" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 15, 2021

တပ်မတော် ဘာဆက်လုပ်မည်နည်း

ဧရာဝတီ
Jonathan Head
15 February 2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွတ်တွန်းမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်အုပ်ချုပ်ရေး မှားယွင်းမှု ကြေကွဲစရာဇာတ်လမ်းတွင် သူ၏ ဆိုးရွားလှသော အခန်းကို ဖြည့်စွက်လိုက်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စမ်းသပ်ကျင့်သုံးနေမှုကို ဖျက်ဆီးလိုက်ပြီး တကမ္ဘာလုံးကိုတုန်လှုပ်သွား စေသူ သည် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် နှစ်ကြိမ်သာ အများပြည်သူရှေ့ထွက်လာပြီး သူ၏ လုပ်ရပ်များကို ရှင်း လင်းတင်ပြသည်။

ရုပ်မြင်သံကြားတွင် စကားပြောရန် စာတန်းထိုး စက်ရှေ့တွင် စိတ်လှုပ်ရှားစွာရပ်နေသော ဗိုလ်ချုပ် မှူးကြီး မင်း အောင်လှိုင်သည် အာဏာသိမ်းခြင်း၊ နိုင်ငံခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ မြန်နိုင်ငံ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တနိုင်ငံလုံးတွင် လူထုအလွှာပေါင်းစုံက စစ်အုပ်ချုပ်ရေးကို အကြီးအကျယ် ဆန္ဒပြနေခြင်း၊ နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု မုန်တိုင်းထန်နေခြင်းနှင့် အရေးယူပိတ် ဆို့မှု ခြိမ်းခြောက်မှုသစ်တို့ကို သူ၏မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခြင်း မရှိပေ။

ထိုအစား သူသည် တပ်မတော်၏ အပ်ကြောင်းထပ်နေသည့် စည်းကမ်းရှိရေး၊ ညီညွတ်ရေးနှင့် လွန်ခဲ့ သော နိုဝင်ဘာလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲသမာမှုရှိသည်ဆိုသည့် အခြေအမြစ်မရှိ သော စွပ်စွဲချက် များကိုသာ ထပ်ခါတလဲလဲပြောသည်။ ဒေါသပေါက်ကွဲနေသော လူထုကို စိတ်ကျေ နပ်အောင်ပြောရသည့် သူ လုပ်လေ့လုပ်ထ မရှိသော အခန်းမှ ပါဝင်ရခြင်းကြောင့် အထင်အရှား စိတ်မသက်မသာဖြစ်နေသည့်အပြင် ဗိုလ် ချုပ်မှူးကြီးသည် အာဏာသိမ်းခြင်းကြောင့် နိုင်ငံကို သူ ဆွဲချလိုက်သည့် အန္တရာယ်များလှသော အကျပ်အ တည်း ကိုလည်း ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။

ကမ္ဘာတဝန်းမှ ကျန်သူများနှင့် လွန်ခဲ့သော နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုး သားဒီမို ကေ ရစီအဖွဲ့ချုပ် (NLD) ဒုတိယသက်တမ်းအတွက်ပြတ်ပြတ်သားသားထောက်ခံရန်မမျှော် လင့်လောက် အောင် များပြားသော အရေအတွက်ဖြင့် မဲပေးခဲ့သော မြန်မာပြည်သူ သန်းပေါင်း များ စွာ၏ အမြင်တွင် ထိုစစ် အာ ဏာသိမ်းမှုသည် ရွေးကောက်ပွဲတွင် အထင်အရှားရှုံးနိမ့်ကာ မျက်နှာ ပြောင်တိုက် အာဏာသိမ်းမှု၊ ယခုနှစ် ဇူလိုင်လတွင် အငြိမ်းစား မယူမနေရဖြစ်ပြီး ဘဝလမ်းကြောင်း လွန်စွာ မရေမရာဖြစ်သွားသော တပ်မှူးတဦး၏ အာဏာသိမ်းမှုသာ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်များကမူ ထိုသို့မမြင်ကြပေ။ ၎င်းတို့အဆို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟု ခေါ်သော အ ရာသို့ အသွင်ကူးပြောင်းပြီးနောက် လက်နက်ကိုင်တပ်များသည် အရေးပါသော အခန်း မှ ဆက်လက်ပါ ဝင်နိုင် ရန် လက်ရှိဖွဲစည်းပုံကို ၎င်းတို့စိတ်ကြိုက် နှစ်ပေါင်းများစွာ ရေးဆွဲခဲ့သည်။ ထိုအစီအစဉ်သည် ၎င်းတို့မကြိုက် သောလမ်းကြောင်းသို့ ဦးတည်နေသောအခါ ကြားဝင်စွက်ဖက် ခွင့်ကိုလည်း သီးခြားယူထားကြသည်။

“ကျနော် မင်းအောင်လှိုင်နဲ့တွေ့တိုင်း သူက သူ့အခန်းကဏ္ဍက ဒီမိုကရေစီကို ကာကွယ်ဖို့ လို့ပြော တယ်” ဟု မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုခဲ့သော ဝါရင့်သံတမန်တဦးက BBC သို့ပြော သည်။ ၎င်းသည် အမည်ကို ထုတ်ဖေါ်ပြောဆိုလိုခြင်း မရှိသေးပေ။

“သူတို့အမြင်ကတော့ဗျာ နိုင်ငံရဲ့ဒီမိုကရေစီမှာ မသမာမှုတွေရှိလို့ ဝင်ပါရတယ်ပေါ့။ ဒါကတော့သူတို့ ရဲ့ အ ကြောင်း ပြချက်လေ။ ဖွဲ့စည်းပုံနဲ့အညီ ပြုမူခဲ့တယ်လို့ သူတို့ကိုယ်သူတို့ ထင်နေကြတာ။ ဒါကို တကမ္ဘာလုံးက နားလည်မယ်လို့လည်း သူတို့ထင်နေကြတာ။ သူတို့လုပ်ခဲ့တာဟာ အာဏာသိမ်းခဲ့ တာလို့ သူတို့မထင်ကြဘူး” ဟုလည်း ထိုဝါရင့်သံတမန်က ပြောသည်။

နောက်ဆုံး စစ်အုပ်ချုပ်ရေးကာလ လက်ရွေးစဉ်ကိုယ်စားများ၏ အစည်းအဝေးတခုတွင် မူကြမ်းရေး ဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံသည် တောင်မရောက်မြောက်မရောက် ဒီမိုကရေစီကို ဖန်တီးပေးသည်။ ထိုဒီမိုကရေစီတွင် မည်သည့်အစိုးရတက်သည်ဖြစ်စေ တပ်မတော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာ အားလုံး၏ ၄ ပုံ တပုံနှင့် သြဇာအာဏာကြီးမားသည့် ဝန်ကြီးဌာန ၃ ခုကို ရယူထားပြီး ဒေသ ဆိုင်ရာ အစိုးရအစိတ်အပိုင်း အများအပြား ကိုလည်း ထိန်းချုပ်ထားသည်။

ထိုဖွဲ့စည်းပုံသည် မြန်မာနိုင်ငံသားမဟုတ်သော အိမ်ထောင်ဖက်ရှိသူ၊ သားသမီးရှိသူ မည်သူကိုမဆို လည်း သမ္မတဖြစ်ခွင့် ပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိုထိပ်တန်းရာထူး ယူခွင့် ပိတ်ပင်ထားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လိုက်ရာတွင် မည်သည့် ဥပမာမျိုးကို ယူလိုသနည်းဟု ၂၀၀၆ ခုနှစ်နှောင်းပိုင်းက ပြန်ကြားရေးဝန်ကြီးကို စာရေးသူကမေးခဲ့ဖူးသည်ကို ပြန်အမှတ်ရသည်။ ၎င်းတို့သည် အင် ဒိုနီးရှားမှ ဆူဟာတို အာဏာရှင်အစိုးရသည် အသင့်တော်ဆုံး ပုံစံဖြစ်ကြောင်း ထို ဝန်ကြီးက ရိုးသားစွာ ပြောသည်။

ထို့ကြောင့် ၂၀၁၀ ခုနှစ်ကုန်တွင် ဗိုလ်ချုပ်များက ၎င်းတို့၏ ဒီမိုကရေစီအဖွင့်ကို စတင်ပြီး ဒေါ်အောင် ဆန်းစု ကြည်ကို လွှတ်ပေးသောအခါ ၎င်းတို့သည် ဆက်လက်ထိန်းချုပ်ထားနိုင်မည်ဟု မျှော်လင့်ခဲ့ သည်။ ၎င်းတို့၏ လက်ဝေခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲတွင် တပ်ကိုယ်စားလှယ်များနှင့်ပေါင်းစပ်လိုက်သောအခါ NLD အနေဖြင့် တပါတီတည်း အစိုးရမဖွဲ့နိုင်ဖြစ် လောက်အောင် အခြေအနေကောင်းမည်ဟု ၎င်းတို့ထင် ခဲ့ ပြီး ထိုရွေးကောက်ပွဲတွင် ရှုံးနိမ့်ရသည့် အတိုင်း အ တာကို မြင်ရသောအခါ တုန်လှုပ်ခဲ့ကြသည်။

လွန်ခဲ့သော ၅ နှစ်အတွင်း NLD ၏ တခါတရံ စိတ်ပျက်စရာ အုပ်ချုပ်ရေးကြောင့် ၎င်းတို့သည် ပိုမို ကောင်းမွန် သော ရလဒ်ကို ၂၀၂၀ ရွေးကောက်ပွဲတွင် မျှော်လင့်ခဲ့သော်လည်း ၎င်းတို့ အနိုင်ရသော လွှတ်တော်ကိုယ်စား လှယ်နေရာများ ပိုမိုလျှော့ကျသွားပြီး ၇ ရာခိုင်နှုန်းပင် မပြည့်ကြောင်း တွေ့ခဲ့ သည်။ သူ့မဟာမိတ်ပါတီ၏ ဆိုးရွား လှသော စွမ်းဆောင်ရည်ကို ဖြေရှင်းရန်ဖြစ်နိုင်သည့် တခုတည်း သောနည်းလမ်းမှာ မဲမသမာမှု အကြီးအကျယ် ရှိသည်ဆိုသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အမှန်တကယ် ယုံကြည် နေနိုင်သည်။

ယခုအခါ လက်နက်ကိုင်တပ်များက ၎င်းတို့၏ ဒီမိုကရေစီကို ကာကွယ်ရန်ဟု အကြောင်းပြကာ အာဏာသိမ်း လိုက်သောအခါ မည်သို့ရှေ့ဆက်စခန်းသွားကြမည်နည်း။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမျိုးသားခုခံရေး လှုပ်ရှားမှုဖြစ်သွားသောကိစ္စကို ကိုင်တွယ် ရေးသည် ၎င်းတို့၏ လတ်တလော စိန်ခေါ်မှုဖြစ်သည်။ မြန်မာနိုင်ငံမှ လူတိုင်း၏ စိတ်တွင်ရှိနေသော မေးခွန်းမှာ စစ်အစိုးရ သည် ယခင်လုပ်နေကျအတိုင်း ဆန္ဒပြသူအများအပြားကို သတ်ဖြတ်ပြီး ဖြေ ရှင်း နိုင် မဖြေရှင်းနိုင်ဆိုသော ကိစ္စ ဖြစ်သည်။

သို့သော် စစ်အစိုးရအနေဖြင့် နိုင်ငံရေးအရ တရားဝင်မှုရှိအောင် ပြန်လုပ်ရမည်ဖြစ်သည်ရွေးကောက် ပွဲတွင် NLD က လူထုထောက်ခံမှု အမြဲတမ်းရနေသည့် ပြဿနာကိုဖြေရှင်းရန် ၎င်းတို့သည် တနှစ် တာ အရေးပေါ် အခြေအနေ ကြေညာသော်လည်း သက်တမ်းတိုးနိုင်သည်။

ထိုင်းပုံစံလိုက်မလား

ဗမာဗိုလ်ချုပ်များ နမူနာယူရန် ကစားနည်း စာအုပ်တအုပ် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရှိနေကြောင်း ထင်ရှား သည်။

ထိုင်းတွင် ၂၀၁၄ ခုနှစ် အာဏာသိမ်းသူများသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျင်းပသည့် ရွေးကောက် ပွဲတိုင်းတွင် အနိုင်ရနေသော လူထုထောက်ခံမှုများသော ပါတီဖြစ်သည့် သက်ဆင်ရှင်နာဝပ်ထရာနှင့် သူ၏ညီမ ယင်လတ် တို့ ဦးဆောင်သည် ဖွေ့ထိုင်းပါတီအား မည်သို့ဟန့်တားရပ်တန့်ပစ်ရမည်နှင့် ပတ်သက်ပြီး စမ်းတဝါးဝါး ဖြစ်နေ သည်။

ရွေးကောက်ခံအစိုးရ၏ အာဏာချိန်ခွင်လျှာကို ညှိမည့် ကိုယ်စားလှယ် ၂၅၀ ကို ခန့်အပ်ထားသည့် အထက် လွတ်တော် ပါဝင်သော ဖွဲ့စည်းပုံကို ရေးဆွဲခြင်းအပြင် ဖွေ့ထိုင်းပါတီမှ အနိုင်ရ ကိုယ်စား လှယ် လျှော့နည်း စေေရေးအတွက် ထိုင်းစစ်အစိုးရသည် ရွေးကောက်ပွဲစနစ်ကိုလည်းဂရုတစိုက်ပြန် လည်ပြင်ဆင်သည်။ မြန်မာ စစ်အစိုးရသည် ထိုသို့လုပ်ဖွယ်ရှိသည်။ လူထုထောက်ခံမှု ကျယ်ပြန့်ခြင်း ကြောင့် NLD သည် ယခုမဲများသူ အ နိုင် ရသည့်စနစ်တွင် ရသည့်မဲအရေအတွက်ထက် အချိုးအစား အားဖြင့် လွန်စွာမြင့်မားသည့် ကိုယ်စားလှယ် နေရာများကို နောက်ထပ်ရွေးကောက်ပွဲတွင်လည်း အနိုင်ရနိုင်သည်။

ထိုင်းစစ်အစိုးရသည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုလည်း ခန့်အပ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးအဖွဲဝင်များအပေါ်တွင်လည်း သြဇာအကြီးအကျယ် လွှမ်းမိုးသည်။ ထိုမဏ္ဍိုင် အဖွဲ့အစည်းများသည် ရွေးကောက်ပွဲစည်းမျဉ်းများကို စစ်တပ်လက်ဝေခံပါတီအကြိုက်ဖွင့်ဆိုရာတွင် အရေးပါသော အခန်းမှပါဝင်ပြီး ထိုတရားရုံး၏ ဆုံးဖြတ်ချက်များသည် နိုင်ငံရေးတွင် စစ်တပ်ပါဝင် သည့် အခန်းကဏ္ဍကို ဆန့်ကျင်သည့် ပါတီ များကို မည်သည့်အခါမျှ မျက်နှာသာမပေးပေ။

မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်ကို ရယ် စရာ ကောင်း လောက်အောင် ကလေးဆန်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် စွဲဆိုထားပြီးဖြစ်သည်။ နိုင်ငံတဝှမ်းရှိ NLD ရုံးများ နှင့် ရွေးကောက်ပွဲကော်မရှင် ရုံးများကို ညဖက်တွင် မကြာခဏ ဝင် ရောက် စီး နင်းနေခြင်းသည် NLD နှင့်ပတ် သက်ပြီး ပိုမိုလက်ခံနိုင်သော ရွေးကောက်ပွဲလိမ်လည်မှု စွပ်စွဲရာတွင် အထောက်အကူပြုရန်ဖြစ်နိုင်ပြီး အနာ ဂတ်ရွေးကောက်ပွဲများတွင် NLD နှင့်ထိပ်တန်း ခေါင်းဆောင်များ အရည့်အချင်းမပြည့်မီအောင် လုပ်ရန် ရည် ရွယ် ချက်ဖြင့် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်မည်။

သို့သော် ထိုင်းနိုင်ငံတွင် သက်ဆင်ရှင်နာဝပ်ထရာကို အမှန်တကယ် မုန်းသော လူအများအပြား လည်း ရှိပြီး နိုင်ငံသည် အမှန်တကယ် သွေးကွဲနေသော နိုင်ငံဖြစ်သည်။ စစ်ဘက်ယိမ်းသော အာ ဏာရ PPRP ပါတီသည် ကိုယ်စားလှယ်နေရာ နည်းသော်လည်း အခြားမည်သည့် ရွေးကောက်ပွဲမ ဆိုထက် အမှန်တကယ် မဲပိုရကာ ရွေးကောက်ပွဲကော်မရှင်၏ အကူအညီဖြင့် အာဏာရညွန့် ပေါင်း အစိုးရဖွဲ့နိုင်ခဲ့သည်။

အမေရိကန်နှင့် အခြားနိုင်ငံများ သြဇာလွှမ်းမိုးနိုင်ခြင်း မရှိ

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်ပတ်သက်သော လူထုဒေါသ ထူးခြားစွာမြင့်မားခြင်းကြောင့် လွပ် လပ်မှု တစုံ တရာပါသော မည်သည့်ရွေးကောက်ပွဲမဆိုတွင် USDP ဖြစ်စေ စစ်တပ်ကျော ထောက် နောက်ခံပြု မည်သည့် ပါတီဖြစ်စေ လွန်ခဲ့သော နိုဝင်ဘာလက ရွေးကောက်ပွဲထက် အခြေအနေ များစွာ ပိုမိုဆိုးရွားနိုင်သည်။

မကြာမီ အနာဂတ်တွင် လုပ်ဇာတ်လုပ်ပြီး ရွေးကောက်ပွဲ ကျင်းပကာ စစ်တပ်ပါတီ အနိုင်ရအောင် လုပ်ရန် လို အပ်သော ရွေးကောက်ပွဲ လိမ်လည်မှုနှင့် ဖိနှိပ်မှု အတိုင်းအတာသည် ထိုလုပ်ရပ်ဖြင့်ပေါ် ပေါက်လာသော မည် သည့်အစိုးရမဆို တရားဝင်မှု မဆိုသလောက်သာ ရစေမည့် အန္တရာယ်ရှိသည်။ ဗိုလ်ချုပ်များအနေဖြင့် ယခု အသက် ၇၅ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို အ သက်အရွယ်အရနှင့် နိုင်ငံရေးအာဏာမှ ဖယ်ထုတ်ခြင်းဖြင့် ဇာတ်ဝင်ခန်းမှ ဖယ်ရှားပစ်ရန် မျှော်လင့်နေပုံရသည်။

လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကြီးမားသော တိုးတက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ထိုသို့လုပ် ဆောင် ခြင်းသည် မြန်မာနိုင်ငံအတွက် ဆိုးရွားလှသော အလားအလာဖြစ်သည်။

“ယုံတောင် မယုံနိုင်ဘူးဗျာ။ လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ကိုယ်သူတို့ ပါတီစုံ ဒီမိုကရေစီအ တွက် လုပ်နေ တယ်လို့ ထင်နေကြတာ” ဟု အထက်ပါ ဝါရင့်သံတမန်ကပြောသည်။ “သူတို့ ဒီလို လုပ် ရပ်မျိုးကိုလုပ်ရင် တက မ္ဘာလုံးက သူတို့ကို နားလည်နိုင်မှာမဟုတ်ဘူးဆိုတာ သူတို့ကို ပြော မှဖြစ်မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရရှိ ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ ရ မှာ မဟုတ်ဘူး။ ဒါကို နားလည်မှု လွဲမှားခြင်း မဖြစ်စေဘဲ လက်နက်ကိုင်တပ်တွေကို ပြောရမယ်” ဟုလည်း သူဆက်ပြောသည်။

မြန်မာ့တပ်မတော်နှင့် ၎င်း၏ကျယ်ပြန့်သော အကျိုးစီးပွားများကို ပစ်မှတ်ထားသော အရေးယူမှု များကို ဝါရှင် တန် ရှိ ဂျိုးဘိုင်ဒင် အစိုးရက ကြေညာထားပြီးဖြစ်သော်လည်း ၎င်းတို့သည် စစ်တပ် အပေါ်သြဇာ သက်ရောက်မှု အကန့်အသတ်ဖြင့်သာ ရှိသည်။

“ကျနော်တို့မှာ ဖိအားပေးဖို့သြဇာ အပြည့်အဝမရှိဘူး” ဟု မြန်မာနိုင်ငံ နိုင်ငံရေးတံခါးဖွင့်ပြီး ပထမ ဆုံး အမေရိ ကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဒဲရက် မစ်ချယ်ပြောသည်။ “အဓိက ကျတာက ကျနော်တို့ရဲ့ မဟာမိတ်တွေပဲ။ ကျနော်တို့ မဟာမိတ်အချို့ ဖြစ်တဲ့ ဂျပန်၊အိန္ဒိယနဲ့တောင် ကိုရီးယားတို့က မြန်မာမှာ ရင်းနှီး မြှုပ်နှံ မှုတွေ အများအပြားလုပ်ထားတော့ ဒါကလည်း ခက်ခဲနေ တယ်။ သူတို့တွေက မြန်မာနိုင်ငံမှာ တရုတ်သြ ဇာကြီးထွားမှာကိုလည်း စိုးရိမ်နေကြတယ်။ကျနော် တို့မဟာမိတ်တွေအနေနဲ့ စစ်မှန်ပြီး စဉ်ဆက်မပြတ်တဲ့ ဖိ အားပေးပြီး အခုဖြစ်နေတာတွေကို လက်မ ခံဖို့ ကျနော်တို့ နည်းလမ်းရှာရမယ်” ဟုလည်း သူပြောသည်။

“ဒါပေမယ့် ကျနော်တို့က အရင်ခေတ်ကလို အရေးယူမှု ပုံစံဟောင်းကို ပြန်သွားမှာ မဟုတ်ဘူး။ အ ရေးယူပိတ် ဆို့မှုတွေက စစ်တပ်က အရမ်းလိုချင်နေတဲ့ ငွေကြေး၊ လက်နက်နဲ့ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်အောင် အရမ်း ကို ဂရုတစိုက် လုပ်ဆောင်မှာဖြစ်တယ်။ သူတို့ အကြောက်ဆုံးအရာက တ ရုတ် လို အိမ်နီးချင်းနိုင်ငံကြီးတွေကို အလွန်အကျွံ မှီခိုနေရတာပဲ။ ဒီတော့ မင်းတို့ရဲ့ ဆက်ဆံ ရေး တွေကို ချိန်ခွင်လျှာ ညှိချင်ရင် ဒီတိုင်းတော့မရဘူး၊ တန်ဖိုးတခုပေးဆပ်ရမယ် ဆိုတာကို ကျနော် တို့ က ဖေါ်ပြရမယ်။ စစ်တပ်က ဒါကို နားလည်ရမယ်” ဟုလည်း သူပြောသည်။

သူတို့က ထိုအချက်ကို နားလည်နိုင်ပါမည်လား။ မြန်မာ့စီးပွားရေးသည် ကိုဗစ်-၁၉ ကြောင့် အကြီးအ ကျယ် အ ထိနာနေပြီးဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် တပ်မတော်က ရိုဟင်ဂျာများကို လူမျိုးစုသန့် စင် သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နောက်ဆုတ်သွားခဲ့သည်။ အရေးယူပိတ်ဆို့မှုများသည်အကန့် အသတ်ဖြင့်သာ သက်ရောက်မှု ရှိနိုင်သော်လည်း ထိုမျှ လူထုထောက်ခံမှုကင်းမဲ့သည့် စစ်အစိုးရ အောက်တွင် လုပ်ကိုင်ရသောကြောင့် ဂုဏ်သိ က္ခာကျဆင်းမှုကို ရှောင်ရှားလိုသော ပြည်ပကုမ္ပဏီ များသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာနိုင်သည်။

ဆန့်ကျင်သောအဖွဲ့အစည်းများကို ပိတ်ဆို့ရန် အင်တာနက် ပိတ်ပင်ရန် ကြိုးစားခြင်းသည် အထူး သဖြင့် ဖေ့ ဘွတ်ကို ကျယ်ပြန့်စွာသုံးပြီး ပစ္စည်းရောင်းနေရသည့် စီးပွားရေးလုပ်ငန်းငယ်များကို အကြီးအကျယ် ထိခိုက်စေ နိုင်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းများက သတိပေးနေသည်။ ပြင်းထန်လှသော စီးပွားရေးအကျပ် အ တည်းကြောင့် ဗိုလ်ချုပ်များအနေဖြင့် ပြန်လည်စဉ်းစားရန် ဖြစ်စေနိုင်သည်။

သို့သော် လွန်ခဲ့သော ၁၀ နှစ်က အသွင်ကူးပြောင်းမှုကာလကိုဖြစ်စေသော အာဏာခွဲဝေမှု အစီအ စဉ်အား ဖျက် ဆီးလိုက်ပြီး ဖြစ်သောကြောင့် ဗိုလ်ချုပ်များအနေဖြင့် ဆန္ဒရှိလျှင်ပင် အာဏာသိမ်းမှုမှ မည်သို့နောက် ပြန်လှည့် မည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့ပေ။ နေအိမ်အကျယ်ချုပ်ဘဝက ဗိုလ်ချုပ်များကို နှစ်ပေါင်း ၂၀ ကြာ ဆန့်ကျင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် .ယခုအခါ ထိုပုံစံ မျိုးဖြင့်ပင် သူမကိုဖြုတ်ချလိုက်သော ဗိုလ်ချုပ် များကို အလျှော့ပေးရန်မှာ မဖြစ်နိုင်သလောက် ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင်လည်း စစ်အာဏာသိမ်းမှုအပေါ်လူထု ဆန့် ကျင်မှု ပိုမိုများပြားစေရန် စိတ်ခွန်အားကို ဖြစ်စေမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွတ်တွန်းမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်အုပ်ချုပ်ရေး မှားယွင်း မှု ကြေကွဲ စ ရာဇာတ်လမ်းတွင် သူ၏ ဆိုးရွားလှသော အခန်းကို ဖြည့်စွက်လိုက်တော့မည်ဖြစ်သည်။

( Jonathan Head သည် BBC သတင်းဌာန၏ အရှေ့တောင်အာရှရေးရာ သတင်းထောက်ဖြစ်ပြီး ၎င်းရေး သား ထားသော Myanmar coup: What will the military do now? ကို ဘာသာပြန် ဆိုဖော်ပြသည်။)


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */