခုဖြစ်တဲ့ ယူနီဆက်ဖ်က ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး RSO က အဖွဲ့ဝင်တွေဟာ စစ်ကောင်စီ အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေထဲ လူသစ်တွေကို အတင်း အဓမ္မ စုဆောင်းနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ပြောကြပါတယ်။

RSO လက်နက်ကိုင်တွေ ခေါ်သွားတာ ခံရတဲ့ ရိုဟင်ဂျာ အမျိုးသား လူကြီး လူငယ် အရေအတွက်လည်း ပိုပြီး တိုးလာနေတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ရိုဟင်ဂျာ #ရိုဟင်ဂျာဒုက္ခသည် #RSO

ဓာတ်ပုံ - Getty ပုံဟောင်း၊ ဒုက္ခသည်စခန်းထဲ ရိုဟင်ဂျာ အသိုင်းအဝိုင်းက လေးစားကြည်ညိုရတဲ့ ခေါင်းဆောင် မိုဟစ်အွလ္လာ အသတ်ခံရတဲ့ အတွက် လူ ၅ ယောက်ကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ဖမ်းတုန်းကပုံ၊ ၂၀၂၁ အောက်တိုဘာ လဆန်း 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */