" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, June 24, 2020

ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစင်း Aceh ကမ်းလွန် ပင်လယ်တွင်းမျောနေ

 VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 ဇွန်၊ 2020
အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ စက်လှေတစင်းနဲ့အတူ တွေ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်များ။ (ဇွန် ၂၄၊ ၂၀၂၀)

အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာမွတ်ဆလင် ၁၀၀ လောက် လိုက်ပါလာတဲ့ စက်လှေတစင်း မျောနေတာကို ငါးဖမ်းလှေတွေက တွေ့ရှိခဲ့ကြပြီး အခုအခါ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေ ပါတယ်။
                                                                               အမျိုးသမီး ၄၉ ဦး၊ အမျိုးသား ၁၅ ဦးနဲ့ ကလေး ၃၀၊ စုစုပေါင်း ၉၄ ယောက် လိုက်ပါလာတဲ့ စက်လှေကို တနင်္လာနေ့နှောင်းပိုင်းမှာ အင်ဒိုနီးရှား ငါးဖမ်းလှေတွေက တွေ့ရှိခဲ့ကြတာလို့လည်း ဒေသခံ အာဏာပိုင်တွေ ကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။


အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ စက်လှေ တစင်းနဲ့အတူ တွေ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်များ။ (ဇွန် ၂၄၊ ၂၀၂၀)

အားအင်ချိနဲ့ပြီး ဆာလောင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ငါးဖမ်းလှေ တွေပေါ် ခုန်ချပြီး အကူအညီတောင်း ခံခဲ့ကြတယ်လို့လည်း ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ Muhammad Jamil ကို ကိုးကားပြီး AP သတင်းက ဖော် ပြ ခဲ့တာပါ။

ဒီနေ့အထိ လှေပေါ်မှာပဲ ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေကိုတော့ အာဏာပိုင်တွေက အစားသောက်နဲ့ရေ ပေးခဲ့သ လို ဒေသခံရွာသားတွေက အဝတ်အစားတွေ ပေးခဲ့ကြပြီး၊ ဘာဆက်လုပ်ရမလဲဆိုတာ အထက်တာ ဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ပင်လယ်ထဲမှာ ရိုဟင်ဂျာတွေ လှေတစင်းနဲ့ မျောနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ တော့ အကူအညီလိုနေသူတွေကို အင်ဒိုနီးရှားနိုင်ငံက အမြန်ဆုံး ကယ်ဆယ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International အဖွဲ့ကလည်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါ တယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က စစ်ဆင်ရေးလုပ် နယ်မြေရှင်းလင်းတာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးသွားကြတဲ့ လူနည်းစုမွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုကြပေ မဲ့လည်း မြန်မာအစိုးရကတော့ အဲဒီလိုခေါ်ဆိုတာကို အသိအမှတ်ပြုမထားပါဘူး။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */