Saturday, October 26, 2019

ရခိုင်မှာ အမြန်ရေယာဉ်ပေါ်က ရဲတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးခေါ်ဆောင်သွား

အောက်တိုဘာ - ၂၆၊ ၂၀၁၉

 

ရခိုင်ပြည်နယ် မှာ အမြန်ရေယာဉ်တစ်စီးပေါ်က ရဲတပ်ဖွဲ့ဝင်တွေကို ရခိုင်လက်နက်ကိုင်အဖွဲ့ ( AA) က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့ ရဲ့သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးသွားတာဖြစ်ပြီး အမြန်ရေယာဉ်ကိုတော့ နေလည် ၁၁ နာရီခွဲလောက်မှာ လွှတ် ပေးလိုက်ကာလူတွေကို တော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့ က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီရေယာဉ်ဟာ စစ်တွေကနေ ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကတော့ မောင်တောမှာရှိတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက် တာလို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ အရပ်သားတွေလည်းပါတယ်လို့ ဆိုပါတယ်။

အမြန်ရေယာဉ်ကို စစ်ဆင်ရေးအတွက် အသုံးပြုတာမဟုတ်တဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက် ကိုင်ဆောင်ထားတာ ၊ ယူနီဖောင်းဝတ်ထားတာလည်းမရှိကြောင်း၊ သာမန်ခရီးသည် လို ပဲစီးနင်းခဲ့ တာဖြစ်
ပေ မယ့် ဖမ်းဆီးသွားခဲ့တာလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒီလို လုပ်ရပ်ဟာ ပြည်သူလူထု အသုံးပြုနေတဲ့လမ်းပန် းဆက်သွယ်ရေး လုံခြုံချောမွေ့စေဖို့အတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ လည်းပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးခံရတဲ့ဦးရေအတိအကျ သိရရင် သတင်းထုတ်ပြန်မယ်လို့လည်းသိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */