VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 ဧပြီ၊ 2020
30 ဧပြီ၊ 2020
၂၀၂၀ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) အစီရင်ခံစာ
မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ် ပြန် တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဆက်လက် ထည့်သွင်းထားဖို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) က တိုက်တွန်း အကြံပြု လိုက် ပါတယ်။
အမေရိကန် အစိုးရက ဖွဲ့စည်းထားတဲ့ အဲဒီ ကော်မရှင်က ဧပြီလ ၂၈ ရက်စွဲနဲ့ ၂၀၂၀ ပြည့်နှစ် အတွက် ထုတ် ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် စိုးရိမ်ရတဲ့ စာ ရင်းထဲမှာ ထည့်သွင်းဖို့ အမေရိကန် အစိုးရကို တိုက်တွန်း အကြံပြုထားတာပါ။
၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေနဲ့ သတ်မှတ်တိုင်းတာချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၉ ခုနှစ် အတွင်း ဘာသာ ရေး လွတ်လပ်ခွင့် တွေကို စနစ်တကျနဲ့ ဆိုးဆိုးရွားရွား ဆက်လက် ချိုးဖောက် နေတယ်လို့လည်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေနဲ့ အ ခြေခံ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှုတွေဟာ တစ်ခါတစ်ရံမှာ ဘာသာရေး ကွဲပြားမှုတွေနဲ့ ဒွန်တွဲ ထပ် တူ ကျနေတယ်လို့ လည်း အစီရင်ခံမှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲပဋိပက္ခတွေကို ဥပမာအနေနဲ့ ဖော်ပြထားပါ တယ်။ ဗုဒ္ဓဘာသာ အစွန်းရောက်မျိုးချစ်ဝါဒီ မဘသလို အဖွဲ့အစည်းတွေနဲ့ မြန်မာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့တွေက လူမှုမီဒီယာတွေကို အသုံးပြုပြီ အမုန်း တရား လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကိုလည်း အစီရင်ခံစာ ထဲ ဖော်ပြထားပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ်အရေးယူပိုင်ခွင့်ရှိတဲ့ GLOBAL MAGNITSKY အက်ဥပဒေနဲ့၂၀၁၉ခုနှစ်အတွင်း မြန်မာ စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်တပ် ခေါင်းဆောင် တွေကို လူ့အခွင့် အရေး ချိုးဖောက်မှုတွေနဲ့ အရေးယူခဲ့တာကို လည်း အစီရင်စာထဲမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေအပြင် ဘာသာရေးအရနဲ့ လူမျိုးရေးအရ လူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့် ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲ ဆက်လက် ထည့်သွင်းထားဖို့၊ ဘာသာရေး လွတ်လပ် ခွင့် ချိုးဖောက်တဲ့ မြန်မာနိုင်ငံက ဝန်ကြီးဌာန အဖွဲ့ အစည်းတွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့၊ ၂၀၁၆ ခုနှစ်က အမေရိကန် သမ္မ တအမိန့်နဲ့ ဖျက်သိမ်းခဲ့တဲ့ အရေးပေါ် အခြေအနေသတ်မှတ်ချက်ထဲ မြန်မာနိုင်ငံကို ပြန်လည် ထည့်သွင်း သတ်မှတ်ဖို့နဲ့ အခြေခံအခွင့် အရေးတွေကို ချိုးဖောက်သူတွေ တာဝန်ခံလာအောင် အမေရိကန်အစိုးရက ဆက်လက် ဆောင်ရွက်ဖို့ အစီရင် ခံစာမှာ တိုက်တွန်းထားပါတယ်။
Link : Here

No comments:
Post a Comment