RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝအနီးမှာရှိတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီး ဒီနေ့မနက်က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခံရတာကြောင့် ရေယာဉ်ရဲ့ကိုယ်ထည်ပိုင်း အနည်းငယ်ထိ ခိုက် ပျက်စီးသွားသလို စစ်သည်အချို့လည်း ဒဏ်ရာရသွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကိုပြောပါတယ်။
လြတ္လပ္တဲ့ အာရွအသံ
2019-06-22ပစ်ခတ်မှုဖြစ်ပွားတဲ့ ဆတ်ရိုးကျချောင်းဝကိုတွေ့ရစဉ် Photo: RFA
တပ်မတော်သားတွေထိခိုက်မှုအရေအတွက်ကို RFA က မေးမြန်းရာမှာ အရေအတွက်ကို မပြောနိုင် ဘူးလို့ လည်း ပြောပါတယ်။
အခုလိုပစ်ခတ်ခံရမှုကြောင့် တပ်မတော်သား အနည်းဆုံး နှစ်ဦးခန့် သေဆုံးတယ်လို့ ဒေသခံတွေက ပြောဆို ကြပေမယ့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက သေဆုံးတာမရှိဘူးလို့ ငြင်းဆိုပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာပဲ ကျေးတောကျေးရွာထဲက နေအိမ်တစ်လုံးမှာ လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ပြီး လူတွေကိုတော့ ထိခိုက်မှုမရှိပါဘူး။
တပ်မတော်ရေယာဉ် ပစ်ခတ်ခံရတဲ့နေရာအနီးက ကျေးတောကျေးရွာကို RFA က ဒီနေ့မနက်က သွား ရောက် ခဲ့ ရာမှာ ရွာအဝင်နဲ့လမ်းမတွေမှာ တပ်မတော်လုံခြုံရေးတွေချထားပြီး ရဲတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်စစ် ဆေးနေတာတွေကို တွေ့ရပါတယ်။
တပ်မတော်ရေယာဉ်ကို AA အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment