7Day Daily
By ငြိမ်းချမ်း, .အောင်ဇော်ထွန်း
Sunday, October 20, 2019
ရခိုင်လက်နက်ကိုင် အဖွဲ့(AA)စစ်ဦးစီးချုပ်၏ယောက် ဖကိုကျော်နိုင်ကို ထိုင်းမှပြန်လာ စဉ် ရန်ကုန်လေဆိပ် တွင် ဖမ်းဆီး ပြီး မရမ်းကုန်းမြို့နယ်ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မသုံးခုဖြင့် အမှုဖွင့် ထား သည်။
အောက်တိုဘာ ၁၉ရက်တွင် ထိုင်းနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော ကိုကျော်နိုင်ကို သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးပြီး အ ကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊(ခ)၊(ဂ)တို့ဖြင့် မရမ်းကုန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
AA စစ်ဦးစီးချုပ်၏ ယောက် ဖသည် လွန်ခဲ့သော နှစ်လခန့်က လေဖြတ်နေ၍ ထိုင်းနိုင်ငံ ဘန် ကောက်မြို့သို့ သွားရောက်ဆေး ကုသမှုခံယူရာ အပြန်တွင် ဖမ်း ဆီးခံရခြင်းဖြစ်ကြောင်း AA ပြော ရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြော သည်။
ဖမ်းဆီးခံရချိန်တွင်လေဆိပ် သို့သွားရောက်ကြိုဆိုသော ကို ကျော်နိုင်၏ဇနီးနှင့် သမီးတို့ကိုပါ ဖမ်းဆီး ခေါ် ဆောင်သွားပြီး နောက်သမီးကို ဆွေမျိုးများထံ လာရောက် ပို့ဆောင်သွားကြောင်း ခိုင်သုခက ပြောသည်။
သို့သော် မရမ်းကုန်းရဲစခန်း တွင် လာရောက်အမှုဖွင့်ခံရသူ သည် ကိုကျော်နိုင်တစ်ဦးသာဖြစ် ပြီး ၎င်း၏ဇနီး ကို အမှုဖွင့်သည့် တိုင်ချက်၌မပါကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ပြီးခဲ့သည့်လပိုင်းကလည်း ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကို ကူညီထောက်ခံနေသည်ဆိုကာ AAစစ်ဦးစီး ချုပ် ၏ညီနှင့် ရခိုင်အ သင်း(စင်ကာပူ)မှ တာဝန်ရှိသူ များအပါအဝင်ရှစ်ဦးကို အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည်။
Link : Here
No comments:
Post a Comment