" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 14, 2022

ရိုဟင်ဂျာများ လက်ခံရေးအစီအစဉ် အမေရိကန် ထုတ်ပြန်

RFA
RFA Burmese
2022.12.14

ရိုဟင်ဂျာများ လက်ခံရေးအစီအစဉ် အမေရိကန် ထုတ်ပြန်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေး အ တွက် အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့ နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီအစီအစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခ သည်လက်ခံရေး အစီအစဉ်မှာ ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံးကဒီဇင် ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားဆိုင်ရာဖြစ်တည်မှု ချိုးဖောက်ခံရတဲ့ရိုဟင်ဂျာတွေအ တွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကာလရှည်ကြာစွာ ထောက်ပံ့ကူညီနေရတာကို ဂုဏ် ယူ ကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ပံ့ပိုးကူညီပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်ခဲ့သူ တွေကို အရေးယူနိုင်ရေးကိုလည်း ဆက်လက် ကူ ညီသွား မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */