" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 8, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များ ကို ICC က မှတ်တမ်းယူ

မဇျ္စိမ
UCA News
07 July 2023

Photo-AFP
 

မြန်မာစစ်တပ်ကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးခြင်း တစ်စိတ်တစ်ဒေသအဖြစ် နိုင်ငံတကာ ရာဇ ဝတ်မှုခုံရုံး (ICC) သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို မှတ်တမ်းရယူနေသည်။

အိမ်နီးချင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အများအပြား ရှိနေရာ ဘင်္ဂလားဒေ့ရှ် လာရောက်ပြီး ရှေ့နေ ကာရင် အာဆတ် အာမတ် ခန်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကော့ဘဇားမှ စခန်း (၁) နှင့် (၁၂) တို့မှ ဒုက္ခသည်များနှင့် ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“ရှေ့နေ ခန်းကို သင့်တင့်တဲ့ အမေးအဖြေတွေ လုပ်နိုင်အောင် ဖြေဆိုမယ့်သူတွေကို ရွေးချယ်ပေးတဲ့ စကားပြန် အပါအဝင် အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်”ဟု ရိုဟင်ဂျာဒုက္ခသည်များအတွက် တာဝန်ရှိထားသော ဒုက္ခသည် ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ရုံးမှ အကြီးတန်းတာဝန်ရှိသူ ခါလစ် ဟူစိန်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ၊ စိမ့်ဝင်ကျူးကျော်သူများဟု ဆိုကာ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရေးတွင် အကူအညီ ရရှိရန် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် နိုင်ငံခြားရေးဝန်ကြီး အေကေ အက်ဘ်ဒူမိုမန်တို့ကို ဇူလိုင် ၄ ရက်မှစတင်ကာ လေးရက်တာ ခရီးစဉ် ရောက်ရှိသည့် အာမတ်ခန်းက တိုက်တွန်းသည်။

ICC တရားလိုရှေ့နေကို ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်သည်။

၁၉၇၀ ခုနှစ်များမှစကာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများသည် ရက်စက်သော ဖိနှိပ်မှုများမှ တိမ်းရှောင် ထွက် ပြေး ကြရသည်။ ၂၀၁၇ တွင် စစ်တပ်က ဖြိုခွင်းမှုများ ပြုလုပ်သဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်စီးဝင်မှုကြီး ဖြစ်ခဲ့ရ သည်။ 


ဖြိုခွင်းမှုနောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ်ဆီ ဒုက္ခသည်ပေါင်း ၇၇၅,၀၀၀ ကျော် ရောက်ရှိရာ စုစုပေါင်း အရေအတွက် တစ်သန်းကျော်အထိ ရှိသွားသည်။

၂၀၁၉ နိုဝင်ဘာ ၁၄ ရက်တွင် ICC က ရိုဟင်ဂျာများသည် ၎င်းတို့၏ တိုင်းရင်းသားဖြစ်မှုနှင့် ဘာသာရေးကြောင့် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ အကြမ်းဖက်မှုများကို ကျူးလွန်ခံသည်ဆိုလျက် စုံစမ်းစစ်ဆေးမှုကို အတည်ပြုခဲ့ ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */