" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 22, 2019

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စာရင်း မြန်မာ ပါဝင်

VOA  
22 ဇွန်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ
 
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၈ ခုနှစ်အတွက် နိုင်ငံတကာ ဘာ သာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ မြောက်ကိုရီးယား၊ အီရန်၊ ရုရှား၊ မြန်မာနဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတချို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပြီး ဥဇ်ဘက်စ်-ကစ္စတန် နိုင်ငံကိုတော့ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်ကို လေးစားလိုက်နာတဲ့နေရာမှာ တိုးတက်မှု ရှိလာတယ်လို့ ချီးကျူးထားပါတယ်။
၁၉၉၈ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့်ကို ပြင်းပြင်းထန် ထန် ချိုးဖေါက်တဲ့နိုင်ငံတွေကို စိုးရိမ်ဖွယ် နိုင်ငံတွေအဖြစ် သတ်မှတ်ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ် အရေး ယူမှုကို ခံရဖွယ်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပုံပေယိုက ဆိုပါတယ်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ ဘာသာရေးလွတ်လပ်ခွင့်အပေါ် နှိပ်ကွပ်နေတဲ့ကိစ္စကို ဒီအစီရင်ခံစာက အထူးက ဏ္ဍတရပ်အဖြစ် ဖေါ်ပြထားပါတယ်။ အလားတူ မြောက်ကိုရီးယား နိုင်ငံမှာလည်း ပြည်သူတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်နဲ့ ဘာသာရေး လွတ်လပ်ခွင့်တို့ကို ငြင်းပယ်ထားတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းမှာဆိုရင် အီရန်နိုင်ငံဟာ ဘာသာခွဲ လူနည်းစုတွေကို စစ်ဆေးမေးမြန်းပြီး စိတ် ကသိ က အောက် ဖြစ်အောင်လုပ်တာ ဖမ်းဆီးမှုတွေ ဆက်လုပ်နေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ ၁၉၉၉ ခုနှစ်ကစလို့ အီရန်နိုင်ငံကို အထူးစိုးရိမ်ဖွယ် နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့တာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */