ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများရပ်ရန် ဆန္ဒပြတောင်းဆိုသည့် ချင်းတိုင်းရင်းသားများ။ (ဇူလိုင် ၁၃၊ ၂၀၁၉)
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေထဲက ရခိုင်လက်နက်ကိုင်တပ်နဲ့ ပတ် သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲက အသုံးအနှုန်းတွေဟာ စစ်ရေးပဋိပက္ခတွေကို ပိုပြီးတော့ ပြင်းထန် တင်းမာလာစေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက ဝေဖန် ပါတယ်။ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင် ရင်ဆိုင်တိုက်ပွဲတွေပါ အတော်လေး ဆက်ပြင်းထန်နေချိန် စစ်ရေးကို ပြေလည်အောင် နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပါလို့လည်း သူတို့က တိုက်တွန်းကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ ရခိုင်စစ်ရေးပဋိပက္ခနဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန် ချက် လည်း ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဦးဆောင်ဝန်ကြီးကလည်း နိုင်ငံတော်အတိုင်ပင် ခံ ပုဂ္ဂိုလ် နိုင်ငံ ခြား ရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတာကြောင့်မို့လို့ ဒီကြေညာချက်မျိုးမှာ အသုံး အနှုန်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြတာပါ။
၂၀၁၉ ဇန်နဝါရီလကတည်းက စတင် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွင်းက နေရာတချို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲတွေကနေ အသက်ဘေးကလွတ်အောင် စစ်ရှောင်ပြေးနေ ရတဲ့ စစ်ပြေးဒုက္ခသည် ပြည်သူပေါင်း ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။
ဒီအခြေအနေ ဖြစ်ရတာကတော့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ရဲ့ အဖျက်အမှောက် လုပ်ရပ် သာ Nဖစ်ပြီး AA သောင်းကျန်းသူတွေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေဖြစ်စေပြီး အရပ်သားအများ အပြား နေရပ်စွန့်ခွာစေခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့ သောကြာနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဒီလိုသုံးနှုန်းချက်တွေ၊ ထုတ်ပြန်ချက်တွေဟာ စစ်ရေးတင်းမာမှုတွေနဲ့ စစ်ရေးပဋိပက္ခတွေအပေါ် ပိုပြီးတော့ တင်းမာမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ပြေလည်နိုင်မယ့် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ရခိုင် အရေး ဆောင်ရွက်နေသူတွေက သုံးသပ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေက နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ စစ်ရေးပဋိပက္ခတွေကို ပိုပြင်းထန်လာစေနိုင်မယ့် အသုံး အနှုန်းတွေကို သတိ ထားသင့်တယ်လို့ ပြောပါတယ်။
“တဖက်နဲ့တဖက် ဒီလိုအသုံးမျိုးတွေ မသုံးရင် ပိုပြီးတော့ ကောင်းလိမ့်မယ်လို့ ကျမက မြင်ပါတယ်။ ဘာ ပဲ ဖြစ်ဖြစ် အခု လက်နက်ကိုင်ပြီးတော့ တိုက်ပွဲတွေ ဖြစ်နေကြတယ် ဆိုတာလည်း နိုင်ငံရေးအရ ဖြေရှင်း ဖို့ လည်း လိုတယ်။ ကိုယ့်ရဲ့ ပြည်နယ်အတွင်းထဲမှာ ဖြစ်နေတဲ့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲလို့လည်း ပြောလို့ရပါတယ်။ အဲဒီအတွက်ကြောင့် အခုလို ကြေညာချက်တွေမှာ ဒီလိုအသုံးအနှုန်း မသုံးစေချင်ဘူး။ အဲလိုသုံးနှုန်းခြင်းအားဖြင့်လည်း တဖက်နဲ့တဖက် သံသယတွေ ပိုကြီးထွားလာပြီး ပြဿ နာတွေ ပိုပြီး ကြီးထွားလာနိုင်ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း ဒီလိုစာသားတွေ ဖြည့်ပြီး မရေးတဲ့ အခါကြတော့ ပိုပြီး သူတို့အတွက်တယောက် နဲ့တယောက် သံသယပိုကင်းတဲ့ ပိုပြီး ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မြင်မိပါတယ်။”
အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် အရပ်သားတွေကို အကာကွယ်ပေးရေး လိုအပ်တဲ့ အစီအမံတွေ ဆောင် ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမယ့်လို့ အရပ်သားတရာကျော် ထိခိုက်သေဆုံးနေရတဲ့ အခြေအနေအရ အရပ်သားပြည်သူတွေအ တွက် ထိရောက်တဲ့ ကာကွယ်မှုကို အမြန်ဆုံး ပေးသင့်နေပြီလို့လည်း ရခိုင်အမတ် ဒေါ်ခင်စောဝေက ပြော ပါတယ်။
“တကယ် အကာအကွယ်ပေးဖို့တော့ အခုချိန်မှာ တော်တော်လေး လိုအပ်နေပါတယ်။ ဟိုတလောကဆိုရင်ကျောက်တော်ဘက်မှာ ခမီလူမျိုးတွေ တော်တော်လေး သေဆုံးသွားတာတွေ ရှိတယ်။ နောက် ပုဏ္ဏားကျွန်း ဘက်မှာလည်း ရှင်ပြုနေတဲ့အထဲ ရှင်လာပြုတဲ့ အမျိုးသမီး သေတာတွေရှိတယ်။ အများကြီးပါ၊ သေတဲ့ဟာ တွေကိုလည်း မီဒီယာတွေမှာ အများကြီးတက်တယ်။ အဲဒီအတွက်ကြောင့် ဒါတွေကို ပြည်သူအစိုးရတရပ် အနေနဲ့ ပြည်သူတွေကို ကူညီပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ လုပ်ပေးသင့်ပါတယ်။ ဒါက နောက်တောင် ကျနေပါပြီ။ တကယ်လုပ်ဖို့ဆိုရင် သူတို့ကိုလည်း ကျမတို့ အမြဲ တောင်းဆိုတယ်။ မြေစာပင်ဖြစ်နေတဲ့ ပြည် သူတွေ၊ တိုက်ပွဲဆိုတာကတော့ မကျေနပ်လို့ ဖြစ်ကြတယ်၊ အချင်းချင်း တိုက်ပွဲဖြစ်ကြတယ်။ ဒါပေမယ့်ကြား မှာရှိနေတဲ့ မြေစာပင်တွေက တော်တော်လေးခံနေရတယ်။ တိုက်ပွဲတွေဖြစ်လို့ သေဆုံးလာတိုင်း ဘယ်ဘက် ကမှ တာဝန်မယူဘူး။ ဟိုဘက်ကလည်း မဟုတ်ဘူး၊ ဒီဘက်ကလည်း မဟုတ်ဘူးဆိုတဲ့ ငြင်းဆိုသံတွေကိုပဲ ကြားနေရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရခိုင်အရေး ထုတ်ပြန်ချက်အပေါ်ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကလည်း အခုလိုသုံးသပ်ပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလိုထုတ်ပြန်ချက်ကတော့ ကျနော်မြင်တာ အဓိကတော့ နိုင်ငံတကာ မျက်နှာ စာမှာ မြန်မာပြည်အပေါ် ဖိအားတွေ သက်ရောက်နေတဲ့ ကိစ္စကို လျှော့ချဖို့ ဖြေလျှော့ဖို့အတွက် ကြိုးစားတဲ့ နေရာမှာ ပြည်တွင်းမှာ ဒီလိုမျိုး အဖျက်အမှောက်လုပ်ငန်းတွေ ရှိတယ်၊ ပြည်တွင်းမှာ အကြမ်းဖက် သောင်း ကျန်းမှုတွေ ရှိနေတယ် ဆိုတဲ့ဟာကို ပေါ်လွင်ထင်ရှားအောင် ပြသဖို့အတွက် ဒါကို ထုတ်ပြန်တယ်လို့ပဲ ရိုးရိုး ရှင်းရှင်းလေး မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြီးမှူးတဲ့ ဌာနကနေ ထုတ်ပြန်တဲ့အတွက် ဒီအသုံး အနှုန်းတွေက၊ အရင်တုန်းကတော့ စစ်အစိုးရပေါ့ တောက်လျှောက် သုံးခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အခု လည်း အရပ်သားအစိုးရလို့ ပြောတဲ့ NLD အစိုးရလက်ထက်မှာလည်း အသုံးပြုတယ် ဆိုတဲ့အခါကြတော့ NLD အစိုးရက ကြွေးကြော်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ ဆိုတဲ့ဟာနဲ့ သူ့ရဲ့မူဝါဒနဲ့ အပြောတခြား အလုပ်တခြား ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ ဆောင်တာ ပေါ့။”
အစိုးရအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) အပါ အဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ လုံခြုံရေး အခြေ အနေပေးမှုအပေါ် မူတည်ပြီး ထိရောက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
အခုအချိန်အထိတော့ တိမ်းရှောင်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်က ၁ သိန်း ၂ သောင်း ၈ ထောင်ကျော်အ ထိ ဖြစ်သွားပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က နောက်ဆုံးစာရင်း ထုတ်ပြန်ပါ တယ်။ သူတို့အတွက် သောက်သုံးရေနဲ့ အခြေခံစားနပ်ရိက္ခာ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေ တယ်လို့ လည်း ဒုက္ခသည်တွေကို လိုက်လံကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
Link : Here
No comments:
Post a Comment