Wednesday, November 6, 2019

ရိုဟင်ဂျာအရေး အမေရိကန် အပြည့်အဝထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

06 နိုဝင်ဘာ၊ 2019 
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြည့်အ၀ ထောက် ခံတယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်အာရှနဲ့ အာရှအလယ် ပိုင်း ဆိုင်ရာ ခေတ္တ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells နဲ့ ၁ နာရီကြာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ပြောတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘယ်လို ထပ်ဆောင်း ကူညီရမ လဲ ဆိုတဲ့ကိစ္စကို အသေးစိတ် ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ကြီး Momen က ပြောပါတယ်။

ဒုက္ခသည်တွေကို Bhashan Char ကျွန်းကို ပြောင်းရွှေ့ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ အဲဒီကျွန်းကိုပြောင်းရွှေ့ဖို့ အတင်းအကျပ် လုပ်ဆောင်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ သူတို့ အဲဒီ ကိုသွားရင်တော့ ပိုကောင်းမွန်တဲ့ နေထိုင်မှုအခြေအနေကို ရရှိမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးအစီအစဉ်ကို အမေရိကန် လက်ထောက်ဝန်ကြီးက မကန့်ကွက် ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ လက်ထောက်ဝန်ကြီး Wells ကတော့ ပြောင်းရွှေ့တဲ့အခါ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပိုပြီး များလာမလား ဆိုတာကိုတော့ ပြန်လည် ဆန်းစစ်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Momen ကို ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ဒုက္ခသည်တွေကိစ္စမှာ ငွေကြေးအများဆုံး အလှူရှင်လည်း ဖြစ်ပါတယ်။ အစောပိုင်း တုန်းက လည်း လက်ထောက်ဝန်ကြီး Wells က အမေရိကန်နိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူ ရပ် တည်နကြောင်း၊ Cox’s Bazar မှာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ လူမှုအဝန်းအဝိုင်းအတွက် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြောင်း ပြောကြားထားပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ အခုအချိန်အထိတော့ နှစ်နိုင်ငံ သဘောတူညီချက် အရ မြန်မာနိုင်ငံကိုပြန်လာတဲ့ ဒုက္ခသည် မရှိသေးပါဘူး။

 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */