Sunday, July 7, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းက လုံခြုံရေးစခန်း တိုက်ခိုက်ခံရ စစ်သည် နှစ်ဦးကျဆုံး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-07
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: STR / AFP
 
 မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ လုံခြုံရေးကင်းစခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကနေ ဇူလိုင် လ ၆ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြန်မာဘက်က စစ်သည် နှစ်ဦးကျဆုံးပြီး တပ်မတော်သား အချို့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အဲဒီဒေသတဝိုက်ဟာ အဆာအကြမ်းဖက်အဖွဲ့တွေလှုပ်ရှားတဲ့ဒေသဖြစ်တာမို့ အာဆာအဖွဲ့က တိုက်ခိုက်ခဲ့တာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်အနီးက နယ် ခြားစောင့် လုံခြုံရေးစခန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းက အမည်မသိလက်နက်ကိုင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အင်ဂျင်နီယာတပ်က အလုပ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */