" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 13, 2019

ကမန်အမည်ဖြင့် ဘင်္ဂါလီ ၃၀၀၀ ကျော်ကို နိုင်ငံသား ကတ် ထုတ်ပေးခဲ့သည့် စာရင်းထုတ်ပေးရန် ရခိုင် လွှတ်တော်၌ အဆိုတင်

DVB
13 February 2019
ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားကတ်ထုတ်ပေးထားတဲ့ ဘင်္ဂါလီ ၃၀၀၀ ကျော် ရဲ့အမည်စာရင်း၊ မိသားစုမျိုး ရိုးစဉ်ဆက်ဇယားနဲ့ ကတ်ထုတ်ပေးဖို့ ထောက်ခံပေးခဲ့သူတွေရဲ့ စာရင်းကိုထုတ်ပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော် မှာ အဆိုတင်သွင်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေး ထားသူ ၃၃၀၆ ယောက်ရဲ့ အမည်စာရင်းနဲ့ သူတို့ရဲ့မိသားစု၊ မျိုးရိုးစဉ်ဆက်ဇယားအပြင် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးဖို့အတွက် ထောက်ခံပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းတွေ ကိုပါပြုစုပြီး ရခိုင်ပြည်နယ်ပြည်နယ် လွှတ်တော်ကို ပို့ပေးဖို့ ရခိုင်ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာပါ။

ဒီအဆိုကို ကျောက်ဖြူမဲဆန္ဒနယ် အမှတ်(၂)က ဦးဖိုးစံက ဖေဖော်ဝါရီ ၁၃ ရက် ပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်ခဲ့တာဖြစ်ပြီး ကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို ဆက်လက် ဆွေးနွေးဖို့ လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

မကြာသေးခင်ကလည်း ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးဖို့ ထောက်ခံပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ထုတ်ပေးဖို့ ရမ်းဗြဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)က ဦးသန်းမောင်ဦးက မေးမြန်းခဲ့ထားခဲ့ပါတယ်။

ဒါပေမယ့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က အဲဒီမေးခွန်းအပေါ် ၁၉၂၃ ခုနှစ် မြန်မာနိုင် ငံလျှို့ဝှက်ချက် ဥပဒေအရ ကန့်သတ်ထားတာဖြစ်လို့ ပေးပို့ဖို့ မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

အမည်စာရင်းတွေကို လျှို့ဝှက်ထားရမယ့် ကိစ္စမဟုတ်ဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ လုံခြုံမှု အဆင့်အတန်း သတ်မှတ်ထားတာမရှိဘူးလို့အဆိုရှင် လွှတ်တော်အမတ် ဦးဖိုးစံက ဒီကနေ့ လွှတ်တော် မှာပြောကြားခဲ့ပါတယ်။

ဒီအဆိုကို ဘူးသီးတောင်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဆက်လက်ဆွေးနွေးသင့်ကြောင်း ထောက်ခံခဲ့ပြီး လွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခဲ့တဲ့အပေါ်မှာ ကမန်တိုင်း ရင်းသား တိုး တက်ရေးပါတီနဲ့ ရခိုင်ပြည်နယ်ရှိ ပါတီအသီးသီးက ကန့်ကွက်ခဲ့သလို လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက လည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */