VOA
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်မဖြစ်အောင်တားဆီးရေး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက် ထား ချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး က ကြာသပတေးနေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်တာနဲ့ပတ်သက်လို့ စည်းလုံးညီညွတ်မှုအားနဲ့ စိန်ခေါ်မှု တွေ ကို ရင်ဆိုင် ကျော်လွားနိုင်လိမ့်မယ်လို့ ခံယူကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
“အားလုံးဒါအကောင်းဆုံး ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အကောင်း ဘက်ကပဲ မြင်တယ်။ သို့သော်ဘယ်လိုပဲပြောပြော အကောင်းမျှော်လင့်တယ်၊ အဆိုးဆုံးအတွက်လည်း ကျ နော်တို့က ဘယ်လိုပဲ ပြောပြောအတူ ပူးပေါင်းပြီးတော့ စည်းလုံးညီညွတ်မှုနဲ့ ဆောင်ရွက်သွားမယ်ဆိုရင် ဒါဟာ ဆောင် ရွက်နိုင်မယ် ကျော်လွှားနိုင်မယ် လို့ ကျနော်ပြောပါတယ်။ ကျနော်တို့လည်း အချုပ်အခြာ အာ ဏာပိုင် နိုင်ငံတခုဖြစ်ပါတယ်။”
ရိုဟင်ဂျာတွေကို အကာကွယ်ပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုတော့ ICJ တရားသူကြီး ၁၇ ဦးစလုံးက တညီတညွတ်ထဲ ဆုံးဖြတ်ချက် ချလိုက်ကြတာ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ပြီး မြန်မာလုံ ခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ကိုယ်စား ဂမ်ဘီယာက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို နိုဝင်လတုန်းက စွဲချက် တင်ခဲ့တာပါ။
ဂမ်ဘီယာဘက်က တင်သွင်းတဲ့ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် (၆) ချက်ထဲက (၄) ချက်ကို ICJ တရားသူကြီးတွေက တညီတညွတ်ထဲ သဘောတူ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ICJ တရားရုံးရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ဟာ နှစ်တွေနဲ့ချီ ကြာဦးမှာဖြစ်ပါတယ်။ အခု ချမှတ်လိုက်တဲ့ဆုံးဖြတ် ချက်ဟာ ဂမ်ဘီယာဘက်က တင်သွင်းထားတဲ့ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေအပေါ်မှာ သီးခြား ချမှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း တပ်မ တော် ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးရတဲ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန် တယ်ဆိုပြီး နိုင်ငံ တကာအသိုင်းဝိုင်း စွပ်စွဲ ပြောဆိုလာခဲ့ပြီးတဲ့နောက် ဂမ်ဘီယာက ICJ မှာ အခုလို စွဲချက် တင် တဲ့အထိ ဖြစ်လာခဲ့တာပါ။
ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ အဲဒီလို နိုင်ငံတကာရဲ့ စွပ်စွဲ ပြောဆိုမှုတွေ မမှန်ကန်ကြောင်း ငြင်းဆိုထားပြီး တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် နိုင်ငံတကာအသိုင်းနဲ့ ပူးပေါင်းဆောင်ရွက် နေကြောင်း ပြောဆိုထားပါတယ်။
လင့္၊

No comments:
Post a Comment