Friday, July 26, 2019

ဘူးသီးတောင် ညောင်ချောင်းရဲစခန်းကို အေအေ တပ်ဖွဲ့ ဝင်တိုက်၊ ရဲ ၂ ဦးဒဏ်ရာရ

DVB
By ဒီဗွီဘီ
26 July 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းရဲစခန်းကို ဇူလိုင် ၂၆ ရက် မနက်မှာ အေအေတပ်ဖွဲ့က ဝင်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အ တွင်း ရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

“မနက် ၄ နာရီလောက်က ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းစခန်းကို အေအေက ဝင်တိုက်တယ်။ အပြန်အလှန်တိုက်ပွဲ ၁ နာရီလောက်ဖြစ်တယ်။ ရဲ ၂ ဦး ဒဏ်ရာရရှိတယ်။ ညောင်ချောင်းစခန်းတော့ ကျမ သွားခဲ့ဘူး။ အေအေ အလောင်းတလောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်။ အခု နယ်ခြားစောင့်နဲ့ တပ်က နယ်မြေလိုက်လံရှင်းလင်းနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်မှာ အရပ်သား ၂ ဦးလောက်လည်း ဒဏ်ရာရသွားခဲ့လို့ ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ဖို့ ဆောင် ရွက်နေတယ်လို့လည်း ပြောပါတယ်။

အေအေအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒီတိုက်ပွဲမှာ အေအေတပ်ဖွဲ့ဝင်တွေ ကျဆုံးတာမရှိ တဲ့အကြောင်းနဲ့ သတိပေးတဲ့အနေနဲ့ ရဲစခန်းကို တိုက်ခိုက်တာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က ညောင်ချောင်းစခန်းကို သတိပေးတိုက်ခိုက်မှု ပြုလုပ်တဲ့အဆင့်သာ ပြုလုပ်တာပါ။ ကျနော် တို့ဘက်က ကျဆုံးတာ တဦးမှ မရှိပါဘူး။ စစ်တပ်ဘက်က ကျဆုံးတာကိုတော ကျနော်တို့ မသိရသေး ဘူး။ ညောင်ချောင်းစခန်းကို မနက် ၄ နာရီမှာ ဝင်ရောက်တိုက်ခိုက်တာပါ။ ဘာအတွက် တိုက်ခိုက်ရသလဲ ဆိုရင် ညောင်ချောင်း ရဲစခန်းမှာ တပ်မတော်ကလည်းနေတယ်။ နယ်စောင့်လည်းရှိတယ်။ ပြည်သူတွေကို အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျတယ်။ ဒါကြောင့် သတိပေးတဲ့ အနေနဲ့ တိုက်ခိုက်လိုက်တာဖြစ်တယ်”

ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းကျေးရွာမှာ အိမ်ခြေ ၉၀ လောက်ရှိပြီး လူဦးရေ ၈၀၀ လောက်နေ ထိုင်ကြကာ ညောင်ချောင်းရဲစခန်းကတော့ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်ရှိတဲ့ စခန်းတခုဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မင်းထွန်းက “တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ ဘယ်အဖွဲ့နဲ့ ဖြစ်တာလဲတော့ မသိပါဘူး စုံစမ်းတုန်းပါ” လို့ ပြောပါတယ်။

တိုက်ပွဲမှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ညောင်ချောင်း ကျေးရွာ သားတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ 

Link : Here






No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */