Tuesday, October 15, 2024

ရိုဟင်ဂျာအရေး ပါဝင်ဖြေရှင်းပေးဖို့ တရုတ်ကို ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA
RFA Burmese
2024.10.15
 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအနီးရှိ Palang Khali သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ Reuters
 
ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရေးမှာ တရုတ်နိုင်ငံအနေနဲ့ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အကြံပေး Touhid Hossain က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်ဆက်ဆံရေး အနာဂတ်မျှော်မှန်းချက်ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောခဲ့တာလို့ The Business Standard သတင်းက မနေ့က ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့အတွက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးမှာ တရုတ်နိုင်ငံ အနေ နဲ့ ထဲထဲဝင်ဝင် ပါဝင်ပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်ကြောင်း၊ အခုကိစ္စနဲ့ ပတ်သက်ပြီးလည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အကြံပေး Touhid Hossain က ပြောပါတယ်။

ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက် အရေးကြီးပြီး ဒီအကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာကို အကူ အညီတောင်းခံထားပေမဲ့ အဆင်ပြေနိုင်တဲ့ နည်းလမ်းမတွေ့ရဘဲ နေရပ်ပြန်ပို့ရေးကပဲ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအကျပ်အတည်းဟာ ထပ်ခါတလဲလဲ မဖြစ်သင့်ကြောင်းနဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့အခွင့်အ ရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်ရှိသင့်တယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို အထူးဧည့်သည်တော်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */