Thursday, August 15, 2019

ပြင်ဦးလွင်နှင့် နောင်ချိုတို့ရှိနေရာ ငါးနေရာကို မြောက် ပိုင်းသုံးဖွဲ့ဝင်တိုက်

မဇ္ဈိမ သတင်း
By စိုးသူအောင်, ကိုကိုအောင် 
15 August 2019

                                                              ဓာတ်ပုံ - မျိုးသန့်အောင်

ရန်ကုန်၊ သြဂုတ် ၁၅ ။ ။ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် ပြင်ဦးလွင်နှင့် နောင်ချို တို့ရှိ နေရာ ငါးနေရာကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ် သည့် TNLA၊ AA၊ MNDAA ပူးပေါင်းတပ်ဖွဲ့မှ ဝင်တိုက်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

“ ပြင်ဦးလွင်မှာက နှစ်နေရာ၊ တိုးဂိတ်နားမှာ တစ်နေရာ၊ DSTA နားမှာ တစ်နေရာ နောင်ချိုမှာကတော့ အ ရပ်အခေါ် လောပန်နေရာရယ်။ ဒီအဝင်နားက တစ်နေရာရယ်၊ ဂုတ်ထိပ်အတက်နားက တစ်နေရာဖြစ်တယ်။ အား လုံးပေါင်း ငါးနေရာပေါ့” ဟု ၎င်းက ဆိုသည်။

ထို့သို့ ဝင်တိုက်ရခြင်းမှာ တပ်မတော်မှနေ၍ အဆိုပါမြောက်ပိုင်း ၃ ဖွဲ့လှုပ်ရှားရာဒေသများသို့ စစ်ရေးအရ ထိုးစစ်များ ဆက်တိုက်ဆိုသလို ပြုလုပ်လာသောကြောင့် ခုခံကာကွယ်သည့်အခြေအနေမှနေ၍ ပုံစံပြောင်း ၍ ပြန်လည် တိုက်ခိုက်ရခြင်းဟု TNLA ဘက်မှ ပြောသည်။

တိုက်ခိုက်မှုမှာ သြဂုတ် ၁၅ရက် နံနက်အစောပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြင်ဦးလွင်မှ တပ်မတော်နည်း ပညာတက္ကသိုလ် အပါအဝင်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်(X Ray စက်)နှင့် နောင်ချိုမှ တပ်ရင်းဌာနချုပ် တစ်ခုလည်း ပါဝင်ကြောင်း သိရသည်။
  “ ဒီနေ့ မနက် ငါးနာရီခွဲမှာ ပြင်ဦးလွင်မှာ ရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်ကို လက်နက်ကြီးကျည်နဲ့ ပစ်တာရှိတယ်။ ကျောင်းဝန်းထဲကို ကျတာပေါ့နော်။ အဲ့ဒီမှာ စစ်သည်တစ်ဦး ဒဏ်ရာရတယ်။ အဲ့ဒီမှာ တာဝန် ထမ်းဆောင်နေတဲ့ အရပ်သားတစ်ဦး သေဆုံးတယ်။ တစ်ချိန်တည်း တပြိုင်နက်တည်းမှာပဲ ပြင်ဦးလွင် အ ထွက် မှာရှိတဲ့ အေးရှားဝေါ တိုးဂိတ်ဟောင်း အဲ့ဒီနေရာမှာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးစစ်ဆေးနေတဲ့ နေရာ ပေါ့နော်။ အဲ့ဒီကိုလည်း ပစ်တယ်။ အဲ့မှာတော့ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။

တစ်ချိန်တည်းမှာပဲ နောင်ချိုမှာ ရှိတဲ့ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးနဲ့ အဝေးက ပစ်ခဲ့တာရှိတယ် ထိခိုက်ဒဏ် ရာရရှိမှုမရှိဘူး။ နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ ကုန်စည်စခန်း အဲ့ဒီကိုလည်း တိုက်တယ်။ အဲ့မှာတော့ ရဲတစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ သတင်းကြားတယ်။

နောက် နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာ ရှိတဲ့ မူးယစ်ဆေးဝါး ရှာဖွေရေးစခန်းကို တိုက်ခိုက်တာက အခုမနက် ၇ နာရီခွဲလောက်အထိ ထိတွေ့မှုတွေဖြစ်နေတယ်။ အဲ့မှာ စခန်းကိုတော့ တစ်ချို့နေရာတွေမီးရှို့သွား တယ် လို့ သတင်းရရှိတယ်” ဟု အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြောသည်။

လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး “ ပြင်ဦးလွင်ဘက်က အခြေအနေအရကတော့ လုံခြုံမှုအရ ထိန်းချုပ် ထားနိုင်ပြီ ဖြစ်တယ်။ နောင်ချိုဘက်မှာတော့ မြို့တွင်းမှာ လုံခြုံရေးအရ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်။ မြို့ပြင်မှာတော့ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ လိုက်လံရှင်းလင်းနေတာတွေရှိတယ်။

သုံးသပ်တာတော့ တပ်မတော်အနေနဲ့ ကွတ်ခိုင်မြို့နားမှာ မူးယစ်ဆေးဝါးစခန်းတွေ ဖမ်းဆီးရမိထားတာရှိ တယ်။ တန်နဲ့ချီပြီး မိတာတွေပေါ့။ အခုတိုက်ခိုက်မှုဟာ အဲ့ဒါတွေနဲ့ ဆက်စပ်မယ်လို့ သုံးသပ်မိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြောသည်။

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး လူအများကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */