Sunday, November 29, 2020

ဆွေးနွေးမှုအဆင့်တခုရောက်ရင် AA ကို အကြမ်းဖက် အ ဖွဲ့အဖြစ်က ပယ်ဖျက်ပေးမယ်

VOM
ဆွေလင်းထွန်း(VOM)
Editor Htein Lin
နိုဝင်ဘာ-၂၇-၂၀၂၀

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော်(AA) နဲ့ ဆွေးနွေးနိုင်ရေးအတွက် လူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကတဆင့် ဆောင်ရွက်နေပြီး ဆွေးနွေးမှုအဆင့်တခုရောက်ရင် အကြမ်းဖက်အဖွဲ့ အဖြစ်ကနေ ပယ်ဖျက်ပေးမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည် တော်မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့် ပြောခဲ့တာ ဖြစ်ပါတယ်။

“အရင်ကလည်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေနွေးရာမှာ ကြိုတင်ညှိနှိုင်းဆွေးနွေးပြီးတော့ အဆင့်တခု ရောက်မှ မတရားအသင်းတွေ၊ အကြမ်းဖက်အဖွဲ့တွေအဖြစ်ကနေ ဥပဒေနဲ့အညီပယ်ဖျက်ပေးခဲ့တဲ့ သာဓကေ တွ ရှိတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေ ကြေညာခဲ့ခြင်းဟာလည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူ တည်တာပဲ ဖြစ်ပြီးတော့ကျ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကိုလည်း ဖြစ်ပေါ်တိုးတက်လာတဲ့ လုပ်ဆောင်ချက်တွေ ငြိမ်း ချမ်းရေးအတွက် ဆောင်ရွက်မှုတွေအပေါ်မှာ ကြည့်ရမှာ ဖြစ်တယ်လို့” ပြောပါတယ်။

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ နိုဝင်ဘာ ၁၂ ရက်မှာ AA အဖွဲ့က အစိုးရနဲ့ တပ်မတော်ကို မေတ္တာရပ်ခံပြီးနောက်ပိုင်း ရခိုင်ဒေသမှာ AA နဲ့ ထိတွေ့တိုက်ပွဲ မရှိခဲ့ ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်အနေနဲ့ မြို့ရွာတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတာဖြစ်ပြီး အဲ့လိုဆောင်ရွက်မှု တွေကို မထိခိုက်ရင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူးလို့ ဆက်ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်အောက် တိုဘာ ၁၂ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကို မတရားအသင်းအဖြစ်နဲ့ ABSDF၊ RCSS နဲ့ KNU ကိုတော့ အကြမ်းဖက်အဖွဲ့အဖြစ်ကနေပါ သမ္မတအမိန့်နဲ့ ပယ်ဖျက်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၁ရက် မှာလည်း မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ကို မတရားအသင်းနဲ့ အကြမ်း ဖက် အဖွဲ့အဖြစ် ကြေ ညာထားတာကနေ ပယ်ဖျက်ပေးခဲ့ဖူးပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်း ရေးဆွေးနွေးမှုကော်မတီတရပ်ကိုလည်း ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က တပ်မတော်ဘက်ကနေ ဖွဲ့စည်း ခဲ့ပါသေးတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */