" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 4, 2020

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် မြင့်တင်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်သွားမယ်လို့ USAID ပြော

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
04 ဇွန်၊ 2020  


အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အနေနဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကို မြှင့်တင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်တယ်လို့ USAID ရဲ့ ယာယီ အကြီးအကဲ John Barsa က မေလ ၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

အဲဒီ ကြေညာချက်မှာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးစု အလိုက် ရှင်းလင်း ဖယ် ရှားမှု (Ethnic Cleansing )ကို ဖြစ်စေ၊ အီရတ်မြောက်ပိုင်းက YAZIDIS နဲ့ ခရစ်ယာန်တွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) ကို ဖြစ်စေ တုံ့ပြန်ရင်ဆိုင်ရာမှာ USAID အနေနဲ့ နိုင်ငံတကာ ဘာသာ ရေး လွတ်လပ် ခွင့်ကို ထိပ်တန်း ဦးစားပေးနေရာ မှာ ထားရှိတယ်လို့လည်း ပါရှိပါတယ်။




SEE ALSO:
ကန် အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့နိုင်ငံစာရင်း မှာ မြန်မာ ပါနေဆဲ


အမေရိကန် သမ္မတ​ ဒေါ်နယ်ထရမ့်က မေလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ဘာသာ ရေး လွတ် လပ် ခွင့် တိုးမြှင့်ရေးဆိုင်ရာ အမိန့်ကို USAID က လိုက်နာ အကောင်အထည် ဖော်သွားမယ်လို့လည်း USAID အကြီးအကဲရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုင်းပြည်တစ်ခုချင်းအပေါ် ချမှတ်ရေးဆွဲထားတဲ့ USAID ရဲ့ မဟာဗျူဟာတွေမှာ ဘာသာရေး လွတ်လပ် ခွင့် ကို မြှင့်တင်ရေးက အရေးကြီးတဲ့ ဒေါက်တိုင် တစ်ခုအဖြစ်ပါဝင်ကြောင်းနဲ့ Frank R. Wolf International Religious Freedom Act အက်ဥပဒေ အရလည်း ဘာသာရေး လွတ်လပ်ခွင့်ဟာ အမေရိကန် နိုင်ငံခြားရေး မူဝါဒမှာ ဦးစားပေး အဆင့်မှာ ရှိကြောင်း USAID အကြီးအကဲက ပြောပါတယ်။

လင့်၊ https://burmese.voanews.com/a/usaid-religious-freedom-/5448645.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */