ဖေါ်ဝါရီ ၂၅ / ၂ဝ၂ဝ
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ျခုပ် ထွန်းမြတ်နိုင်၏ ဇနီး မနွင်းဇာဖြူ (ဇာဇာ) နွင့် သားသမီး နွစ်ဦး တို့ သည် ယေန့ နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မွ ဆွစ်ဇာလန်နိုင်ငံသို့ UNHCR ၏ အစီအစဉ်ဖြင့် ထွက်ခွာသွားခဲ့သည်ဟု ရခိုင်လူ့အခွင့်အေရး လူပ်ရွားနေသူ ဦးညီညီလွင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
“ သူတို့က UNHCR ကမ္ဘာကုလသမဂ္ဂကနေ သူတို့ကို အသိအမှတ်ပြုတယ်။ ပီးတောခါကျတော့ ဆွစ်ဇာလန် နိုင် ငံ အထူးသဖြင့် ဘန်ကောက် ဆွစ်ဇာလန် သံရုံးကပေါ့နော်။ လူသားချင်းစာနာတဲ့ ထောက်ထားမှု အရပေါ့နော်။ သူတို့က ကလေးတွေ၊ စစ်နဲ့ ဘာမှ မဆိုင်ဘူးပေါ့နော်။ မြန်မာပြည် ပြန်ရင် အဖမ်းခံရမယ်။ ဒီကလေးတွေမှာ လည်း အနာဂတ်ရှိတယ်။ လူသားချင်းစာနာတဲ့ ရှု့ထောင့်ကနေ လက်ခံသွားခဲ့တာပါ။ သူတို့က ယူအန်ရဲ့ Resettlement အစီအစဉ်နဲ့ ဆွစ်ဇာလန်မှာ ခိုလှုံခွင့်ရသွားတာပါ” ဟု ပြောဆိုသည်။
မနှင်းဇာဖြူ (ဇာဇာ) နှင့် သားသမီး နှစ်ဦး တို့သည် ယနေ့ နေ့လယ် ထိုင်းစံတော်ချိန် ၁ နာရီ ၁၅ မိနစ်က ဆွစ်လေကြောင်းဖြင့် ဘန်ကောက်လေဆိပ်မှ ထွက်ခွာသွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
(ဓာတ်ပုံ- ညီညီလွင်)
Link : Here
No comments:
Post a Comment