VOA
ဗွီအိုအေ (မြန်မာဌာန
ကိုနိုင်ကွန်းအိန်
26 နိုဝင်ဘာ၊ 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ည နေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်သင်္ဘောဘက်က ထိခိုက်မှုရှိတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။ တချိန်ထဲမှာ ရသေ့တောင်မြို့နယ်အ တွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သ တင်းပေးပို့ထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန
ကိုနိုင်ကွန်းအိန်
26 နိုဝင်ဘာ၊ 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ည နေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်သင်္ဘောဘက်က ထိခိုက်မှုရှိတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။ တချိန်ထဲမှာ ရသေ့တောင်မြို့နယ်အ တွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သ တင်းပေးပို့ထားပါတယ်။
“မနေ့ကတော့ဟုတ်တယ်။ ညနေပိုင်းမှာ ကျနော်တို့ တပ်မတော်ရေက လုံခြုံရေးဆောင်ရွက်နေတဲ့ ရေယာဉ် ကို AA ကနေပြီးတော့ ရသေ့တောင်ရဲ့ အနောက်တောင်ဘက် မီတာ ၂၀၀၀ လောက်ကနေပြီးတော့ နေရာ ၄ နေရာနဲ့ ၁၀၇မီလီမီတာလျှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ပါတယ်။ ထိခိုက်မှုတော့ မရှိပါဘူး။”
ရသေ့တောင်မြို့အနီး တပ်မတော်ရေတပ်သင်္ဘော ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရခိုင်သုခက အခုလိုပြောပါတယ်။
“ဗမာရေတပ်သင်္ဘော တစီးကို ကျနော်တို့ ရခိုင့်တပ်တော်ကနေပြီးတော့ ဝင်ရောက်ပစ်ခတ်တာ ရှိတယ်။ သင်္ဘောကိုတော့ ထိတာပေါ့နော်။ မီးခိုးတွေ စောင်းစောင်းထွက်ပြီးတော့မှ သူတို့ဒီ လက်နက်ကြီးတွေနဲ့ ပြန်ပြီးတော့ ရမ်းသန်း ပစ်ခတ်မှုတွေ လုပ်တာပေါ့နော်။ သင်္ဘောပေါ်မှတော့ ထိခိုက်ကျဆုံးမှုတော့ ရှိနိုင်တယ်ဗျ။”
စစ်ရေယာဉ်ကိုပစ်ခတ်ခံရအပြီး တပ်မတော်ရေယာဉ်ဘက်ကလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ် ခတ်မှုတွေ ရှိနေတယ်လို့ ရသေ့တောင်မြို့ခံ တဦးက ပြောပါတယ်။
“မနေ့က ညဘက်ဆိုရင် တလျှောက် ပစ်နေတယ်သူတို့က။ အဲရေတပ်ကပစ်တာ NAVY က ပစ်တာ။ လယ် ကွင်း နားမှာကျတယ်။ ရွာထဲမှာ မကျဘူး မနေ့က။”
ရသေ့တောင်မြို့နယ် ရေစိုးချောင်းနဲ့ အမျက်တောင်ကျေးရွာဘက်မှာလည်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက် ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲ ရက်ဆက်ဆိုသလို ဖြစ်ပွားနေတယ်လို့ AA ပြောခွင့်ရခိုင်သုခကပြော ပါတယ်။
“ဒီနေ့မှာလည်း တိုက်ပွဲကတော့ ဆက်ပြီးဖြစ်နေတယ်ဗျ။ အဲဒီအမျက်တောင်ရွာ တဝိုက်ရယ်။ နောက်ပြီး တော့ရေစိုးချောင်း ဗျူဟာတဝိုက်ပေါ့နော်။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ အဲဒီနေရာမှာ တိုက်ပွဲ ဖြစ်နေတာ ၃ ရက်၊ ၄ ရက်၊ ၅ ရက်လောက်တောင် ရှိနေပြီး။ အဲဒီမှာ ဗမာရေတပ် သင်္ဘောတွေကလဲပဲ တိုက်ပွဲဖြစ်ပွားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်တာရှိတယ်။”
၄ ရက်ဆက်ဖြစ်ပွါးတဲ့တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ခိုင်သုခကဆိုပါတယ်။
အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း အမျက်တောင် ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပြောပါတယ်။
“မနေ့ကညနေလောက်တော့ ၄ နာရီ ၅ နာရီလောက်တော့ ကျနော်တို့မျက်တောင်ရဲ့ မြောက်ဘက်နား ခေါင်းတိုက် အနားမှာတိုက်ပွဲဖြစ်တာ။ ဘာမှတော့မဖြစ်ပါဘူး။ အဲတာ AA ရဲ့ လှုပ်ရှားရာ နေရာတွေဆိုတော့ အဲဒီနေရာတွေ အမြဲတမ်းဖြစ်တယ်။”
ဒီလိုဖြစ်ပွါးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရွာသားတွေ ထိခိုက်မှု ရှိခဲ့သလို ရွာကနေ တိမ်းရှောင်နေကြရ တယ်လို့ ရေစိုးချောင်းရွာသား တဦးကပြောပါတယ်။
“ရေစိုးချောင်းတို့ အမျက်တောင်တို့။ အမျက်တောင်ဆိုရင် ဟိုနေ့က လက်နက်ကြီးကျလို့ သေတဲ့ လူတ ယောက် ရှိတယ်။ နောက်ပြီးတော့ဒဏ်ရာရတဲ့သူရဲ့ အိမ်တွေကို မီးရှို့တာတွေရှိတယ်။ ရွာသားတွေကတော့ မရှိတော့ဘူး။ ရွာမှာ နေလို့မှ မရတော့တာ။”
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားနေတာ တနှစ်နီးပါးကြာမြင့်နေပြီး ဖြစ်သလို တိုက်ပွဲကြောင့်လူဦးရေ ၇၀၀၀၀ ကျော် နေရပ် စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။
Link : Here

No comments:
Post a Comment