DVB
25 July 2020
မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဒြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မလိုမုန်းထား လုပ်ရပ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံ အမတ် ကြီး Mr. Manjurul Karim Khan Chowdhury အား ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြရာမှာ အခုလို ကန့်ကွက်ခဲ့တာပါ။

တွေ့ဆုံပွဲမှာ အမြဲတမ်းအတွင်းဝန်က နေရပ်စွန့်ခွာသူများအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ရရှိခဲ့တဲ့ သဘော တူညီချက်တွေနဲ့အညီ ဖြေရှင်းသွားမယ့်အကြောင်းနဲ့ နှစ်ဖက်စလုံး အဲဒီသဘောတူညီချက်တွေကို တိကျစွာ အ ကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ဘင်္ဂ လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားခဲ့ကြောင်း ထည့်သွင်းဖော်ပြချက်အပေါ် စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံအရေး ကိစ္စတွေကို ဖြေရှင်းရေးမှာ အထောက်အကူမပြုနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ မလိုမုန်းထား လုပ်ရပ် တွေကို ကန့်ကွက်ကြောင်း၊ နှစ်နိုင်ငံအနေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းမှသာ နေရပ်စွန့် ခွာ သူများအရေး ပြဿ နာကို ဖြေရှင်းရာမှာ ရေရှည်အဖြေကို ရရှိနိုင်မယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment