Wednesday, February 3, 2021

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲခွင့်မရှိဘူးလို့ ရှေ့နေတွေပြော

RFA 
လွတ်လပ်တဲ့အာရှအသံ 
မြန်မာဌာန | သတင်းများ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2021-02-03

နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈၊ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ အမှုဖွင့်ထားပြီး သူတို့ကို သတင်းနှစ်ပတ် ချုပ်ရက် ရမန် ပေးဖို့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၃ရက်နေ့ က တောင်းခံတဲ့စာနှစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ် အမှု ဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို မေးကြည့်တဲ့အခါမှာ အ တည် ပြု ပြော ဆိုပါတယ်။

လူမူကွန်ရက်မှာ ပျံ့နေတဲ့ စာနဲ့ ပတ်သက်ပြီး ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းကို မေးမြန်းတဲ့အခါမှာ ရဲမှူးကြီး တရားရုံးသွားတယ်လို့သာ ဖြေကြားပါတယ်။ ဒီစာထဲမှာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင်ရှာချိန်က သူ့ရဲ့ အနီးကပ်လုံခြုံရေး အဖွဲ့ဆီကနေ အင်တာ ကွန်းစကားပြောစက် (၆) လုံး၊ အိမ်ဝင်းဂိတ် အဖွဲ့ထံက၊ စကားပြောစက် (၃) လုံး၊ ကိုယ်ရေးအရာရှိအဆောင်မှာ စကားပြောစက် (၁) လုံး၊ တွေ့တဲ့ အတွက် အဲဒီစက်တွေကို ခွင့်ပြုချက်မရှိဘဲ တင်သွင်း အသုံးပြုမှုနဲ့ ရဲမှူးကြည် လင်က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အလားတူ သမ္မတဦးဝင်းမြင့်ကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၉ ရက် မဲဆွယ်တဲ့ကာလမှာ၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်း NLD ပါတီက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူရာချီ လှည့်လာတဲ့အချိန်မှာ သမ္မတ အိမ်တော်ရှေ့ ရောက်တဲ့အချိန်က ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုအပြင် သမီးဖြစ်သူက ထွက်ပြီး နှုတ်ဆက်ခဲ့တာဟာ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်တွေ ချိုးဖောက်ခဲ့ တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နဲ့ အမှုဖွင့်အရေးယူဖို့ ရဲမှူး မြင့်နိုင်က တ ရားလိုလုပ်ပြီး တိုင်ထားလို့ ချုပ်ရက်ရမန် နှစ်ပတ်ပေးဖို့ တောင်းထားတာတွေ့ ရပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အ ခြေခံဥပဒေအရ သမ္မတကို အရေးယူလို့ မရသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အရေးယူလို့ မရဘူးလို့ တ ရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာလည်း လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်လို့ သူကို အရေးယူဖို့ လွှတ်တော် ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်လိုတယ်လို့ ဆိုပါတယ်။

ခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို အရေးယူခံရတာနဲ့ ပတ်သက်ပြီး၊ အမျိုးသားလွှတ်တော် ကိုယ် စား လှယ်ဟောင်း ဦးအောင်သိန်းအမြင်ကတော့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အိမ်မှာ ဆက်ပြီး ထားနိုင်ဖို့ စီစဉ်တာများလားလို့ သံသယဝင်စရာ ရှိတယ်လို့ ပြောပါတယ်။

အခုလို အရေးယူတာနဲ့ ပတ်သက်ပြီး တရားရုံးချုပ်ရှေ့နေဦးခင်မောင်ဇော်က စွဲထားတဲ့ အမှုနှစ်ခုလုံးက အများ ဆုံးထောင်ဒဏ် သုံးနှစ်ဖြစ်ပြီး အာမခံ မရနိုင်တဲ့ အမှုတွေဖြစ်တယ်လို့ ပြောပါတယ်။

ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */