VOA
ဗွီအိုအေ (မြန်မာဌာန)
22 ဧပြီ၊ 2019
နိုင်ကွန်းအိန်
22 ဧပြီ၊ 2019
နိုင်ကွန်းအိန်
နယ်ခြားစောင့်ရဲများ
မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားတစ်စီး ဒီနေ့ မနက်က မိုင်းခွဲ တိုက်ခိုက်ခံရပါတယ်။ ဒီတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မှုအခြေအနေနဲ့ ဘယ်အဖွဲ့ကနေ တိုက်ခိုက်သလဲ ဆိုတာ အတည်မပြုနိုင်သေးပေမဲ့၊ ဒေသခံတွေကတော့ ရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့ ARSA က တိုက်ခိုက်တာဖြစ်နိုင် တယ် လို့ သံသယရှိနေကြတဲ့အကြောင်း နယ်မြေခံလွှတ်တော် ကိုယ်စား လှယ်တွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေး ပို့ထားပါ တယ်။
မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရကျေးရွာနဲ့သဲချောင်းကျေးရွာအကြား နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကား တစီး ဗုံးခွဲ တိုက်ခိုက်ခံရတယ်လို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတဦးက အခုလိုပြောပါတယ်။
“မနက်(၇)နာရီ(၄၀)လောက်မှာပါ။ နယ်ခြားစောင့်အဖွဲ့ကကင်းလှည့်တာပေါ့။ အဲတာ ဆွဲမိုင်း(၂)လုံး လို့ပြော တယ် မိုင်းဆွဲတာ။ ထိခိုက်မှု ကတော့ ဒါရိုင်ဘာက ဒဏ်ရာပြင်းတယ် ပြောတယ်။ ကျန်တဲ့သူက သိပ်မရှိဘူး။ ကားက တော့ မှန်တွေ ဘာတွေကွဲပြီးစုတ်ပြတ်သွားတာပေါ့။ သွားလာရေး အခုဒီနေ့ကတော့ အဲဒီမှာလုံ ခြုံ ရေးကားတွေ အများကြီး ပဲချထားတာ။ နောက် မိုင်းလက်ကျန်တွေ ရှင်းနေသေးတယ်”
ဒီဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ နယ်မြေခံရဲတပ်ဖွဲ့ကနေ ထုတ်ဖေါ် ပြောဆိုခြင်း မရှိ သေးပါဘူး။
မောင်တော မဲဆန္ဒနယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်ကတော့ ARSA အဖွဲ့ရဲ့ လက် ချက်လို့ ဒေသခံတွေက သံသယရှိနေကြတဲ့အကြောင်း ပြောပါတယ်။
“အရပ်ဘက်သတင်းအရကြားတာတော့ ARSA အဖွဲ့ကဝင်ပြီးတော့ နှောက်ယှက်တယ်လို့ အဲဒီလိုဘဲ သိခဲ့ တယ်။ ဟိုအဝေးကနေသူတို့က လက်နက်ငယ်ဆိုတာ လုပ်သေနတ်ပေါ့ ၊ လုပ်သေနတ်နဲ့ ပြန်ခုခံတယ်။ ဒီကလှမ်းပြီး ပြန်ထုတယ် ဆိုတော့ တိမ်းရှောင်သွားတာပေါ့။ ”
ဒီကနေ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ကားတစီး ဗုံးခွဲ တိုက်ခိုက်ခံတဲ့အခြေအနေနဲ့ပက်သက်လို့ တပ်မတော် သ တင်းထုတ် ပြန်ရေးအဖွဲ့ အတွင်းရေးမှူး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ နယ်မြေခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ ဒီလပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ပြင်း ထန်နေခဲ့ပြီး တဲ့ နောက်ပိုင်း မိုင်းခွဲတိုက်ခိုက်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွါးနေပါတယ်။
ဖေဖေါ်ဝါရီ(၂၆)ရက်နေ့က ဘူးသီးတောင်မြို့စစ်ဆင်ရေးကွပ်ကွဲမှု စစ်ဌာနချုပ်စကခ(၁၅)တပ်အတွင်း ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်မတော်အရာရှိ ဇနီးသည်တဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဖေဖေါ်ဝါရီ(၅) ရက်နေ့က ရခိုင်ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်ထဲမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ် မတော်ယာဉ် တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဇန်နဝါရီ(၁)ရက်နေ့မှာပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီး ကားလမ်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်း ထိခိုက်မှုဖြစ်ပွါးခဲ့ပါတယ်
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းပိုင်းကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

Link : Here
No comments:
Post a Comment