" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 9, 2021

ဘာသာရေးလွတ်လပ်ခွင့်သည် ကန်နိုင်ငံခြားရေးဝါဒ၏ သော့ချက်တရပ် ဖြစ်သည်

VOA
အမေရိကန်အစိုးရမူဝါဒ
August 05, 2021
U.S. Ambassador to the U.N. Samantha Power addresses the media following a Security Council vote aimed at ensuring that U.N. officials could monitor evacuations from the Syrian city of Aleppo, Dec. 19, 2016.

ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ အပြန်အလှန်နားလည်မှုကို လေးစားလိုက်နာကြရေး၊ ကျယ်ကျယ် ပြန့်ပြန့် အားပေးဖို့အတွက် အမေရိကန်ပြည်ထောင်စုက သံဓိဌာန်ချမှတ်ထားပါတယ်။ ဒါဟာ အမေရိကန် တွေရဲ့ ခံယူချက်ကို ထင်ဟပ်ရုံတင်မကအမေရိကန်ပြည်တောင်စုရဲ့ မဟာဗျူဟာမြောက် အမျိုးသားအကျိုးစီး ပွားနဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခရာကျတဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်လို့ USAID - အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Samantha Power က အခုလိုပြောပါတယ်။

“ဘာသာရေးလွတ်လပ်ခွင့်ကိုအားပေးပြီး၊ လူနည်းစုဘာသာရေးကို အကာအကွယ်ပေးတဲ့ နိုင်ငံတွေမှာ ဒီမို ကေ ရစီက ပိုပြီးတည်ငြိမ်ပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကြားမှာ တန်းတူညီမျှမှုနဲ့ သာယာဝပြောရေး ပိုပြီးဖွံ့ဖြိုးနိုင်ခြေများပါတယ်၊ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးကို ပိုပြီး အကာအကွယ်ပေးနိုင်ကြ ပါတယ်။ အားလုံးခြုံကြည့်ရင် လူနေမှုဘဝ တိုးတက်နေတာတွေ့ရမှာပါ လို့ပြောသွားတာပါ။”

ဘာသာရေးကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ရန်လိုမှုမရှိ နိုင်ငံတွေရဲ့ GDP ပြည်တွင်းအသားတင်ထုတ်လုပ်မှုဟာ၊ ကန့်သတ်ချုပ်ချယ်မှုများတဲ့နိုင်ငံတွေထက်၊ နှစ်ဆတိုးတက်မှုရှိတယ်လို့ သုတေသနမှတ်တမ်းက ဆိုပါတယ်။ လူနည်းစုဘာသာဝင်တွေကို ဖိနှိပ်တာ၊ ခွဲခြားဆက်ဆံတာ၊ လွတ်လပ်စွာကိုးကွယ်ဝတ်ပြုခွင့်ကို ကန့်သတ် တာတွေလုပ်နေတဲ့ နိုင်ငံတွေမှာ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကိုဖြစ်ပွားစေတယ်လို့ အုပ်ချုပ်ရေးမှူးSamantha Power ကပြောပါတယ်။

“ဘာသာရေးလွတ်လပ်ခွင့် ငြင်းပယ်ခံရတာဟာ လူမှုပဋိပက္ခနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုဖြစ်ပွားစေ တာနဲ့ ဆက်စပ်နေပါတယ်။ ဘာသာရေးကန့်သတ်ချက်လုံးဝမရှိတဲ့နိုင်ငံတွေထက် အစိုးရက ဘာသာရေး ကန့်သတ်ချုပ်ချယ်တာတွေ တင်းတင်းကျပ်ကျပ်လုပ်တဲ့နိုင်ငံတွေမှာ လူမှုအကြပ်အတည်းတွေ နှစ်ဆပိုတွေ့ ရဖို့များတယ်လို့ ပြောသွားတာပါ။.”

ပြည်သူတွေအနေနဲ့ ယုံကြည်ရာ ဘာသာအသီးသီးကို လွတ်လပ်စွာကိုးကွယ်နိုင်ပြီး၊ ဘာသာအားလုံးရဲ့ ဘု ရားကျောင်းတွေ၊ ဝတ်ပြုဆုတောင်းတဲ့နေရာတွေကို အတားအဆီးမရှိ မသွားရောက်နိုင်သေးသ၍ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမရရှိနိုင်ဘူးဆို ပိုပြီးရှင်းလာတယ်လို့ အုပ်ချုပ်ရေးမှူးSamantha Power ကေ ထာက်ပြပါတယ်။

ဒါ့ကြောင့် သမ္မတဂျိုးဘိုင်ဒင်န်က အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ ဖွံ့ဖြိုးရေးဟာ ကာကွယ်ရေးနဲ့ သံတမန်ရေးလိုဘဲ အရေးကြီးတယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာဖြစ်ပါတယ်။ လူတိုင်းအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့၊ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့နဲ့ ရက်စက်စွာနှိပ်ကွပ်မှုတွေ မဖြစ်အောင် ကာကွယ်ကြဖို့အပါအဝင်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တုံပြန်ကြဖို့အတွက် USAID ရဲ့ Faith Based and Neighborhood Partnerships ဘာသာရေးဆိုင်ရာ မိတ်ဖက် ကူညီရေးအဖွဲ့ရုံးက ကျွမ်းကျင်သူတွေကို လေ့ကျင့် ပျိုးထောင်ပေးနေပါတယ်လို့ အခုလိုပြောပါတယ်။

“နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် တိုးတက်မှုရှိအောင် ချဉ်းကပ်တဲ့ ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တူညီတဲ့ ဘုံအခြေခံသဘောကတော့ ကမ္ဘာကြီးတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာရေးလွတ်လပ်ခွင့်ဟာ ထူးခြားတဲ့ လူ့အခွင့်အရေးဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမှာဖြစ်တယ်လို့ပြောသွားတာပါ။”

ဘုရားသခင်ရဲ့ ကျေးဇူးနဲ့ ကောင်းချီးတွေကတဆင့်၊ အမေရိကန်ပြည်ထောင်စုအတွင်း လွတ်မြောက်မှုကို ပိုက်ထွေးနိုင်ကြပြီး၊ ကမ္ဘာတဝန်းက ပြည်သူတွေ သိက္ခာရှိစွာ လွတ်မြောက်မှုအတွက် စိတ်ချရအောင်၊ ထောက်ခံအားပေးနိုင်တဲ့ စွမ်းရည်ရှိတာနဲ့အမျှ ကမ္ဘာတဝန်းဘာသာရေးလွတ်လပ်ခွင့်အတွက် အမေရိ ကန် ပြည်ထောင်စုက ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ USAID အုပ်ချုပ်ရေးမှူး Samantha Power ကပြောဆိုလိုက် ကြောင်းပါခင်ဗျား။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */