Saturday, December 2, 2023

ဂါဇာရှိ အစ္စရေးတင့်ကားများကို တိုက်ခိုက်ရန် ဟားမတ်စ် ပြင်ဆင်

DVB
December 2, 2023

ဟားမတ်စ်အဖွဲ့ခွဲရဲ့ တိုက်ခိုက်ရေးသမားတွေက ဂါဇာကမ်းမြောင်ဒေသထဲက အစ္စရေးတင့်ကားတွေ ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

ဗီဒီယို ရိုက်ကူးတဲ့ နေရာကို သီးခြား အတည်မပြုနိုင်ပါဘူး။

ဟားမတ်စ်တို့နဲ့ သီတင်းပတ် တပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ပြီးတဲ့နောက် သောကြာနေ့က အစ္စရေးက လေကြောင်းကနေ ဂါဇာကို တိုက်ခိုက် ခဲ့ လို့ ဒဏ်ရာတွေရထားတဲ့၊ သေဆုံးနေတဲ့ ပါလက်စတိုင်း တွေကို ဆေးရုံတွေဆီ ပို့ဆောင်နေရပြီး ရာ ချီတဲ့ လူတွေ လမ်းမတွေပေါ် ထွက်ပြေးခဲ့ရ ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ခန်းယောနစ်မြို့ရဲ့ အရှေ့ဘက်ခြမ်းဒေသတွေမှာ မိုးလင်းပြီး မကြာ မီ အချိန်နှောင်းပိုင်းအတွင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခံရပြီး မီးခိုးလုံးတွေ ကောင်းကင်ပေါ် တက် လာခဲ့တယ်လို့ မြို့ထဲက ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။

မြို့ထဲမှာ နေထိုင်သူတွေကလဲ ပစ္စည်းတွေကို လှည်းတွေပေါ်စုပုံ တင်ရင်း လမ်းပေါ်ထွက်ပြီး မြို့အ နောက် ဘက်ခြမ်းမှာ ခိုလှုံစရာ နေရာကို ရှာနေကြတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

Source/Photo - Reuters 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */