" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 4, 2019

မလိုမုန်းထား ခွဲခြားဆက်ဆံမှုနှင့် တစ်ဖက်စောင်း နင်းလုပ်ရပ်များ

မြန်မာ့အလင်း
မြန်မာ့အလင်း အယ်ဒီတာ့ အာဘော်




ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်ကာလက စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒုတိယကမ္ဘာစစ်အပြီးကာလတွင် ဖြစ်သည့် အလျောက် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည်လည်း တစ် ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ပေါ်လာစေရန်၊ လူများ၏ နေထိုင်မှု အဆင့်အတန်း ပိုမိုကောင်းမွန်စေ၍ ဆင်းရဲခြင်း၊ ရောဂါ များဖြစ်ပွားခြင်း၊ စာမတတ်ခြင်းတို့ က္ဘာပေါ်မှ ပပျောက်စေရန်၊ လူ့ပတ်ဝန်းကျင်ပျက်စီးမှု ရပ်တန့်စေရန်နှင့် လူအချင်းချင်း၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အပြန်အလှန်အရေးထား လေးစားရေးအတွက် အတူ တကွပူးပေါင်း ဆောင်ရွက်ကြစေရန်၊ နိုင်ငံများအား ထိုရည်မှန်းချက်များ ပေါက်ရောက် စေရေးအတွက် ကူညီပံ့ပိုးသော ဗဟိုဌာနဖြစ်စေရန်ဟူ၍ ဖြစ်ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့သည့် မူလရည်ရွယ်ချက်များ၏ အနှစ်သာရမှာ အပြုသဘောဆောင် ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကူညီပံ့ပိုးမှုပေးခြင်းတို့ ကဲ့သို့သော အပေါင်းလက္ခဏာဆောင်သည့် သဘောများသာ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ကုလသ မဂ္ဂ အဖွဲ့ကြီး၏ အဓိကဦးတည်ချက် (၄) ရပ်တွင်လည်း "အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နှင့် လူသားဆိုင် ရာ အခက်အခဲပြဿနာများကို ဖြေရှင်းရာ၌လည်းကောင်း၊ လှူအခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားလိုက်နာရေး အား ဖွံ့ဖြိုးတိုးတက်စေရာတွင်လည်းကောင်း အတူတကွတွဲဖက် လုပ်ကိုင် ကြရန်" ဟူသည့်အချက်၊ "နိုင်ငံများအနေဖြင့် ဤပန်းတိုင်များကို ရရှိရေးအတွက်ဆောင်ရွက်ရာတွင် ညှိနှိုင်းရာ အချက် အ ချာဌာနဖြစ်စေ ရန်"ဟူသည့်အချက်များပါရှိရာ အုပ်စုဖွဲ့ဖိအားပေးခြင်း၊ ကုလသ မဂ္ဂ ယန္တရားနှင့် ကုလသမဂ္ဂစနစ်တို့ကို လိုသလိုအသုံးချပြီး မိမိတို့နိုင်ငံရေး အကျိုးစီးပွားအတွက် အမြတ် ထုတ်ခြင်းကဲ့သို့သော လုပ်ရပ်မျိုးများနှင့် ဆန့်ကျင်စွာ အလှမ်းကွာဝေးလှသည်ကိုလည်း တွေ့ရမည်ဖြစ် သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ နယူး ယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေး ကောင်စီခန်း မတွင် မြန်မာနိုင်ငံ အခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့်ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ လုံခြုံ ရေး ကောင်စီအဖွဲ့ဝင် နိုင်ငံအချို့က "မြန်မာနိုင်ငံဆိုင်ရာ အချက် အလက်ရှာဖွေရေးအဖွဲ့" ၏ အစီရင် ခံစာကို ရည်òန်းပြီး တာဝန်ခံမှု ကိစ္စနှင့်ဆက်နွှယ်၍ ပြောကြားမှုများ ပြုလုပ်ခဲ့ကြခြင်းကြောင့် မြန်မာအမြဲ တမ်းကိုယ် စားလှယ်သံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ကန့် ကွက်ခဲ့ရသည့်အချက်များကို သတင်းများတွင် ဖတ်ရှုတွေ့မြင်ကြရပြီး ဖြစ်သည်။ လူ့အခွင့်အရေးကောင်စီသည် ၎င်း၏အခွင့်အာဏာကို ကျော်လွန်ကာ မြန်မာနိုင်ငံအပေါ် လွတ် လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ရပ်တည်ထောင်ခြင်းအားဖြင့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ထိပါးရာ ရောက်သော၊ မလိုမုန်းထားမှုဖြင့် ခွဲခြားဆက်ဆံရာရောက်သော၊ ယခင်က အစဉ်အလာမရှိခဲ့သော လုပ်ရပ်ကိုပြု လုပ်ခဲ့ သည်။ လူ့အခွင့်အရေးကောင်စီ၏ မြန်မာ နိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် လည်း သမာသမတ်မရှိ၊ တစ်ဖက်သတ်ကျ၊ ဘက်လိုက်သော အချက်အလက် များ သက်သက်ကိုသာ ဖော် ပြထားပြီး မြန်မာနိုင်ငံနှင့် နိုင်ငံ့ခေါင်းဆောင် များ၏ ပုံရိပ်ကို အဆုံးစွန်အထိ ထိခိုက်စေရန် ရည်ရွယ် လှုံ့ဆော်မှု သက်သက်သာဖြစ်ခဲ့သည်။

စင်စစ်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိဒေသအနည်းငယ်တွင် သာ ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်သည် ဗြိတိသျှ နယ်ချဲ့ကိုလိုနီခေတ်က စတင်ခဲ့သည့် နယ်စပ်ဖြတ်ကျော်တရားမဝင်အခြေချမှုကို အခြေပြု၍ ဖြစ်ပေါ် လာခဲ့ရ သော ကာလရှည်ကြာ ပြဿနာတစ်ခု ဖြစ်ပြီး ဘာသာရေး ဆိုင်ရာ ပဋိပက္ခ၊ ဖိနှိပ်မှုလုံး၀ မဟုတ်ပါပေ။ နိုင်ငံ တ ကာက အထင်မှား၊ အမြင်မှားနေသကဲ့သို့ က္ဘာ့မီဒီယာများက ပုံဖော်ရေးသားနေ သကဲ့သို့ မဟုတ်ကြောင်းကိုလည်း သမိုင်းကြောင်းနောက်ခံနှင့် ဖြစ်ရပ်မှန်များကို အချက်အလက်မှန်ကန် ပြည့်စုံစွာ ရရှိအောင် စေ့စေ့စပ်စပ်စုံစမ်းလေ့လာ သူတိုင်းက သိရှိထားကြပြီးလည်းဖြစ်သည်။

ကိုယ်ပိုင်နိုင်ငံရေးအာဂျင်ဒါ များဖြင့် တစ်ဖက်သတ်ပြုမူနေသရွေ့၊ လူက ခွေးကိုကိုက်မှသာ သတင်း ဖြစ်သည်ဟူသော အယူအစွဲဖြင့် သတင်းများကို ဖန်တီးနေသေးသရွေ့ ၊ လက်ခံယုံကြည်နေသေးသရွေ့၊ ဖြစ် ရပ်မှန်တို့က အ သံတိုးတိမ်နေဦးမည်၊ အဖြေမှန်နှင့် ဝေးကွာနေဦးမည်ဖြစ်သည်။ ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */