" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 21, 2023

တရုတ် ပေးနေတဲ့ဖိအား စစ်အုပ်စု သက်ဆိုးရှည်ရေးလား

DVB
December 21, 2023

စစ်တပ်စခန်းပေါင်း ၂၀၀ ကျော်။ မြို့တချို့နဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ယောက်ယက်ခတ်လာတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေကို တွေ့လာရပါတော့ တယ်။

ဒီဇင်ဘာ ၁၁ ရက်မှာ တရုတ်ရဲ့စီစဉ်မှုအရ အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ ညီနောင် ၃ ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်။ သတင်းတချို့က အဲဒီဆွေးနွေးမှုဟာ ခဏသာကြာပြီး ဘာသဘောတူညီချက်မှ ထွက်ပေါ် ခြင်းမရှိဘူးလို့ ဆိုပေမဲ့ ဒီဇင်ဘာ ၁၁ ရက် ဝန်းကျင်ကစလို့ အရှိန်နဲ့ပြေးနေတဲ့ ကိုးကန့်တပ်မတော် MNDAA ရဲ့ ထိုးစစ် ဒီဇင်ဘာ ၁၈ ရက်အထိ ရပ်သွားတာ တွေ့ရပါတယ်။

ဆိုတော့ မြန်မာ-တရုတ်နယ်စပ်မှာ ရပ်တည်နေတဲ့ MNDAA ဟာ တရုတ်အပေါ် မလွန်ဆန်နိုင်မှု တချို့တလေ လည်း ရှိတာကြောင့် ဘာသဘောတူညီချက်မှ မရပေမဲ့ တရုတ်ရဲ့ ဖိအားကြောင့် တိုက်ပွဲတွေ ရပ်လိုက်တာလား လို့ တွေးကြည့်ရင် သိပ်မမှားနိုင်ပါဘူး။

ကူမင်းဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ညီနောင် ၃ ဖွဲ့က ဘာမှမထုတ်ပြန်သေးတာကြောင့် စစ်အုပ်စုနဲ့ တရုတ်ရဲ့ခြေ လှမ်းတွေကို သဲသဲကွဲကွဲ မမြင်ရသေးပေမဲ့ MNDAA ရဲ့ တိုက်ခိုက်မှုတွေ ရပ်သွားခြင်းအတွက် စစ်အုပ်စုက တစုံ တရာ ပြန်ပေးရတာမျိုး မတွေ့ရသေးပါဘူး။

မှန်းဆချက်တချို့က တရုတ်ဟာ MNDAA ရဲ့ တိုက်ခိုက်မှုတွေကို ကိုးကန့်ဒေသကနေ ကျော်လွန်စေတာမျိုး အ ဖြစ်မခံ၊ လောက်ကိုင်လောက်နဲ့သာ အတင်းအကျပ် ကျေနပ်ခိုင်းတဲ့ပုံ။ လောက်ကိုင်မှာရှိတဲ့ စစ်အုပ်စုဩဇာခံ အုပ်ချုပ်ရေးကို ရှင်း၊ MNDAA လက်ထဲ လောက်ကိုင်ကို ထိုးအပ်စေလိုတဲ့ တရုတ်ရဲ့ဆန္ဒအပေါ် စစ်အုပ်စုက ဘယ်လိုသဘောထားမလဲ ဆိုတာလည်း မသဲကွဲသေးပါဘူး။

တရုတ်က နယ်စပ်ဒေသ တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဉ်တပ်လိုက်တယ်။ ညီနောင် ၃ ဖွဲ့ရဲ့ အားပါလှတဲ့ စစ်ဆင် ရေး ကို ဘရိတ်အုပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ လက်ရှိမှာ တအောင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က ဆက်လက်တိုက်ပွဲဝင်နေပေမဲ့ ဘာပဲဖြစ်ဖြစ် MNDAA က အပစ်ရပ်လိုက်ရတာဟာ တိုက်တိုင်းရှုံးနေတဲ့ စစ်တပ် ကို နည်းနည်းဖြစ်ဖြစ် သက်သာရာရစေခဲ့ပါတယ်။ ဒါဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ နိုင်ငံတဝန်းအရှိန်အဟုန်မြှင့်တိုက် နေတဲ့ တိုက်ပွဲတွေကြောင့် မျက်ဖြူလန်နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးပေါ်ခန်းထဲကနေ ဆွဲထုတ် နိုင်ဖို့ တရုတ်ရဲ့ ကြိုးပမ်းချက်လည်း ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခုလို မတည်ငြိမ်မှုတွေ၊ စစ်ပွဲတွေ ဖြစ်နေခြင်းရဲ့ တဦးတည်းသော အဓိကတရားခံဟာ သေနတ် ဖောက် အာဏာသိမ်းလိုက်တဲ့ စစ်အုပ်စုကြောင့်ဖြစ်ကြောင်း တရုတ်ကောင်းကောင်းသိပေမဲ့ တရုတ်အစိုးရဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ အဆက်အဆံ မပျက်ခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပုဂံကိုလာစဉ်က မင်းအောင်လှိုင်ကို လာမတွေ့တာနဲ့ ဘေဂျင်းမှာ အောက်တိုဘာလအတွင်း ကျင်းပတဲ့ ပိုးလမ်းမဖိုရမ်တက်ဖို့ မင်းအောင်လှိုင်ကို မဖိတ်တာကလွဲလို့ တရုတ်ရဲ့ မူအရ အစိုးရချင်း ဆက်ဆံရေး မပျက်ခဲ့ပါ ဘူး။

တရုတ်အစိုးရဟာ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ပေမဲ့ အကြမ်းဖက် စစ်အုပ် စုက မူ ၅ ရပ်ကို နေ့စဉ် ပြည်သူသတ်ဖြတ်ခြင်းနည်းနဲ့ စုတ်ဖြဲပြနေတာတောင် တခွန်းမျှ မဟခဲ့ပါဘူး။ စစ်အုပ်စု က ပြည်သူသတ်နေတာကို တရုတ်အစိုးရက မြန်မာပြည်တွင်းရေးကိစ္စလို့ပဲ သဘောထားပြခဲ့ပုံရပါတယ်။

ဒါ့အပြင် စစ်အုပ်စုလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီလည်း ရွေးကောက်ပွဲဝင် ဆိုတဲ့ လိုင်းကို တရုတ်က တည် ခဲ့သေးပြီး စစ်အုပ်စုကိုယ်တိုင်က လက်မခံလို့ အဖတ်ဆယ်မရခဲ့ပေမဲ့ တရုတ်အစိုးရက ဖိအားပေးတယ်ဆိုတာမျိုး မကြားခဲ့ပါဘူး။

အမေရိကန်နဲ့ တရုတ် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ထောက်ခံခဲ့တဲ့ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ကို ပြတ်ပြတ်ငြင်းခဲ့တဲ့ စစ်အုပ်စုအတွက် ပြစ်ဒဏ်က အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင်တွေ တက်ခွင့်မရတာ တခုတည်း ရှိခဲ့ပါတယ်။ ပြီးတော့ အာဆီယံရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ စစ်အုပ်စုကို စားပွဲဝိုင်းပေါ်ရောက်အောင် ဆွဲမတင်နိုင်ခဲ့ပါဘူး။

စစ်အုပ်စုက အဲဒီလို မူ ၅ ရပ်ကို ပြတ်ပြတ်ငြင်းကာ ပြည်သူကို ဗုံးကြဲသတ်ဖြတ်ရဲတဲ့အထိ အတင့်ရဲခဲ့တာကြောင့် လည်း ပြည်သူတွေဟာ စစ်အုပ်စုဆီကနေ ကျည်ဆန်တွေသာ ရစရာရှိကြောင်း ခြွင်းချက်မရှိ လက်ခံလိုက်ကြပါ တယ်။ ဒါ့ကြောင့်ပဲ လက်နက်ကိုင်တော်လှန်ရေးအပေါ် ပြည်သူတွေက ပြတ်သားစွာ ထောက်ခံခဲ့ကြခြင်း ဖြစ်ပါ တယ်။ ဒီနေ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်တိုက်ပွဲ ကြီးထွားလာမှုနဲ့ စစ်ဆင်ရေးတွေ အောင်မြင် တာဟာ ပြည်သူထောက်ခံမှုနဲ့ ပြည်သူတို့ရဲ့ ဒဏ်ခံနိုင်စွမ်းမပါဘဲ မဖြစ်နိုင်ဘူးဆိုတာ နိုင်ငံရေးနည်းနည်းသိရုံနဲ့ ပိုင်းဖြတ်နိုင်ပါတယ်။

အခု စစ်ဆင်ရေးတွေက အားကောင်းလာပြီး အကြမ်းဖက်စစ်တပ် ဖရိုဖရဲဖြစ်လာပြီဆိုမှ တရုတ်က တော်လှန်ရေး မီး ပေါင်ကို ဖိအားပေးခြင်းနည်းနဲ့ လျှော့ချဖို့ ကြိုးစားရုံတင်မက အာဆီယံကိုပါ ကမ်းလှမ်းခဲ့ပြန်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံသံတမန်တွေနဲ့ တွေ့ဆုံကာ မြန်မာပြဿ နာ ကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောခဲ့ပါတယ်။

နိုဝင်ဘာလအတွင်းကပဲ ဂျကာတာမှာ NUG အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု တချို့နဲ့စစ်အုပ်စုရဲ့ကြား ခံကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့သယောင် အင်ဒိုနီးရှားရဲ့ ထုတ်ပြန်ချက်အပေါ် NUG အစိုးရက အာဆီယံနဲ့ သီးခြားတွေ့ဆုံမှုသာရှိပြီး စစ်အုပ်စုကြားခံ ကိုယ်စားလှယ် အပါအဝင် ဘယ်သူနဲ့မှ မတွေ့ခဲ့ကြောင်း ငြင်းဆိုပြီး နောက် ငြိမ်ကျသွားတဲ့ အာဆီယံဟာ အခုထိ မြန်မာ့အရေး ပေါ်ပေါ်ထင်ထင် ထပ်လှုပ်ရှားတာ မတွေ့ရသေး ပါ ဘူး။

ဒါပေမဲ့ အင်ဒိုနီးရှား ပြောခဲ့ဖူးတဲ့ အသံတိတ်ဒီပလိုမေစီအတိုင်း ခြေသံလုံလုံနဲ့ မြန်မာ့အရေး တီးခေါက်မှုတွေ ရှိ နိုင်ပါတယ်။ တရုတ်အစိုးရရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်လိုမှု သဘောထားအပေါ် ထောက်ခံမှာလည်း သေချာပါတယ်။ ဘာလို့လဲဆိုတော့ အာဆီယံကိုယ်တိုင်က အာဆီယံမူ ၅ ရပ်အပေါ် ဘုရားဟောပမာ ဦး ထိပ် တင်ကာ ဒါမှဒါ ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားသလို ဒါကလွဲလို့ တခြားလမ်းလည်း အာဆီယံမှာ မရှိတာကြောင့်ပါပဲ။

တရုတ်အစိုးရအနေနဲ့ ညီနောင် ၃ ဖွဲ့နဲ့ ဆွေးနွေးရေးကို တာဝန်ယူပြီး အာဆီယံက NUG အစိုးရ အပါအဝင် တ ခြား သော တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးစေလိုပုံရပါတယ်။

တရုတ်အစိုးရရဲ့ မြန်မာ့အရေး လတ်တလော ရပ်တည်ချက်က မင်းအောင်လှိုင်စစ်တပ် ပြိုလို့မဖြစ်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ အာဆီယံကလည်း မဖြစ်နိုင်တဲ့ အာဆီယံမူ ၅ ရပ်ကိုသာ ရွတ်နေပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုက လတ်တလော စစ်ဆင်ရေးတွေအပေါ် မသိချင်ယောင်ဆောင်ကာ စီးပွားရေး ပိတ်ဆို့မှုကိုသာ လုပ်နေပါတယ်။ ကုလသမဂ္ဂကတော့ မြန်မာပြည်သူ ဘယ်လောက်သေသေ ကြေညာချက် ထုတ်ရုံကလွဲ ဘာမှမလုပ်နိုင်ဘူးလို့ မပြောရုံတမယ်ပါပဲ။

ထွန်းလင်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */