Thursday, August 1, 2019

ရခိုင်ပြည်နယ် နုယ်ခြားစောင့်ရဲယာဉ်တန်း တိုက်ခိုက် ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
01 သြဂုတ်၊ 2019
ဇော်ထက်
၂၀၁၆ စက်တင်ဘာ ၂၄ ရက်တုန်းက မြန်မာ နယ်ခြားစောင့်ယာဉ်တန်းတခုကို တွေ့ရစဉ် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ အောင်ဗလကျေးရွာကြား မောင်တောမြို့နယ်သွားတဲ့လမ်းပေါ်မှာ ဒီနေ့ သြဂုတ် ၁ရက် မနက် ၈နာရီလောက်မှာ မိုင်းပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ယာဉ်တန်း ကို တိုက်ခိုက်ခံရတယ်လို့ တပ်မတော်ဘက်က အတည်ပြုပါတယ်။ ဒါကရခိုင်လက်နက်ကိုင်အဖွဲ့ AA ကြောင့်လို့ တပ်မတော်ဘက်က ပြောထားပေမဲ့ AA ဘက်ကို ဆက်သွယ်လို့မရခဲ့တာကြောင့် အတည် မပြုနိုင်ခဲ့ပါဘူး။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

ဒီနေ့မနက် ရခိုင်ပြည်နယ် မောင်တောသွားတဲ့ ကားလမ်းပေါ်မှာ မိုင်းပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး နယ်ခြားစောင့် ရဲတပ် ဖွဲ့ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပါတယ်။ ဒီတိုက်ခိုက်မှုက ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ဘက်ကလုပ် တာလို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ အငူမော်နဲ့ ကျောက်ပန်းနုကြား ကားလမ်းမပေါ်မှာဖြစ်တာလို့ပြောပါတယ်။ မနက်က ၈နာရီကျော်ကျော် လောက်မှာ ဖြစ်တယ် တပ်မတော်ယာဉ်တန်း မဟုတ်ပါဘူး။ နယ်ကြားစောင့်ရဲတပ်ဖွဲ့လေးတခု တပ်လဲ လှယ် တာလေး ရှိပါတယ်။ ကားတွေနဲ့လဲလှယ်တာပါ။ အဲဒီမှာ မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။ ကျနော်တို့သိ ရသလောက်ကတော့ AA ကလုပ်တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ ကားတစီးတော့ အနည်းငယ်ပျက်စီးသွားပါတယ်။”

ဒါနဲပတ်သက်ပြီး ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ကို ဗွီအိုအေက ဆက်သွယ်လို့မရခဲ့တာကြောင့် သီးခြားအ တည်ပြုလို့တော့ မရနိုင်ခဲ့ပါဘူး။ မနေ့ကလည်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားမြို့တွေက နေရာ ၆ခုမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဘူးသီးတောင် အရှေ့ဘက်မှာ တိုက်ပွဲတွေပြင်းထန် လာနေပြီး ICRC နဲ့ ပူးတွဲလုပ် ဆောင် နေတဲ့ ရခိုင်ကြက်ခြေနီလူငယ်တွေဟာ သက်ကြီးရွယ်အိုတွေကို ကယ်ထုတ်ခဲ့ရပါ တယ်လို့ ဘူးသီးတောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“ ICRC အဖွဲ့တွေ အဲဒီလူတွေကို သွားကယ်တဲ့အခါမှာ ရွာထဲကိုဝင်လို့မရဘူးလို့ပြောတယ် သူတို့ကလေ အပြင်ကနေရတယ်၊ ဆိုတော့ လမ်းလျှောက်လာတဲ့သူတွေကို ခေါ်ယူလာတယ်။ ၂ယောက်ကျန်ခဲ့ တယ်ပေါ့နော်၊ ရွာထဲမှာကတပ်တွေရှိတယ် အဲဒါကြောင့်သူတို့ ဒီနှစ်ယောက်ကို ထားခဲ့ရတာ။

ဇူလိုင် ၃၀ရက်က ရသေ့တောင် မန်ကျည်းချောင်းကျေးရွာဘက်မှာ မိုင်း ၂လုံးပေါက်ခဲ့သလို ဇူလိုင် ၃၁ရက် မနေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေလမ်းပေါ်မှာ ဗုံးနှစ်လုံးပေါက်ခဲ့ပါသေးတယ်။ တပ်မေ တာ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ဦးရေဟာ ထပ်တိုးလာပြီး ၅၅၀၀၀ ကျော်သွားပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */