မြန်မာတိုင်းမ်နေ့စဉ်
မင်းဝဿန်
26 Oct 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇား ရှိ စခန်းများတွင် အာဆာအကြမ်းဖက်အုပ်စု များတည်ရှိနေခြင်း ကို မျက်ကွယ်မပြုသင့် ကြောင်း မြန်မာအစိုးရက ပြောကြားသည်။
ပြန်လည်တုံ့ပြန်ပြောကြား
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ကျင်းပ လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး အကြို ဝန်ကြီးအဆင့်ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အောက်တိုဘာ ၂၃ ရက်၌ ရခိုင်ပြည် နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆို ချက်အပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ပြန်လည် တုံ့ပြန်ပြော ကြားရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြင်းပြင်းထန်ထန်ကန့်ကွက်
မင်းဝဿန်
26 Oct 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇား ရှိ စခန်းများတွင် အာဆာအကြမ်းဖက်အုပ်စု များတည်ရှိနေခြင်း ကို မျက်ကွယ်မပြုသင့် ကြောင်း မြန်မာအစိုးရက ပြောကြားသည်။
ပြန်လည်တုံ့ပြန်ပြောကြား
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ကျင်းပ လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး အကြို ဝန်ကြီးအဆင့်ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အောက်တိုဘာ ၂၃ ရက်၌ ရခိုင်ပြည် နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆို ချက်အပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ပြန်လည် တုံ့ပြန်ပြော ကြားရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြင်းပြင်းထန်ထန်ကန့်ကွက်
အတူယှဉ်တွဲနေထိုင်
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေ သည့် ပြဿနာသည် မြန်မာတစ်နိုင်ငံလုံးကိုကိုယ်စားမပြုကြောင်း ၊ မြန်မာနိုင်ငံအတွင်းရှိ အခြားနေရာများတွင် ကိုးကွယ်မှုအယူဝါဒ ကွဲပြားသူများသည် ငြိမ်းချမ်းစွာနှင့် သဟ ဇာ တမျှတစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိပြီး မတူညီသည့် ကိုးကွယ်ယုံကြည်သူများ၏ ဘာသာရေးအ ဆောက်အအုံများသည်လည်း မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် တစ်ခုနှင့် တစ်ခု နီးနီးကပ်ကပ်တည်ရှိ နေကြကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ခံခဲ့ရသည့် အသိုက် အဝန်းအားလုံး၏ဒုက္ခကို မိမိတို့အနေဖြင့် အထူး စိုးရိမ်ပူပန်မှုရှိကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ တို့တွင် ရဲကင်းစ ခန်း အများအပြားကို အာဆာ အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်းချိန် ကိုက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ ခြင်းကြောင့် အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ကို မျက်ကွယ်မပြုသင့်ကြောင်း၊ နှစ် ဖက် စလုံး၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် အသိုက်အဝန်းအားလုံးထိခိုက်ခံစား ခဲ့ရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အတူတကွဖြေရှင်း
ပြည်ထောင်စုဝန်ကြီးက မြန်မာနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံအကြား အရေးအကြီးဆုံးဆောင် ရွက်ရမည့်ကိစ္စ ရပ်မှာ နေရပ်စွန့်ခွာသူများနေရပ် ပြန်လာရေး အနှောင့်အယှက်ပေးနေသည့် အတားအဆီးများကို နှစ်နိုင်ငံ အကြား သဘော တူညီထားပြီးဖြစ်သည့် ယန္တရားများနှင့်အညီ အတူတကွ ဖြေရှင်းရေးပင်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း စိစစ်ပြီး သူများအားလုံးကို ပြန်လည်လက်ခံရန် အဆင် သင့်ရှိကြောင်း ကို မြန်မာဘက်မှ ထပ်တလဲလဲ ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း၊ ယခု ကိစ္စရပ်သည် လူဝင်မှုကိစ္စနှင့် သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးထားသည့် သဘောတူညီချက်ကို အတိ အကျလိုက် နာပါက ၁၉၉၂ခုနှစ်က ဆောင်ရွက် ခဲ့သည့်နည်းတူ နေရပ်ပြန်လာရေးလုပ်ငန်းစဉ် ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
အဓိကအတားအဆီး
အဓိကအတားအဆီးတစ်ခုမှာ ကော့ခ် ဘဇားစခန်းများရှိ နေရပ်ပြန်လာရေးလုပ်ငန်း စဉ်ကို မလိုလားသည့် အာဆာအကြမ်းဖက် အဖွဲ့နှင့် သဘောထားတင်းမာသည့်အုပ်စု များက ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ရရှိ စေရန်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးရန် ကြိုးပမ်းနေမှုဖြစ်ကြောင်း၊ ဘင်္ဂ လားဒေ့ရှ် နိုင်ငံအနေဖြင့် ကော့ခ်ဘဇားရှိ စခန်းများတွင် ယင်းအကြမ်းဖက်အုပ်စုများ တည်ရှိနေခြင်းကို မျက်ကွယ်ပြု မထားသင့် ကြောင်း၊ ၎င်းတို့သည် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ပြည့်ဝစေ ရန်အ တွက် အသုံးချလျက်ရှိပြီး ခြိမ်း ခြောက်မှု များ ပြုလုပ်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက တုံ့ပြန်ပြော ဆိုခဲ့သည်။
ဆန္ဒအလျောက်ပြန်ဝင်
ထို့ပြင် အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်း ခြောက်မှုများရှိနေသော်လည်း နေရပ်စွန့်ခွာသူ ၃၅၀ ကျော်သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း၊ ယမန်နေ့က နေရပ်စွန့် ခွာသူ နောက်ထပ် ၂၉ ဦး ရခိုင်ပြည်နယ်သို့ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်း တို့အနေဖြင့် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာ ရှိစွာဖြင့် အခြေချနေထိုင်လျက်ရှိကြကြောင်း၊ နေရပ်သို့ ပြန်လာ လိုကြောင်း အတိအလင်းဆန္ဒ ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည့် ဟိန္ဒူ လူမျိုး ၄၄၄ ဦးကို ပြန်လည်ပို့ ဆောင်ပေးရန် အကြိမ်ကြိမ်ပြောကြားနေသော်လည်း ဘင်္ဂလား ဒေ့ရှ်ဘက်မှ ပြန်ပို့ပေးခြင်းမရှိသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်ကို အခြေခံ၍ ဘင်္ဂ လားဒေ့ရှ်နှင့် ပူးပေါင်းပြီး လက်ရှိပြဿနာကို ဖြေရှင်းသွားရန် မြန်မာ နိုင်ငံအနေဖြင့် အဆင် သင့်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ထည့် သွင်းပြောကြားခဲ့သည်။
Link : Here
No comments:
Post a Comment