အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi
ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေတွေနဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါ အခြေအနေတွေ ကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရဲ့နေရပ်ရင်းကို သူတို့ရဲ့ ဆန္ဒအလျှောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ အာ ဆီယံနိုင်ငံခြားရေးဝန်ကြီး တွေရဲ့ အစည်းအဝေးအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြော ကြားလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ရဲ့ နေရပ်ရင်း ပြန်ရေးကိစ္စက အင်ဒိုနီးရှားအစိုးရအတွက် ဦးစားပေး ကိစ္စရပ်အဖြစ် ရှိနေတုန်းပဲလို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။
"ရိုဟင်ဂျာတွေကို သူတို့ရဲ့ နေရပ်ရင်းဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ပြန်နေလို့ရအောင် ကျမတို့အနေနဲ့ ဆက် လက် ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလူတွေ နေရပ်ပြန်နိုင်ဖို့အတွက် ကြိုးပမ်းမှုတွေကို ဆက်လက် လုပ် ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဆန္ဒအတိုင်း ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာပြန်နိုင် ဖို့အတွက် စံနှုန်းတွေကိုလည်း လေးစားလိုက်နာဖို့လိုအပ်ပါတယ်။" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်မှာ မျောနေတဲ့ စက်လှေပေါ်က ကယ်ဆယ်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် တချို့။ (ဇွန် ၂၅၊ ၂၀၂၀)
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်မှာ မျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ကယ်ဆယ်ခဲ့ကြောင်း Ache ခရိုင် အာဏာပိုင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရက နယ်မြေရှင်းလင်းရေးလုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြ တာ ဖြစ် ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုမထားပေမဲ့ ဒုက္ခသည် တွေကို စိစစ်ပြီး ပြန်လက်ခံဖို့ သဘောတူထားပါတယ်။

Link : Here
No comments:
Post a Comment