Friday, August 28, 2020

ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် ရိုဟင်ဂျာအရေး အွန်လိုင်းဆွေးနွေးကျင်းပ

28 သြဂုတ်၊ 2020 
 ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် ရိုဟင်ဂျာအရေး အွန်လိုင်းဆွေးနွေးကျင်းပ (ဓါတ်ပုံ- USCIRF)

အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည် စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ရှိ အခြေအနေကို အွန်လိုင်း ကနေ မနေ့ ကြာ သပတေးနေ့က ဆွေးနွေးခဲ့ပါတယ်။
ဒါ့ အပြင် နိုင်ငံတကာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရား စွဲဆိုထားတဲ့ ကိစ္စကိုလည်း ဆွေးနွေး ခဲ့ပါတယ်။ အဲဒီ အွန်လိုင်းက ဆွေးနွေးပွဲ ကို USCIRF ရဲ့ဒုတိယသဘာပတိ Anurima Bhargava နဲ့ ကော်မ ရှင်နာ Nadine Maenza တို့ ဦးဆောင် ဆွေးနွေးတာ ဖြစ်ပါတယ်။ သူတို့ နဲ့အတူ အမေရိကန် Holocaust အထိမ်းအမှတ် ပြတိုက် (USHMM)က လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဌာန ဒါရိုက် တာ Naomi Kikoler နဲ့ သုတေသီဒေါ် Wai Wai Nu တို့အပြင် ဗမာရိုဟင်ဂျာအဖွဲ့အစည်း(UK)ဥက္ကဌဦးထွန်းခင် တို့လည်း ပါဝင်ဆွေးနွေးပါတယ်။

ဒီအစည်းအဝေးကနေတဆင့် ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေးနဲ့ မြန်မာ စစ်တပ် ခေါင်းဆောင်တွေ တာဝန်ခံလာစေရေး အတွက် အမေရိကန် မူဝါဒ ချမှတ် ရေးဆွဲသူတွေကို အကြံပြု တိုက်တွန်းချက်တွေ ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့ကလည်း USCIRF က ရိုဟင်ဂျာ အကျပ်အတည်း ၃ နှစ်မြောက် နှစ်ပတ်လည် ကြေ ညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ရိုဟင်ဂျာကိစ္စ မြန်မာ အစိုးရတာဝန် ယူ လာစေရေးဆောင်ရွက်ပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ကိစ္စကို လူမျိုးတုန်း သတ်ဖြတ် မှုအဖြစ် သတ်မှတ် သုံးနှုန်းပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်း ထား ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရက မြန်မာနိုင်ငံထဲ လူမျိုးတုန်း သတ်ဖြတ်မှု မရှိဘူးလို့ ငြင်းဆို ထားပါတယ်။ 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */