Tuesday, January 8, 2019

ဘင်္ဂလားဒေ့ရှ် ကို ဂျပန်ကူညီ

VOA 
ဗွီအိုအေမြန်မာပိုင်း
January 08, 2019
                                                         ရိုဟင်ဂျာဒုက္ခသည်များ 
  
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် လယ်သမားတွေ အတွက် ဂျပန်အစိုးရက ၂၀၂၀ ဒီဇင်ဘာလအထိ အမေရိကန် ဒေါ်လာ ၅ သန်း ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်။

ဒီလိုအကူညီပေးဖို့ သဘောတူညီချက်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WPF ရဲ့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ဌာန ခွဲမှာ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ဂျပန်သံအမတ်ကြီး Hiroyasu Izumi နဲ့ WFP ရဲ့ ဘင်္ဂလားဒေ့ရှ် ဌာနေကိုယ်စားလှယ် Richard Ragan တို့လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Patuakhali နဲ့ Cox's Bazar ဒေသတွေမှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် လယ်သမား ၂၀၀၀ ကို လေ့ကျင့်သင်တန်း ပေးတာတွေ၊ လယ်ယာသုံးပစ္စည်းကစပြီး အခြေခံအဆောက်အအုံတွေနဲ့ သူတို့ဘဝရှင်သန်ရပ်တည်ရေးအတွက် အထောက်အပံ့တွေကို ဂျပန်အစိုးရက ပေးအပ်တာ ဖြစ်ကြောင်း WFP ရဲ့ ကြေ ညာချက်မှာ ဖေါ်ပြထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ၂သောင်းတထောင်အတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ရဲ့ e-voucher အစီ အစဉ်ကတဆင့် အစားအစာတွေကို ၁၂လစာ ကူညီထောက်ပံ့သွားမှာပါ။

အခုလို ပေးအပ်မှုကနေ ဘင်္ဂလားဒေ့ရှ် လယ်သမားတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ၂ ဖက်စလုံးအတွက် အ ကျိုးရှိစေမှာ ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီးက ပြောပါတယ်။ ဒီအစီအစဉ်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေ စိုက် WFP အဖွဲ့ို ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁၅ သန်း စတင်ပေးအပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ချ်နိုင်ငံကိုထွက်ပြေးလာခဲ့ကြ တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လေးပုံတပုံလောက်က Cox’s Bazar ဒေသမှာရှိနေတာပါ။ ဒုက္ခသည် ရှစ်သိန်း ၇သောင်း ကျော်ကို လစဉ် အစားအစာထောက်ပံ့နေတဲ့ WFP အဖွဲ့အနေနဲ့ ခု၂၀၁၉ခုနှစ် ဇွန်လအထိ ဒုက္ခ သည်တွေကို စားနပ်ရိက္ခာ အကူအညီ ဆက်ပြီးပေးဖို့ အမေရိကန် ဒေါ်လာ ၅၂သန်း လိုအပ်နေတယ်လို့ WFP အဖွဲ့က ပြောပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */