Monday, March 20, 2023

"R2Pရှောင်လွှဲနိုင်အောင် ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အ တွက်ကုလသမဂ္ဂကို ဒူးထောက်လိုက်တဲ့ စစ်အာဏာရှင်များ"

ကြားသိသမျှ
၂၀၂၃ မတ်လ ၁၉ ရက်။ 

 ” R2P ရှောင်လွှဲနိုင်အောင် ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အတွက် ကုလသမဂ္ဂကို ဒူးထောက်လိုက်တဲ့ စစ်အာဏာရှင်များ ”


ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အတွက် မြန်မာစစ်တပ်က အဖွဲ့တစ်ဖွဲ့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိနေပါတယ် ။ ဘင်္ဂလားဒေရှ့်နိုင်ငံကို မြန်မာစစ်တပ်က တာဝန်ရှိသူတွေ တရားဝင် သွားလာနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ အေဂျင်စီတစ်ခုက အာမခံ ကူညီပေးခဲ့ပါတယ် ။ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်အချို့ဦးဆောင်တဲ့ လူဝင် မှု့ကြီးပ်ြရေး အဖွဲ့ဝင် ၁၇ ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယ်စပ်မြို့ကို ဖြတ်ကျော်ပြီး ရိုဟင်ဂျာစခန်းကို ရောက်လာ ခဲ့ပါတယ် ။

ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချူပ်မှ ရိုဟင်ဂျာ များ နေရပ်ပြန်ရေး ‘ရှေ့ပြေးစီမံချက်’ တွင် ကြားဝင်ဆောင် ရွက်ပေးရန်နှင့် UNHCR နှင့် WFP တို့၏ ပါဝင်ပတ်သက် မှုကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်း

PV
Prograssive Myanmar
၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက် 

 

မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၀၁ ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန် လည်ပို့ဆောင်ရေး ‘ရှေ့ပြေးစီမံချက်’ တွင် ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ အောက်တွင်လတ်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း များသည် ကုလသမဂ္ဂ၏ လျှို့ဝှက် စွာပါဝင်မှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar သို့ မြန်မာစစ်အုပ်စုက သွားရောက်သည့် ခရီးစဉ်ကို လွယ်ကူ ချော မွေ့စေရေး ဆောင်ရွက်ပေးရာတွင် ပါဝင်မှုတို့ကြောင့် မိမိတို့ ထိတ်လန့် တုန်လှုပ်ရပါသည်။ စစ်အုပ်စု၏ အဖွဲ့ ဝင် များကို Cox’s Bazar သို့ပို့ဆောင်သည့် ခရီးစဉ်တွင် ပါဝင်ကူညီခဲ့သည့် ကုလသမဂ္ဂအေဂျင်စီများက၎င်းတို့အသုံးပြု ခဲ့သည့် လှေများပေါ်မှ UN အမှတ်အသားများကို ဖယ်ရှားခဲ့ကြောင်း သိရှိရသည်။ 

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် စစ်ကောင်စီအရာရှိ များ ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားရောက်မှုကို ကုလက အကူ အညီပေးခဲ့

မဇျ္စိမ
AFP
20 March 2023

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကောင်စီ တာဝန်ရှိသူ များ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ရန် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ကူညီပေးခဲ့ကြောင်း ကုလအရာ ရှိ နှစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

သို့သော် နိုင်ငံ၏ အခြေအနေများက ရိုဟင်ဂျာများ နေရပ်ပြန်လာရေးအတွက် လုံခြုံမှုမရှိဘဲ ဆက်ဖြစ်နေကြောင်း အဆိုပါ ကုလအရာရှိများက ပြောသည်။

ဘဝသစ်ရရှိဖို့ အသက်စွန့်ရှာဖွေသူ ရိုဟင်ဂျာ အမျိုးသမီး ငယ်

RFA
RFA Burmese
2023.03.20
မလေးရှားသွားဖို့ကြိုးစားရင်း ဖမ်းဆီးထောင်ချခံခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှ မဆာရာခါတူအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အသက် ၂၀ အရွယ် မဆာရာခါ တူ ဟာ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေနဲ့ စားဝတ်နေရေး ခက်ခဲမှုတွေကနေ ရုန်းထွက်နိုင်ဖို့မလေးရှားနိုင်ငံ ကိုသွားဖို့ ကြိုးစားရင်း လမ်းမှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသူပါ။

သူဟာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ တစ်နှစ်နဲ့ ခုနစ်လနေခဲ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းက မူလနေရပ်ကို ပြန်ပို့ခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာလေးဦး ဘူးသီးတောင်မှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.03.20


ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ မိသားစုလေးဦးအား တွေ့ရစဉ်။ရခိုင်နေ့စဉ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာလေးဦး မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ ဘူးသီးတောင်မြို့ အဝင်၊ အထွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတယ်လို့ ရခိုင် ပြည် နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် သတင်းမှာ မနေ့က ဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာများ နေရပ်ပြန်နိုင်သည့် အခြေအနေ မြန်မာနိုင်ငံ တွင် မရှိသေးဘဲ စစ်ကောင်စီ၏ ရှေ့ပြေး ဒုက္ခသည် ပြန်ခေါ် ရေး အစီအစဉ်တွင် UNHCR မပါဝင် ဟုဆို

ရန်ကုန်ခေတ်သစ်မြန်မာ
Yangon Khit Thit News Agency
March 20, 2023

Rohingya refugees stand in a queue to collect aid supplies in Kutupalong refugee camp in Cox's Bazar, Bangladesh, January 21, 2018. REUTERS/Mohammad Ponir Hossain - RC17D8EBB900
 

ရိုဟင်ဂျာများ နေရပ်ပြန်နိုင်သည့် အခြေအနေ မြန်မာနိုင်ငံတွင် မရှိသေးဘဲ စစ်ကောင်စီ၏ ရှေ့ပြေး ဒုက္ခသည် ပြန်ခေါ်ရေး အစီအစဉ်တွင် UNHCR မပါဝင် ဟုဆို

■ ဘင်္ဂလားဒေ့ရှ်သွားသည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို UNHCR က ပို့ဆောင်ရေး အကူအညီပေးဟု ဝန်ခံ

ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ရိုဟင်ဂျာ ဒုက္ခ သည် များ ရေရှည်တည်တံ့ခိုင်မြဲ သော နေရပ်ပြန်နိုင်သည့် အခြေအနေများ မြန် မာ နိုင်ငံတွင် မရှိသေးကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီး ရုံး UNHCR က ကြေညာသည်။

ရခိုင်အခြေအနေ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ဖို့မသင့်တော် သေး (UNHCR)

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ မတ်၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း။ (နိုဝင်ဘာ ၁၆၊ ၂၀၁၈) 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေ မပေးသေးဘဲ ဘယ်ဒုက္ခ သည်တွေကိုမှ အတင်းအဓမ္မ မပြန်ခိုင်းသင့်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီနေ့ ထုတ် ပြန်လိုက်ပါတယ်။ သတင်းအချက်အလက်တွေ သေချာသိတာပေါ်အခြေခံပြီး နေရင်းတိုင်းပြည်ကိုပြန် သွား ပိုင်ခွင့် ရိုဟင်ဂျာ ဒုက္ခသည်တွေမှာရှိတယ်လို့လည်း ကုလသမဂ္ဂက အလေးထားပြောလိုက်ပါတယ်။

Sunday, March 19, 2023

မြန်မာစစ်ကောင်စီအဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆွေးနွေးပွဲ UNHCR မပါဝင်

RFA
RFA Burmese
2023.03.19
၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်၊ တက္ကနပ်မြို့တွင် မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။
Benar News

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အလားအလာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်- မြန်မာနှစ်နိုင်ငံ ရှေ့ပြေး စီမံချက်အတွက် ဒုက္ခသည်အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံဖို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့တာကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက သိရှိတဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေမှာ UNHCR ပါဝင်ပတ်သက်မှု မရှိကြောင်း မတ် ၁၉ ရက် မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို အထောက်အပံ့ပြန်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

RFA
ခင်ခင်အိ၊ ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.19
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇား ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ဘုရားရှိခိုးချိန် တွေ့မြင်ရသည့် မြင်ကွင်းတစ်ခု။AFP

ဗြိတိန်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီအထောက်အပံ့ကို အခုဘတ်ဂျက်နှစ်မှာ ၈၂ ရာ ခိုင်နှုန်း အထိ ဖြတ်တောက်လိုက်တာပါ။

၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပေါင် ၁၁၂.၃၆ သန်း ထောက်ပံခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ၂ဝ.၃၆ သန်းသာ ထောက်ပံတော့မှာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အထောက်အပံ့ကိစ္စ လွှတ်တော်အမတ်တစ်ဦးက မေးမြန်းခဲ့တာနဲ့ပတ်သက်ပြီး ဗြိတိန်ပါလီမန်မှာ ဖြေကြားခဲ့တာလို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း လုံခြုံရေး ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေ

VOA
၁၉ မတ်၊ ၂၀၂၃
စုမွန်

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မီး ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နဲ့ အကြမ်းဖက်အန္တရာယ်တွေက သတိပြုကာကွယ်နိုင်ရေး ရိုဟင်ဂျာလူငယ်တွေဘက်က ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးနေကြတဲ့အကြောင်း ရိုဟင်ဂျာလူငယ်ဓာတ်ပုံဆရာ ဆာဟတ်ဇီယာ ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

 
Link: Here

Saturday, March 18, 2023

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

ဧရာဝတီ
18 March 2023

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်


၂၀၁၂ ခုနှစ်၊ မေလတွင် ရခိုင်တိုင်းရင်းသူအမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ကိစ္စအတွက် လူမှု အသိုက်အဝန်းများအကြား တင်းမာမှုမြင့်မားနေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနထံမှ နိုင်ငံပိုင် မြန်မာ့အ လင်း သတင်းစာတိုက် သတင်းခန်းသို့ သတင်း သုံးပုဒ်ရောက်လာပြီး မပျက်မကွက် ထည့်သွင်းဖော်ပြရန် အမိန့်လည်း ပါဝင်လာသည်။

ထိုသတင်း သုံးပုဒ်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရောက်လာပြီး စာလုံးပေါင်းမှအပ အခြားမည်သည်ကိုမျှ မပြင်ရန် ညွှန်ကြားချက်လည်း ပါလာကြောင်း ထိုစဉ်က မြန်မာ့အလင်းသတင်းစာ အယ်ဒီ တာချုပ် ဦးလှိုင်ဝင်း (ကလောင်အမည် တက္ကသိုလ် မောင်သုလှိုင်) က မကြာသေးမီက ထုတ်ဝေသည့် စာအုပ်ဖြစ် သော “နိုင်ငံပိုင်သတင်းစာများသမိုင်းနှင့် ဆုံရကြုံရ သတင်းစာသမားဘဝ” စာအုပ်တွင် ရေးသားခဲ့သည်။

နောက်တနေ့တွင် မြန်မာ့အလင်းနှင့် အခြားနိုင်ငံပိုင် မြန်မာဘာသာ သတင်းစာဖြစ်သည့် ကြေးမုံတို့သည် ထိုသ တင်း သုံးပုဒ်ကို ပုံနှိပ်ဖော်ပြလိုက်သည်။ သတင်း သုံးပုဒ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မသီတာထွေးကို ရိုဟင်ဂျာ အမျိုးသား သုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ် လိုက်သည့်သတင်း၊ လက်စားချေသည့်အနေဖြင့် လူအုပ် တအုပ်က မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်လိုက်သည့် သတင်းနှင့် ထိုသတ်ဖြတ်မှုကို ကန့်ကွက်ပြီး မွတ်ဆ လင် လူအုပ်က ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ရဲစခန်းတခုကို တိုက်ခိုက်သည့် သတင်းတို့ဖြစ်သည်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက သတင်း နှစ်ပုဒ် ဖော်ပြခဲ့သည်။ တပုဒ်မှာ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ” ဟူ၍ ဖြစ်သည်။
 

ဒုတိယ သတင်း၏ ခေါင်းစဉ်မှာ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင်မှန်လုံယာဉ်ပေါ် မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ” ဟုဖြစ်ပြီး ထိုခေါင်းစဉ်သည် ဖြစ်ပွားနေသည့် လူမှုအသိုက်အဝန်းများ အကြား တင်းမာမှု မီးတောက်ပေါ်သို့ လောင်းချလိုက်သည့် လောင်စာဆီပင်ဖြစ်သည်။

ကုလားဆိုသည်မှာ အိန္ဒိယနွယ်ဖွားများကို လူမျိုးရေးချိုးနှိမ်သည့် စကားလုံးဖြစ်ပြီး “မွတ်ဆလင်ကုလားများ” ဆို သည့် စကားစုကို ရွေးချယ်သုံးစွဲသောကြောင့် ဝေဖန်မှုများဖြစ်စေသည်။ ရန်ကုန်ရှိ ဆူးလေဘုရားလမ်းမှ ဗလီတခု ပြင် ပတွင် မွတ်ဆလင်များ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကာ ပြန်လည်တောင်းပန်ရန် ထိုစဉ်က စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို တောင်းဆိုသည်။

“ရခိုင်ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုတယ်။ လူမျိုးရေး၊ လူမှုရေး အကွဲအပြဲတွေ ကျနော်မမြင်လိုဘူး။ အာ ဏာပိုင်တွေအနေနဲ့ မီးလောင်ရာလေပင့်တဲ့ စကားလုံးတွေ မသုံးသင့်ဘူး” ဟု ကွယ်လွန်သူ သတင်းစာဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်က ထိုစဉ်က ပြောကြားခဲ့သည်။

ယင်းအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနသည် အများပြည်သူ ကန့်ကွက်မှုများ ဖြစ်လာသောကြောင့် ထိုဝေါဟာရ အသုံးအနှုန်းကို ပြန်လည်သုံးသပ်နေကြောင်း အမေရိကန်အသံ (VOA) သို့ ပြောကြားခဲ့သည်။

ပြင်းထန်သောတင်းမာမှုများ ဖြစ်ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မီးလောင်နေသည့် အိမ်များကို ငြှိမ်းသတ်ရန် ကြိုးစားနေသည့် မီးသတ်သမားများ / AFP

ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများသည် အမှားပြင်ဆင်ချက် ထုတ်ပြန်ပြီး အထက်ပါသတင်းခေါင်းစဉ်မှ “မွတ်ဆလင်ကုလား” ဆိုသော စကားလုံးကို “ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ” ဟူသောစကားဖြင့် အ စား ထိုးသည်။ သို့သော် ထိခိုက်နစ်နာမှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ဇွန်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ လူမျိုးရေး အကြမ်းဖက်မှု ပြင်းထန်လာသောကြောင့် အစိုးရက အရေး ပေါ်အခြေအနေ ကြေညာသည်။ ရခိုင်ပဋိပက္ခသည် ထို့နောက် ပိုမိုပြင်းထန်လာပြီး နှစ်အနည်းငယ် ကြာသော အ ခါ မွတ်ဆလင် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုဟု ကုလသမဂ္ဂက ခေါ်ရသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းနှိမ်နင်းမှု ဖြစ်လာသည်။

ဦးလှိုင်ဝင်းက “ကုလား” ဆိုသည့် စကားလုံးကို သတင်းစာများတွင် မသုံးရန်နှင့် “မွတ်ဆလင်” ဟု ရေးလျှင် လုံ လောက်ကြောင်း အထက်အရာရှိများကို အကြံပေးခဲ့သည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့သည်။ သို့သော် ထိုစ ကားလုံးကိုပင် သုံးရန် သူ့ကို ညွှန်ကြားခဲ့ကြောင်း ရေးသားခဲ့သည်။ အယ်ဒီတာ တဦးအနေဖြင့် စကားအသုံးအ နှုန်း များကို ပြင်ဆင်ရန်မှာ သူ့တာဝန်ဖြစ်သော်လည်း သူ့အလုပ်သူလုပ်ခွင့် မပေးခဲ့ကြောင်း ဖော်ပြထားသည်။

ညွှန်ကြားချက်မှာ ထိုစဉ်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်း ဦးဆောင်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ လာသော ညွှန်ကြားချက်ဖြစ်သည်။ သူသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၁ မှဆင်းသူ ဖြစ်သည်။ သူ့လက်အောက်မှ ပြည်သူ့ဆက်ဆံရေးအကြီးအကဲ ဦးရဲထွဋ်သည် DSA အပတ်စဉ် ၂၂ မှဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုဝန်ကြီးဖြစ် လာ ကာ အစိုးရပြောခွင့်ရသူနှင့် ပြန်ကြားရေးဝန်ကြီးအဖြစ် ရာထူးများတက်လာသည်။

၂၀၁၃ ခုနှစ်က သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် / ဧရာဝတီ

သို့သော် အစိုးရ၏ မွတ်ဆလင်မုန်းတီးရေးလေသံကို အခြားစစ်အရာရှိတဦးဖြစ်သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (ကလောင်အမည် မှူးဇော်) က ချမှတ်ထားပြီးဖြစ်သည်။ သူသည် DSA အပတ်စဉ် ၃၇ မှဆင်းသည့် ဗိုလ်မှူးဟောင်း ဖြစ်သည်။ သူသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင်လည်း ပြောရေး ဆို  ခွင့်ရှိသူအဖြစ် ဆက်လက်ထမ်းဆောင်ပြီး လွန်ခဲ့သောနှစ်က ကွယ်လွန်သည်။ သူသည် အမုန်းတရား လှုံ့ဆော် သည့် စာများကို Facebook တွင် ရေးသားပြီး ရခိုင်ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် လူမှုအသိုက်အဝန်းများအကြား အမုန်းတရား လှုံ့ဆော်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား လူမှုအသိုက်အဝန်း ပဋိပက္ခ ဖြစ်လာ သောအခါ ဦးဇော်ဌေးက ထိုလူမှုအသိုက်အဝန်း နှစ်ခုကြား တင်းမာမှု မြင့်မားစေသည့် ဓာတ်ပုံများကို Facebook တွင် တင်ခဲ့ပြီး နောင်မှ ပြန်ဖြုတ်ချခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်သည် ရခိုင်ပဋိပက္ခအကြောင်းကို သူ၏စာအုပ်ဖြစ်သည့် “မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)” စာအုပ်တွင် ရေးသားခဲ့သည်။ သူသည် ဦးသိန်းစိန်အစိုးရကို ရက်ရက်ရောရော ချီးကျူးရေးသားသော်လည်း သူညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်နေစဉ် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့သည့် အထက်တွင်ဖော်ပြခဲ့သော မီးမွေးသည့်သတင်း သုံးပုဒ်အကြောင်း ချန်လှပ်ထားခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Inside Story of Myanmar Govt’s Info War on Rohingya ကို ဘာသာပြန်သည်။)

You may also like these stories:

Link : Here

Friday, March 17, 2023

ပြင်သစ်သံအမတ်ကြီး ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းသို့ သွားရောက်

DVB
16 March, 2023
Photo - UNHCR in Bangladesh

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို မတ် ၁၅ ရက်မှာ ပြင်သစ်သံအမတ်ကြီး မာရီမတ်စ်ဒူပေးနဲ့အဖွဲ့ သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတွေဆီက သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး ကုလစံနှုန်း နှစ်မျိုး ကျင့်သုံးနေလို့ စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၇ မတ်လ၂၀၂၃
ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲက စျေး ( မှတ်တမ်းဟောင်း )

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ကုလသမဂ္ဂအနေနဲ့ စံနှုန်း နှစ်ရပ် ကျင့်သုံးနေတယ်လို့ ပေါက်ကြားလာတဲ့ အစီရင်ခံစာတချို့ကို ကိုးကားပြီး ဗြိတိန်အခြေစိုက် မြန်မာအရေးဆောင်ရွက်တဲ့ အဖွဲ့တခုဖြစ်တဲ့ Myanmar Accountability Project (MAP) က မတ်လ ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာတွေကို ဗြိတိန်ထောက်ပံ့မှု ၈၂ ရာခိုင်နှုန်းလျှော့ချ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.16

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား၊ဘာလုခါလီဒုက္ခသည်စခန်းက၊ စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ရစဉ်။Reuters


ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ထောက်ပံ့ပေးနေတဲ့ နှစ်စဉ်ထောက်ပံ့ ကြေးကို ၈၂ ရာခိုင်နှုန်းဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပြန်ပြီးသုံးသပ်ဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign-UK) က တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာပြန်လက်ခံရေး ကြန့်ကြာနေမှု ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီအပြစ်ပုံချ

RFA
2023.03.17
ဘင်္ဂလားဒေ့ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တစ်ဦး  Photo: Reuter
 

ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးကိစ္စမှာ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် က ပျက်ကွက်နေတာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးနေပြီလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြောဆိုထားပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေး တာဝန်ရှိသူတစ်ဦးကတော့… မြန်မာနိုင်ငံဘက်က ထွက်ပြေးသွား တဲ့သူ ငါးသိန်းကျော်ပဲရှိတယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

Thursday, March 16, 2023

Myanmar, Bangladesh Readying Repatriation of More Than 1,000 Rohingya

THE I DIPLOMAT
Sebastian Strangio
March 16, 2023

Junta officials are visiting refugee camps in order to verify those who have been shortlisted for repatriation under a China-mediated pilot program. 

A delegation from military-ruled Myanmar has begun touring the refugee camps of southeastern Bangladesh to verify hundreds of potential candidates for a controversial pilot repatriation project. The delegation arrived yesterday in Teknaf, on the border with Myanmar, and will spend the week interviewing Rohingya refugees who have been shortlisted for the program.

According to a report by Reuters, which cited a Bangladeshi official responsible for administering the refugee camps in Cox’s Bazar, a total of 1,140 Rohingya are to be repatriated through the pilot project, of which 711 have had their cases cleared. The remaining 429 on the list were still being processed and their identities and places of origin verified.

The worsening situation in Myanmar means conditions for the voluntary, safe, dignified, and sustainable return of the Rohingya are not in place: UK Statement at the UN

GOV.UK
Foreign, Commonwealth & Development Office
and Fergus Eckersley, UK Political Coordinator at the UN
Published16 March 2023

Statement by Political Coordinator Fergus Eckersley at the UN General Assembly debate on Myanmar 

Thank you Mr. President, and the UN Special Envoy for the very sobering briefing.

Mr. President, it has now been over two years since the military’s coup. Since then, over 3,100 people have been killed by the military regime. Over 20,000 people have been arbitrarily detained and over 17 million are in need of humanitarian assistance.

Aid dwindles for Rohingya refugees as money goes to Ukraine, other crises

The Washington Post

By Rebecca Tan,Mohammad Faruque
March 15, 2023
Police guard the Kutupalong Rohingya refugee camp in Cox's Bazar, Bangladesh, on Feb. 12, 2023. (Turjoy Chowdhury for The Washington Post))

DHAKA, Bangladesh — The world’s largest refugee encampment, home at the moment to roughly 1 million Rohingya, is set to receive less than half the funding required to support it this year amid a drastic drop in donations, according to United Nations and Bangladeshi officials. International donors, including the United States, have redirected their money to Ukraine and other crises.

The exact shortfall has yet to be determined but has already led to reductions in food rations for the Rohingya refugees gathered on the southeastern coast of Bangladesh, most of whom fled a violent campaign of ethnic cleansing by the Myanmar military in 2017.

Myanmar team visits Cox’s Bazar for Rohingya repatriation project

Aljazeera
15 Mar 2023


Myanmar delegation is visiting camps this week to verify a few hundred potential returnees for the project.

Nearly a million Rohingya are living in camps in Bangladesh in the border district of Cox's Bazar, most having fled a military-led crackdown in Myanmar in 2017 [File: Ed Jones/AFP]

A delegation from Myanmar is visiting Rohingya refugee camps in Bangladesh this week to verify a few hundred potential returnees for a pilot repatriation project.

A Bangladeshi official said on Wednesday it was unclear when the mainly Muslim refugees would be going home.

Wednesday, March 15, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအတွက် အကူအညီ ဒေါ်လာ ၆ သန်းကျော် ဗြိတိန် ထောက်ပံ့

Mizzima
By Anadolu Agency
12 March 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအတွက် အကူအညီထောက်ပံ့မှုအဖြစ် စတာလင်ပေါင် ၅ ဒသမ ၂၆ သန်း (ဒေါ်လာ ၆ ဒသမ ၃၁ သန်း) ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်က မတ်လ ၁၀ ရက်တွင် ကြေ ညာသည်။

ဘင်္ဂလားဒေ့ရှ်ကို လာရောက်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်ဒိုပစိဖိတ်ဆိုင်ရာ အငယ်တန်းဝန်ကြီး အန်နီ မေရီ ထရီဗယ်လ်ယန်က ယခု အကူအညီသစ် ပေးအပ်မှုကိစ္စကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ချက်တစ်ရပ်အရ သိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */