" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 20, 2023

ဘင်္ဂါလီတွေဟာ မရှိတဲ့ ‘ရိုဟင်ဂျာလူမျိုး’ နာမည်နဲ့ ဘာ ကြောင့် တိုင်းရင်းသားဖြစ်ချင်နေကြတာလဲ

ပြန်ကြားရေးဝန်ကြီးဌာန
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ( NPE )

Wed, 06/30/2021

ဤဆောင်ပါးကို စာဖတ်သူများ သိရှိကြရန် ရည်ရွယ်၍ ကော်ပီးကူး တင်ပေးလိုက်ပါတယ်။

မောင်ရိုးရေးသည်။

ခေတ်အဆက်ဆက် မြန်မာ့မြေပေါ်မှာမရှိခဲ့တဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ သူတွေက လူမျိုးတောင်မရှိဘဲနဲ့ ဘာ ဖြစ်လို့များ တိုင်းရင်းသားအဖြစ် လိုချင်နေကြတာပါလဲဗျာ။ အကြောင်းအကြီးကြီး ရှိလို့ပေါ့ဗျာ။ ဒါကို အယောင်ယောင်အမှားမှားနဲ့သော်လည်းကောင်း၊ သူ့ဆန်စားရဲရ၍သော်လည်းကောင်း၊ ပုဆိန်ရိုးလုပ် ချင်လို့သော်လည်းကောင်း၊ နိုင်ငံတကာဖိအားကြောင့်သော်လည်းကောင်း၊ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့ရဲ့ မိတ်ဆွေဆိုတဲ့ အယူအဆနဲ့သော်လည်းကောင်း၊ ပေးလိုက်မိလို့တော့ ကမ္ဘာ့မြေပုံမှာ မြန်မာ့မြေပုံဟာ ၂၀၃၀ မတိုင်ခင် ပျောက်ကွယ်သွားရတော့မယ်ဆိုတာကို အမုန်းစကားမဟုတ်တဲ့ အမှန်စကားလေး ပြောလိုက်ပါရစေ။ ။

မောင်ရိုးတို့နိုင်ငံက လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ၂၀၀၈ ကို အခြေခံပြီးပြောပါ့မယ်။ အခန်း ၂ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ ၅၆ မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသတွေကို အောက်ပါအတိုင်း သတ်မှတ်သည်ဆိုပြီး (က) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ (ခ) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဂ) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဃ) ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (င) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (စ) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တိုင်းဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅)ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁)ခုနိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ထားပါတယ်။

ဖွဲ့စည်းထား

ဒီနေရာမှာ ဘယ်လိုအကြောင်းအရာတွေကို အခြေခံပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေကိုစဉ်းစား သတ်မှတ်ပေးသလဲဆိုတာကို ပြောပြပါ့ မယ်။ မြန်မာပြည်ထဲက ဒေသနယ်မြေတစ်ခုမှာ တိုင်းရင်းသား လူမျိုးစုတစ်ခုဟာ သင့်တင့်တဲ့ လူဦး ရေနဲ့ ရှိရပါ့မယ်။ အဲဒီဒေသမှာရှိတဲ့ မြို့နယ်တစ်ခု မှာလည်း ဒီ တိုင်း ရင်းသားလူမျိုးရဲ့ နေထိုင်မှုလူဦးရေ ဟာ အခြားမှီတင်းနေထိုင်သူ လူဦးရေတစ်ဝက်ကျော် မယ်။ အဲဒီလိုမြို့နယ် အနည်းဆုံးနှစ်ခုဟာ နယ်မြေ အရလည်း တစ်ဆက်တစ်စပ်တည်းရှိမယ်ဆိုရင် အဲဒီ တိုင်းရင်းသားလူမျိုးစုတွေနေထိုင်တဲ့ မြို့နယ်နှစ်ခု ကိုစုစည်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။ အဲဒီလိုမြို့နယ်တွေ အနည်းဆုံး လေးမြို့နယ်အထက် တစ်ဆက်တစ်စပ်တည်း ရှိနေမယ်ဆိုရင်တော့ ခရိုင်နှစ်ခုခွဲဖွဲ့စည်း ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဥပမာ ပုဒ်မ ၅၆ (က) အရ စစ်ကိုင်းတိုင်းမှာရှိတဲ့ လေရှီး၊ လဟယ်၊ နန်းယွန်း သုံးမြို့နယ်ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ခ) အရ ရှမ်းပြည် နယ်မှာရှိတဲ့ ရွာငံနဲ့ပင်းတယမြို့တွေကိုစုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ဂ) အရ ရှမ်းပြည် နယ်မှာရှိတဲ့ ဟိုပုန်းနဲ့ ဆီဆိုင်မြို့၊ ပင်လောင်းမြို့ တွေကိုစုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ (ဃ) အရ ရှမ်းပြည်နယ်မှာရှိတဲ့နမ့်ဆန်နဲ့မန်တုံ မြို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ (င) အရ ရှမ်းပြည်နယ်မှာရှိတဲ့ ကုန်းကြမ်းနဲ့ လောက်ကိုင်ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ (စ) အရ ရှမ်းပြည်နယ်မှာရှိတဲ့ ဟို ပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း ခြောက်မြို့နယ်ကို နှစ်ခရိုင်ခွဲပြီး “ဝ” ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရတိုင်းဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ခြောက်ခုဖွဲ့စည်းထားပါတယ်။ လေရှီး၊ လဟယ်၊ နန်းယွန်း သုံးမြို့နယ်ဟာ ပထဝီမြေအနေ အထားတစ်ဆက်တစ်စပ်တည်းရှိပြီး တစ်မြို့နယ် ချင်းမှာ နေထိုင်တဲ့ နာဂတိုင်းရင်းသား လူဦးရေဟာ လည်း တစ်မြို့နယ်ချင်းမှာနေတဲ့ အခြားလူမျိုးတွေရဲ့လူဦး ရေထက် တစ်ဝက်ကျော်နေထိုင်ကြတာမို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းရတာဖြစ်ပါ တယ်။ ထိုနည်းတူစွာ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် လူမျိုးတွေဟာလည်း သက်ဆိုင်ရာမြို့တိုင်းမှာ နေထိုင် တဲ့ ကျန်လူမျိုးတွေထက် လူဦးရေ တစ်ဝက် ကျော်နေထိုင်ကြတဲ့အပြင် ဒီမြို့တွေဟာလည်း ပထဝီတစ် ဆက်တစ်စပ်တည်းရှိကြလို့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေရကြတာပါ။ “ဝ”တိုင်းရင်းသားတွေ ဟာ လည်း မြို့နယ်ခြောက်ခုလုံးမှာ တခြားလူမျိုးတွေ လူဦးရေထက် တစ်ဝက်ကျော် နေထိုင်ကြတဲ့အပြင် မြို့ခြောက်မြို့ဟာလည်း တစ်ဆက်တစ်စပ်တည်း ရှိလို့ နှစ်ခရိုင်ခွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အ နေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ပထဝီမြေတစ်ဆက်တစ်စပ်တည်း တည်ရှိနေ

ဒီဥပမာကိုယူပြီး ကျွန်တော်တို့ အနောက်တံခါး လို့ တင်စားပြောနေကြတဲ့ ရခိုင်ပြည်နယ်ကို ကြည့်ရ အောင်၊ ရခိုင်မြောက်ပိုင်းမှာ မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင် ဆိုတဲ့ မြို့နယ်သုံးမြို့နယ်ရှိပြီး တောင်ဘက်ကိုဆက်ဆင်းလာရင် စစ်တွေ့မြို့ဆိုပြီး ပထဝီမြေ တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါ တယ်။ ဒီမြို့နယ်တွေမှာ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ရခိုင်ဆိုတဲ့ တိုင်းရင်းသားတွေဟာ လူဦး ရေ အားဖြင့် အလွန်နည်းပါးစွာ နေထိုင်ပြီး ဘင်္ဂါလီတွေလူဦးရေ အလွန်များပြားစွာနေထိုင်ရာမြို့တွေ ဖြစ်ပါတယ်။ (အင်္ဂလိပ်ခေတ်မတိုင်မီ၊ အင်္ဂလိပ်ခေတ်နဲ့ အင်္ဂလိပ် ခေတ်နောက်ပိုင်းတွေမှာ တိုင်းရင်း သားလူဦးရေတွေ ဟာ တဖြည်းဖြည်းနည်းနည်းလာပြီး ဘင်္ဂါလီ လူဦးရေဟာ တဖြည်းဖြည်း များများ လာ ပါတယ်။ ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လုံခြုံရေး ဖိအားမျိုးစုံကြောင့် တိုင်း ရင်းသားတွေ နည်းနည်းလာပြီး ဘင်္ဂါလီတွေ များများလာတာပါ။ အင်္ဂလိပ်ခေတ်စပါးစိုက်ပျိုးရေးဂျပန် ခေတ် အလယ်သံကျော်အရေးအခင်း၊ ၈၈ အရေးအခင်း၊ ၂၀၁၂ အရေးအခင်း၊ ၂၀၁၆-၂၀၁၇အရေး အခင်းတွေ ဟာ ဖိအားအလွန်များပြားတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ခုအခါမှာ ကိုဖီအာနန်ဖိအား၊ ဂမ်ဘီယာ ဖိအားတွေ ဟာ အထွတ်အထိပ်ရောက်နေပါတယ်)

အလွန်များတဲ့နှုန်းနဲ့မျိုးပွားဆဲ

လက်ရှိခန့်မှန်းခြေ မောင်တောမှာ ဘင်္ဂါလီ လူဦးရေ ၉၆ ရာနှုန်း၊ ဘူးသီးတောင်မှာ ဘင်္ဂါလီ လူဦးရေ ၉၅ ရာနှုန်း၊ ရသေ့တောင်မှာ ဘင်္ဂါလီလူဦး ရေ ၈၀ ရာနှုန်း၊ စစ်တွေမှာ ၇၀ ရာနှုန်းလောက် နေထိုင် ကြပါတယ်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး အစရှိတဲ့မြို့တွေမှာလည်း ဘင်္ဂါလီ လူဦး ရေအများအပြားနဲ့ အလွန်များတဲ့နှုန်းနဲ့ မျိုးပွားဆဲဖြစ်ပါတယ်။ (ကျန်မြို့နယ်တွေမှာရှိတဲ့ လူဦးရေဟာ လည်း နိုင်ငံ့လူဦးရေရဲ့ သုည ဒသမ ငါးရာခိုင်နှုန်းရှိရင် တိုင်းရင်းသားရေးရာဝန်ကြီးဆို တဲ့နေရာကို ရရှိနိုင်ပါတယ်)

ပြောခဲ့တဲ့ လူဦးရေ နေထိုင်မှုအချိုးအစား၊ နယ်မြေဆက်စပ်တည်ရှိမှု၊ အခြားသော ပြည်တွင်း ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ လစ်ဘရယ်လစ်ဇင်ဖိအားတွေအရသော်လည်းကောင်း၊ လက်ရှိတိုင်းရင်းသားတွေရနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုရရှိနေတဲ့ အခွင့်အရေး တွေ အရ သော်လည်းကောင်း အကယ်၍သာ ဘင်္ဂါလီ တွေဟာမရှိတဲ့ တိုင်းရင်းသားအမည် တစ်မျိုး အဖြစ် နဲ့ ရိုဟင်ဂျာတိုင်းရင်းသားပါဆိုပြီး နည်းမျိုးစုံနဲ့ လုပ်ယူနိုင်ကြရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ ဖြစ်လာတော့မှာပါ။ ကျွန်တော်တို့တိုင်းရင်းသားအစစ်တွေက နှစ်ပေါင်း ထောင်ချီ အတူတကွနေလာကြတဲ့ တိုင်းရင်းသား စစ်စစ်တွေအဖြစ် သမိုင်းနဲ့နေလာကြတာမို့ ပြည် ထောင်စုအတွက် အခက်အခဲမရှိနိုင်ပေမယ့် ဘင်္ဂါလီရဲ့ မူလဇာစ်မြစ်နိုင်ငံ၊ ကျောထောက်နောက်ခံ နိုင် ငံ၊ ကျောထောက်နောက်ခံဘာသာရေး၊ လူမျိုး ရေး၊ စီးပွားရေးတွေဟာ မြန်မာ့သမိုင်းနဲ့အလွန်ဝေးကွာ ပြီး အခြားနိုင်ငံနဲ့ အလွန်နီးနေတာမို့ ကိုယ်ပိုင်စီရင်စုအခွင့်အရေးဟာ အလွန်အန္တရာယ် များပါတယ်။ မျိုးတူနိုင်ငံသို့ အချိန်မရွေး ပဲ့ပါသွား နိုင်ပါတယ်။ ကျွန်တော်တို့အခြေခံဥပဒေအရလည်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းရင်းသားဒေသတွေကို ပုဒ်မ ၁၉၆ နဲ့ ဇယား ၃ အရ အခွင့်အရေးတွေ ပေးထားတာနဲ့ ဘင်္ဂါလီသာမရှိတဲ့ နာမည်နဲ့ တိုင်းရင်းသားဖြစ်ပြီး ကိုယ်ပိုင်စီရင်ခွင့်ရခဲ့ရင် ပြည်ထောင်စုအတွက် မ တွေးဝံ့စရာပါပဲ။

လွတ်လပ်တဲ့ပြည်နယ်တောင်းနေ

ဒီနေရာမှာ သမိုင်းမှာမရှိတဲ့ လူမျိုးနာမည်ခံ ယူလိုတဲ့သူတွေဟာ လွတ်လပ်ရေးမတိုင်ခင် အကြို ကာ လ၊ လွတ်လပ်ရေးရပြီး ပါလီမန်ကာလနဲ့ နောက်ပိုင်းတော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်း စဉ် ပါတီ(BSPI)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLOR)၊ နိုင်ငံတော်အေးချမ်းသာ ယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(SPDC) ကာလ တွေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းကာလနှစ်ဆက် လုံးမှာ လွတ်လပ်တဲ့ ပြည်နယ်တောင်း နေတယ်ဆိုတာကိုလည်း သတိပေးလိုက်ပါတယ်။

ကိုင်း ဒီလောက်ဆိုရင်တော့ တိုင်းရင်းသား မဟုတ်တဲ့ ဘင်္ဂါလီဟာ ဘာဖြစ်လို့မရှိတဲ့နာမည်ကိုအတင်း ကင်ပွန်းတပ်ခံယူကြပြီး တိုင်းရင်းသား ဖြစ်ချင်နေကြတာလဲဆိုတာနဲ့ ပြည်ထောင်စုအတွက် ဘယ် လောက်တောင် အန္တရာယ်များသလဲဆိုတာကို ဉာဏ်ရှိသလောက်သာ တွေးကြည့်ကြပါတော့။ ပါရမီ ရှိသလောက် သဘောပေါက်လာပါလိမ့်မယ်လို့ မောင်ရိုးကပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

(၂၄-၆-၂၀၂၁ ရက်နေ့ထုတ် Golden Hand ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် မောင်ရိုး၏ “ဘင်္ဂါလီတွေဟာမရှိတဲ့ ‘ရိုဟင်ဂျာ လူမျိုး’နာမည်နဲ့ ဘာကြောင့်တိုင်းရင်းသားဖြစ် ချင်နေကြတာလဲ” ဆောင်းပါးကို Golden Hand ဂျာနယ်အယ်ဒီတာအဖွဲ့နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)

  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */