RFA
RFA Burmese
2024.08.25
မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားပြည်သူတွေကို ထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သြဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေက တိုင်းရင်းသားတွေ၊ ဘာသာရေးတွေ၊ လူနည်းစုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုပြီးဆိုးရွားစေတယ်လို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ လူမျိုးတုံးသတ်ဖြတ်မှုက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေနဲ့ အတူရပ်တည်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာရှဒေသအတွင်း ရောက်ရှိနေသူတွေနဲ့လည်း အမေရိကန်အစိုးရ အတူတကွရှိနေကြောင်း၊ ဒီလူတွေရဲ့ ဘဝတွေ ရှင်သန်ရေးအတွက် ကူညီထောက်ပံ့ဖို့လည်း ကတိပြုထားပါတယ်။
ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ သန်း ၂၄၀၀ နီးပါး လှူဒါန်းခဲ့ကြောင်းနဲ့ ရိုဟင်ဂျာတွေအပါအဝင် အရပ်သား ပြည်သူအားလုံးအပေါ် ကျူး လွန်ခဲ့တဲ့ လူမဆန်ရက်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းပြုစုထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ဖြစ်ပေါ်ရေး မျှော် မှန်းချက်တွေကို အမေရိကန်အစိုးရက အခိုင်အမာ ထောက်ခံနေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆက်နွယ်သောသတင်းများ
- ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ၇ နှစ်မြောက် အထိမ်းအမှတ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကျင်းပ
- ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ BROUK တောင်းဆို
- ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကူညီမယ့်ကတိ နော်ဝေဒုက္ခသည်ကောင်စီ ကြိုဆို
- လူမျိုးတုံးသတ်ဖြတ်မှု တရားမျှတမှုရဖို့ နောက်ကွယ်ကကြိုးပမ်းကြောင်း အမေရိကန်ပြော
- ရိုဟင်ဂျာတွေ သေဆုံးမှု AA ကနဦး စစ်ဆေးဆန်းစစ်ချက် ထုတ်ပြန်
No comments:
Post a Comment