VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
03 မေ၊ 2020
နိုင်ကွန်းအိန်
03 မေ၊ 2020
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကို ကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ကင်းလှည့်နေတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေနဲ့ ARSA အဖွဲ့တို့ စနေနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ဒီမနက်မှာတော့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာ ARSA နဲ့ ကျနော်တို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ရှိတယ်။ မနက် ၇ နာရီခွဲလောက်မှာ နယ်ခြားမှတ်တိုင် ဘီပီ-၄၁ ရဲကင်းစခန်း နယ် ခြား စောင့် ရဲတပ်ဖွဲ့က သူ့ရဲ့ ပုံမှန် နယ်မြေလုံခြုံရေးအတွက် နယ်ခြားခြံစည်းရိုးတလျှောက်မှာ ကင်းလှည့်ပြီး ဆောင် ရွက်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေပြီးမှ ARSA အကြမ်းဖက်သောင်းကျန်းသူက ဒီကင်း လှည့် နေတဲ့အဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့တာ ရှိတယ်။ နယ်ခြားစောင့်ရဲအဖွဲ့ရယ် တပ်မတော်ကနေပြီးတော့မှ စစ် ကူပေးပြီး ဆောင်ရွက်ခဲ့တယ်။ ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲအုပ်တယောက်နဲ့ စစ်တပ်ကတဦး ဒဏ်ရာရခဲ့တာ ရှိတယ်။”
တိုက်ပွဲအတွင်း ARSA ဘက်မှာ အထိအခိုက်ရှိမရှိ ဆိုတာကိုတော့ မသိရပါဘူး။
ဒီလပိုင်းတွေအတွင်း နယ်စပ်တလျှောက်မှာ ARSA အဖွဲ့ရဲ့လှုပ်ရှားမှု များလာတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ ICJ Report က ဒီမေလထဲမှာ တင်မှာပါ။ အဲဒီအချိန်အတွင်းမှာ ARSA ရဲ့ လှုပ် ရှားမှုတွေ ပိုမိုများပြားလာတဲ့သတင်း ရရှိထားတာ ရှိတဲ့အတွက် နယ်ခြားဒေသ လုံခြုံရေးကို ကျနော်တို့ စနစ် တကျ ဆောင်ရွက်လျက်ရှိတယ်။”
ဧပြီလကုန်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၄၁ ရဲ့ မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှာ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့လို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့အဖွဲ့က စစ်ဆေးဖို့ ခေါ်ယူခဲ့ပေမယ့် ထွက်ပြေးသွားတဲ့အတွက် ပစ်ခတ်ခဲ့ရတယ်လို့ တပ်မတော်ဘက်က သတင်း ထုတ်ပြန် ထားပါတယ်။
အသေဖမ်းဆီးရမိတဲ့ အဲဒီအမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းနဲ့အတူ မူးယစ်ဆေးဝါး၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်း တွေကို သိမ်းဆည်းရခဲ့ပြီး အောင်ဇူနယ်မြေရဲစခန်းကို အပ်နှံကြောင်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရ်နိုင်ငံ နယ်စပ်နဲ့ ထိစပ်နေတဲ့ မောင်တောမြို့နယ်အတွင်းမှာ ARSA အဖွဲ့က မကြာခနဆိုသလို ဗုံးခွဲတိုက်ခိုက်တာ ခြုံခိုတိုက်ခိုက်တာတွေ လုပ်လေ့ရှိပါတယ်။
၂၀၂၀ ပြည့်နှစ် အစပိုင်းမှာ နယ်ခြားစောင့်ရဲအဖွဲ့ ဒုရဲမှူးတဦးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ကားမိုင်းခွဲခံရလို့ သေဆုံး ခဲ့သလို ARSA အဖွဲ့က တိုက်ခိုက်လို့ အောင်ဇူနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ နယ်ခြားစောင့်စခန်း ၃၀ ဝန်းကျင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာတွေက အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့လို့ ၃၈ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်နဲ့ ရဲတပ် ဖွဲ့ ဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ အခင်းဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာမှာ ရိုဟင်ဂျာ ၇ သိန်းကျော် နေရပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးပြီး ဒုက္ခသည်အဖြစ် နေထိုင်နေရပါတယ်။
ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံတဲ့ မြန်မာအစိုးရက အဲဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အစီအ စဉ်တွေ လုပ်ဆောင်ထားပေမယ့်လည်း လက်ရှိ COVID-19 ကပ်ရောဂါ ကျရောက်နေချိန်မှာ အဲဒီအစီအ စဉ်တွေအားလုံး ရပ်ဆိုင်းနေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာတဲ့ ဒုက္ခသည်တချို့တော့ ရှိခဲ့ပါတယ်။

Link : Here
No comments:
Post a Comment