" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 31, 2023

ဂါဇာရှိ ကင်ဆာဆေးရုံကို အစ္စရေးက တိုက်ခိုက်

M-Media
အောက်တိုဘာ ၃၁၊ ၂၀၂၃

ဂါဇာကမ်းမြှောင်တောင်ပိုင်း ဂါဇာစီးတီးမှာရှိတဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေး ကင်ဆာဆေး ရုံကို အစ္စရေးက တနင်္လာနေ့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆိုးဆိုးရွားရွား ပျက်ဆီး ခဲ့ပါ တယ်။

တနင်္လာနေ့ တစ်နေ့လုံး ဆေးရုံပတ်၀န်းကျင်ကို တိုက်ခိုက်ခဲ့ရာကနေ ညနေ ၅ နာရီခွဲလောက်မှာ မေ့ ဆေးဌာနရှိရာ ဆေးရုံရဲ့ တတိယထပ်ကို ဒုံးကျည်နဲ့ အစ္စရေးက ပစ်ခတ်ခဲ့တာပါ။


နံရံတွေ ပြိုကျသွားခဲ့ပြီး အောက်ဆီဂျင်လိုင်း၊ ရေလိုင်းနဲ့ ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားခဲ့တယ် လို့ ဆေးရုံဒါရိုက်တာ ဆိုဘီ ရှိခ်က ပြောပါတယ်။

ကံကောင်းစွာနဲ့ လူနာတွေ ထိခိုက်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဂါဇာမှာ ကင်ဆာလူနာ တစ်သောင်းလောက်ရှိပြီး တူရကီ-ပါလက်စတိုင်း ဆေးရုံဟာ ကုတင် ၁၅၆ ခု သာဆန့်တဲ့ တစ်ခုတည်းသော ကင်ဆာဆေးရုံ ဖြစ်ပါတယ်။

တူရကီက အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ပြန်ပါတယ်။

တူရကီနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆေးရုံကို တိုက်ခိုက်မှုတွေ မရှိစေဖို့အတွက် နေ ရာအတိအကျအပါအ၀င် ဆေးရုံအချက်အလက်အားလုံးကို အစ္စရေးထံ ပေးထားပြီးသားလို့ ဖော်ပြ ထားပါတယ်။

“ဂါဇာက ပါလက်စတိုင်းပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ပျက်ဆီးအောင် ရည်ရွယ်တဲ့ လူမ ဆန်တဲ့ တိုက်ခိုက်မှုတွေ၊ ပိတ်ဆို့ထားမှုတွေဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုး ဖောက်တာဖြစ်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဂါဇာမှာ သေဆုံးသူအရေအတွက် ၈ ထောင်ကျော်လာခဲ့ပြီဖြစ်ပါတယ်။


Ref: Aljazeera 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */